အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
စီးပွားရေးပိတ်ဆို့တာ ရဲ့အပေါ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့အမြင်
သတင်း
Share |

စီးပွားရေးပိတ်ဆို့တာ ရဲ့အပေါ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့အမြင်

နော်အဲဏီ၊ ကောင်းဝါ
တပေါင်းလဆုတ် ၁၀ရက်။မတ်ခ်ျ ၂၉၊၂၀၁၁။

နော်အဲဏီ(မာတ်ခ်ျ-၂၉)။     ။ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ပြည်တွင်းနိုင်ငံရေးပါတီတွေက စီးပွားရေးပိတ်ဆို့မှုကို မလုပ်ဖို့ လွတ်တော် အတွင်းမှာ တောင်းဆိုခဲ့ကြပါတယ်။ သူတို့အနေနဲ့ကတော့ ပိတ်ဆို့မှုဟာ အပြောင်းအလဲအတွက် မထိရောက်ဘူး လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မှုမရှိတာကြောင့် ပိတ်ဆို့ မှု တွေ ဆက်ထားသင့်တယ်လို့ သုံးသပ်ထားပါတယ်။

အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့တာဟာ လောလောဆယ်မှာတော့ မထိရောက်ဘူးလို့ ကရင်အမျိုး သားအစည်းအရုံး တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောပါတယ်။

“လောလောဆယ်မှာကတော့ ဒီလိုပိတ်ဆို့မှုပုံစံမျိုးနဲ့ကတော့ မထိရောက်ပါဘူး။ ချိန်းခြောက်မှုတစ်ခုလောက် သတိပေးမှုတစ်ခုလောက်နဲ့ပဲ သွားတာပါပဲ။ တစ်ဘက်ကလည်း ဒီအပေါ်မှာကတော့ တကယ်တမ်း သူ့အပေါ်ထိ ပေမယ့်လည်း မထိချင်ယောင်ဆောင်ပြီးတော့ တစ်ဖက်ကနေလှည့်ပြီး ဒီ(sanction)တွေဖွင့်အောင် သူကလည်းနည်းအမျိုးမျိုးနဲ့ ဆက်ပြီးစည်းရုံးနေတာပါပဲ။ ဒီပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ရှိရင် ဒါက အဘက်ဘက်ကနေပြီးတော့ မျှော်လင့်တန်ဖိုးထားမှုတွေ မတူကြတဲ့အပေါ်မှာကတော့ ဒါဟာသဘောထား ကွဲလွဲတာပါပဲ။”

စီးပွားရေးပိတ်ဆို့မှုဟာ တဖြည်းဖြည်းချင်းနဲ့ မြန်မာအစိုးရကိုပြောင်းလဲလာအောင် လုပ်နိုင်ပေမယ့် စီးပွားရေးက နိုင်ငံရေးအပေါ်မှာ အများကြီးဖိနေတဲ့အတွက် အပြီးအပိုင်ပြောင်းလဲလာအောင်တော့ မလုပ်နိုင်ဘူးလို့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေ အတွင်းရေးမှူး နိုင်ဥသာက ဆိုပါတယ်။

“ဒီစစ်အစိုးရအတွက်က ဒီစီးပွားရေးပိတ်ဆို့မှုဟာ  လုပ်ရမှာပေါ့။ တကယ်လို့ဖွင့်ပေး လိုက်လို့ရှိရင်လည်း ပြည်သူအတွက်က အကျိုးမရှိပါဘူး၊ သူတို့ဆက်လက်ပြီးတော့ ဖိနှိပ်ဖို့၊ ချုပ်ချယ်ဖို့ သက်တမ်းရှည်သွားမယ်၊ ပိုပြီးတော့ အားကောင်းသွားမှာပေါ့၊ ကျနော့်အနေနဲ့ မှတ်ချက်ပေးမယ်ဆို ရင်တော့ ဒီအတိုင်းဘဲပိုနေမြဲ ကျားနေမြဲသာနေပါ၊ သူတို့လုပ်နိုင်ရင်လုပ်ပါစေ”

အနောက်နိုင်ငံတွေရဲ့မြန်မာစစ်အစိုးရအပေါ်စီးပွားရေးပိတ်ဆို့မှုဟာ နိုင်ငံရေးမျက်စိနဲ့ကြည့်ရင်တော့ 
နိုင်ငံရေးလက်နက်ဖြစ်တဲ့အတွက်မြန်မာပြည်အတွက် အကျိုးရှိတယ်လို့ ပအို့ဝ်အမျိုးသားလွတ်လပ်ရေးအဖွဲ့ချုပ်ဥက္ကဌဗိုလ်မှူးကြီးခွန်ဥက္ကာကပြောပါတယ်။

“ကျနော်တို့ဟာ စီးပွားရေးပိတ်ဆို့မှုကို စီးပွားရေးလို့ပဲ ကွက်ကွက်လေးမြင်လို့ရှိရင်တော့  စီးပွားရေး ကတော့ ဘာမှထိရောက်မှုမရှိဘူး၊ နအဖအနေနဲ့ ဒီသဘာဝဓါတ်ငွေ့တွေ ရေနံတွေ ရောင်းနေတာကလည်း စီးပွားရေးအရ သူ့ကိုယ်သူ ရပ်လို့ရတယ်။ သို့သော် စီးပွားရေးပိတ်ဆို့မှုကို နိုင်ငံရေးမျက်စိနဲ့ကြည့်ရင်တော့ ဒါနိုင်ငံရေး လက်နက်ဖြစ်တယ်။ နောက်ပြီးတော့ စီးပွားရေး ပိတ်ဆို့ခံရပြီးဆိုကတည်းကိုက သူ့ကို နိုင်ငံရေးအရ အသိအမှတ် မပြုဘူး၊ ထောက်ခံမှုမရှိဘူးဆိုတာ ပြသရာရောက်တယ်၊ ဒါကြောင့် စီးပွားရေးပိတ်ဆို့တာ ကိုပြောတာက နိုင်ငံရေးအရ အသိအမှတ်မပြုဘူးဆိုတဲ့ဟာရဲ့ နောက်ကွယ်က အဓိပ္ပာယ်ရှိတယ်လေ။ ဒါကြောင့် ကျနော်တို့ကတော့ နိုင်ငံရေးအရအသိအမှတ်မပြုဘူးဆိုတဲ့ဟာကို စီးပွားရေးပိတ်ဆို့တာနဲ့ ဒါ အစားထိုးပြီးတော့ သက်သေပြလို့ရတာပေါ့၊ ဒါကြောင့် စီးပွားရေးပိတ်ဆို့တာ ဆက်ပြီးတော့ ထားသင့်တယ်လို့ အဲဒီလို ကျနော် တို့မြင်တယ်”

ဒါ့အပြင် စီးပွားရေးပိတ်ဆို့မှုရုတ်သိမ်းမယ်ဆိုရင်လည်းပဲ စီးပွားရေးလုပ်ငန်းအားလုံးဟာ ဗိုလ်ချုပ်တွေနဲ့ သူ့ရဲ့အသိုင်းအ၀ိုင်းအားလုံးတွေဘဲ ကြိုးကိုင်ထားတာဖြစ်တဲ့အတွက် ရုတ်သိမ်း တာဖြစ်ဖြစ် မရုတ်သိမ်းတာဖြစ်ဖြစ် မြန်မာပြည်သူတွေအတွက် အကျိုးမရှိဘူးလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောပါတယ်။

“ဗမာပြည်မှာ စီးပွားရေးလုပ်မယ်ဆိုရင် ဗိုလ်ချုပ်တွေရဲ့ အသိုင်းအ၀ိုင်းကိုကျော်လို့မရဘူး။ ဥပမာ ‘တေဇ’ကုမ္မဏီတို့လို ‘ထူး’တို့လို ‘ဇော်ဇော်’တို့လို ဒီလုပ်ငန်းရှင် အကြီးကြီးဆိုလို့ လေးငါးဆယ်ယောက်ပဲရှိတာ။ အဲဒီလေးငါးဆယ်ယောက်ကလည်းပဲ အခုလက်ရှိစစ်အုပ်စုရဲ့ လူတွေပဲ ဖြစ်နေတော့ ဖွင့်လိုက်ရင်လည်းပဲ စီးပွားရေးကိုသူတို့လက်ထဲကို သွားအပ်လိုက်သလို မျိုးဖြစ်နေမှာပဲ ၊ သာမန်ပြည်သူလူထုကတော့ ဘာမှအကျိုး ရှိမှာမဟုတ်ဘူး။”

ဆက်ပြီးတော့ ဒီပိတ်ဆို့မှုကို ဆက်လက်ပိတ်ဆို့ထားဖို့ ပြီးတော့ ဘဏ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ပိတ်ဆို့ ထားဖို့နဲ့ တချိန်တည်းမှာပဲ စီးပွားရေးပိတ်ဆို့မှုကို ပိုမိုကျယ်ပြန့်လာအောင် အထူးသဖြင့် ကုလသမဂ္ဂအဆင့်က နေပြီးတော့ ပိတ်ဆို့တဲ့အဆင့်ရောက်အောင် (International sanctions)ဖြစ်အောင်လုပ်နိုင်ရင်တော့ နအဖက ဒီမိုကရေစီ လမ်းကြောင်းကို တက်လာဖို့ရှိတယ်လို့ သူကဆိုပါတယ်။

“အပြည်ပြည်ဆိုင်ရာအဆင့် မပိတ်ဆို့နိုင်ဘူး ၊အနောက်နိုင်ငံဘက် တခြမ်းဘက်ပဲ ပိတ်ဆို့ နေရင်တော့ နအဖကတော့ သူလုပ်ချင်တာဆက်လုပ်မှာပဲ ၊ ဒါကြောင့် နအဖရဲ့အကြမ်းဖက်မှုကို ရပ်ဖို့က စီးပွားရေး ပိတ်ဆို့မှုကလည်းပဲ လက်နက်တစ်ခုဖြစ်တယ်ဆိုတာ ကျနော်တို့တင်ပြ ချင်တယ်။”


သတင်း မာတ်ခ်ျ-၂၀၁၁
သတင်း မာတ်ခ်ျ-၂၀၁၁


နအဖ စစ်အစိုးရစွပ်စွဲမှုအပေါ် ကေအာန်ယူမှတုန့် ပြန်

မွန်ပါတီမှ ၀န်ကြီးဌာနသုံးနေရရသော်လည်း လုပ်ပိုင်ခွင့်အားရစရာမရှိဟုဆို

မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးနှင့် ဝန်ကြီးဌာနများအတည်ပြုပြီ

မွန်ပြည်နယ်အစိုးရသစ် ကျမ်းကျိန်ကတိသစ္စာပြု

စီးပွားရေးပိတ်ဆို့တာ ရဲ့အပေါ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့အမြင်

ရှမ်းပြည်တိုးတက်ရေးပါတီအပေါ် ထိုးစစ်ဆင်မှု ရပ်တန့်ရန်(UNFC) မှ ကျေညာချက်ထုတ်ပြန်

ရှမ်းပြည်တပ်မတော်ကို စစ်အစိုးရမှထိုးစစ်ဆင်တိုက်ခိုက်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views