အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဇန္နာဝါရီလ(၄)ရက်နေ့ကို ရာမညအလုပ်သမားသမဂ္ဂနေ့သတ်မှတ်ပြီး
သတင်း
Share |

ဇန္နာဝါရီလ(၄)ရက်နေ့ကို ရာမညအလုပ်သမားသမဂ္ဂနေ့သတ်မှတ်ပြီး

ကိုသိုက်၊ ကောင်းဝါ
နတ်တော်လဆုတ် ၁၄ရက်။ဇန်နဝါရီ ၄၊၂၀၁၁။

ကိုသိုက်(ဇန်နဝါရီ-၄)။    ။ထိုင်းနိုင်ငံဒေသအသီးသီးမှ မွန်ရွှေ့ပြောင်းအလုပ်သမားကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်အရ  ရာမညအလုပ်သမားသမဂ္ဂနေ့အဖြစ် ဇန္နာဝါရီလ(၄)ရက်နေ့ကိုသတ်မှတ်ပြီး စံခလပူရီမြို့တွင် အခန်းအနားတစ်ခု ကျင်းပခဲ့သည်။

ထူးထူးခြားခြား လွတ်လပ်ရေးနေ့ကိုမှ ရာမညအလုပ်သမားသမဂ္ဂနေ့ ရွှေးချယ် သတ်မှတ်ရသည့် အပေါ် ရာမညအလုပ်သမားသမဂ္ဂ၏ဒါရိုက်တာဖြစ်သူ နိုင်ကောင်းတလရွတ်မှ ယခုလို ရှင်းပြပါသည်။

“ဇန္နာဝါရီလ(၄)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ဖြစ်တယ်။ အဲဒီလွတ်လပ်ရေးနေ့မှာ ကျွန်တော် တို့တိုင်းနိုင်ငံ ကျွန်တော်တို့တိုင်းရင်းသားတွေဟာ လွတ်လပ်ခွင့်မရှိသေးဘူး။ အဲဒီရှိလာအောင် သဘောမျိုးနဲ့ အဲဒီ အထိမ်းအမှတ်ကိုလဲယူတဲ့သဘောမျိုးလည်းဖြစ်တယ်။ နောက်အလုပ်သမားတွေရဲ့ဘ၀လွတ်မြောက်ရေးဆိုတာ အဲဒီဗမာပြည်လွတ်လပ်ရေးနဲ့ထပ်တူထပ်မျှဖြစ်အောင် ဒါကျွန်တော်တို့ကြိုးပမ်းတဲ့ အနေနဲ့ ဇန္နာဝါရီလ(၄)ရက်နေ့ကို အသိမှတ်ပြုရခြင်းဖြစ်ပါတယ်။”

တိုင်းတပါးနိုင်ငံတွင်အလုပ်ဝင်လုပ်နေသည့် မွန်ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ၄င်းတို့၏ရပိုင်ခွင့် အခွင့်အရေးအတွက်၎င်း၊ အလုပ်သမားများ၏ခလေးများပညာရေး ကျန်းမာရေးစံနစ်အတွက်၎င်း အလုပ်သမား များ၏ ရသင့်ရထိုက်သောအခွင့်အရေးပိုပြီးနားလည်လာအောင်ကြိုးပမ်းသွားမည်ဖြစ်ပြီး  အလုပ်သမားများ၏ လုပ်ငန်းခွင်တွင်တွေ့ကြုံလာသည့် အတွေ့အကြုံပေါ်တွင်အခြေခံကာ နောင်တချိန်တိုင်းနိုင်ငံတည် ဆောက်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်ထားသည်ဟု ရာမညအလုပ်သမား သမဂ္ဂ၏ဒါရိုက်တာဖြစ်သူ နိုင်ကောင်းတလရွတ်မှပြောပါသည်။

ရာမည အလုပ်သမားသမဂ္ဂသည် ထိုင်းနိုင်ငံဒေသအသီးသီးဖြစ်သည့် မဲဆောက်ဒေသ ကိုးရတ်ဒေသ ဗန်ကောက် မဟာချိုင် ကျန်ပူရီ တာရပ် ရနောင်း ဖူးကက် ဖန်းငါး ပချွပ်ကရီကန် ချွန်ပူရီ စူရပ် ဟတ်ယိုင်ဒေသမှ အလုပ်သမားအဖွဲ့များနှင့်ဖွဲ့စည်းထားသည်ဟု နိုင်ကောင်းတလရွတ်မှပြောပါသည်။

ရာမညအလုပ်သမား သမဂ္ဂအဖွဲ့အနေနှင့် မွန်ဒေသကိုအခြေခံပြီး အောက်မြန်မာပြည်ဒေသမှ အလုပ်သမားအရေးတွေကိုလည်း လုပ်ဆောင်သွားမည်ဟုဆိုပါသည်။

(၂၀၁၀)နှစ်ကုန်ပိုင်း ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ထိုင်းနိုင်ငံဒေသအသီးသီးမှ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များ ပြည်တွင်းမှကိုယ်စားလှယ်များ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ် (၆၀)ကျော်နှင့် စံခလပူရီမြို့တွင် မွန်အမျိုးသားညီညွတ်ရေးအဖွဲ့ချုပ်၏ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ဇန္နာဝါရီလ(၄)ရက်နေ့ကို ရာမညအလုပ်သမားသမဂ္ဂနေ့အဖြစ်သတ်မှတ်ခဲ့ပါသည်။


သတင်း ဇန်နဝါရီ-၂၀၁၁
သတင်း ဇန်နဝါရီ-၂၀၁၁


စတင်ပေါ်ပေါက်လာသောမွန်ပြည်နယ်လွှတ်တော်၌ ပြည်ခိုင်ဖြိုးသာကြီးစိုးနေပေမည်။

ကရင်ပြည်နယ်တွင် ဖရဲသီးစိုက်ပျိုးသူများလာ

ဘုရားသုံးဆူဒေသတွင် နေ၀င်မီးငြိမ်းအမိန့်ထုတ်ပြန်

ကရင်နီအမျိုးသား ခေါင်းဆောင်ကြီးတစ်ဦး ကွယ်လွန်

ကျိုက်မရောရဲမှလောင်းကစားဝိုင်းဖမ်းဆီးသော်လည်း အခြားနေရာတွင်ဖွင့်နေမြဲ

မွန်ပြည်နယ်တွင် တိုင်းရင်းသား FM ရေဒီယိုမှ ရွှေ FM ရေဒီယိုအပေါ်လွှမ်းမိုးလာ

ကုန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် နယ်စပ်နေပြည်သူများအခက်အခဲတွေ့

မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့ ဘုရားသုံးဆူဒေသတွင်တိုက်ပွဲဖြစ်ပွါး

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တိုင်းရင်းသားများစိုးရိမ်ပူပန်နေ

မွန်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ကျောက်တစ်လုံးဘုရားပွဲတော်ကျင်းပမည်

စစ်တပ်ရိက္ခာသယ်ဆောင်ရန် စစ်အာဏာပိုင်များမှကားချောဆွဲ

အကျဉ်းသားပေါ်တာများ ဒီကေဘီအေတပ်ဖွဲ့သို့ ထွက်ပြေးရောက်ရှိလာ

ဘုရားသုံးဆူဒေသတွင် ကားတိမ်းမှောက်၊လူတစ်ဦးသေဆုံး နှစ်ယောက်ဒဏ်ရာအပြင်းအထန်ရ

လွှတ်တော်အသစ်အတွင်းပြန်လည်တွေ့ဆုံဖို့ ညှိနှိုင်းပြီးကျေကျေနပ်နပ်နှင့်စခန်းသွားရန် မွန်ပါတီဥက္ကဌမှပြော

လောင်စာဆီဈေးနှုန်းမြင့်လာမှုကြောင့် ပြည်သူများအခက်ကြုံလာ

မွန်ပြည်သစ်ပါတီမှငွေအတုနှင့် ရော်ဘာဝယ်သူအစိုးရအရာရှိတစ်ဦး ဖမ်းဆီးရမိ

လောင်းကစားဝိုင်းကြောင့် ဒေသခံများစိတ်ပျက်နေ

သုံးဆူဒေသ ကေအာန်ယူနှင့်စစ်အစိုးရတို့တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရမှုတွင် ခလေးငယ်များပါဝင်

ဒုတိယပင်လုံညီလာခံကို ကြိုဆိုသွားမည်ဟု (CEFU) မှပြောဆို

ရွာသားတစ်ဦးအားစိတ်ကြွဆေးထောင်ဖမ်းပြီးဒါဏ်ရိုက်

စစ်အစိုးရတပ်နှင့် ဒီကေဘီအေတို့ ဆက်လက်တိုက်ပွဲဖြစ်ပွါးနေဆဲ

ထိုင်းနိုင်ငံနိုင်ငံကူးလက်မှတ်လုပ်ဆောင်ရန် မြန်မာအလုပ်သမားများအခက်ခဲကြုံ

ရော်ဘာခြစ်အလုပ်သမားများအတွက်အခက်အခဲဖြစ်နေ

ကျိုက်မရောနယ်တွင် လောင်းကစားဝိုင်းများကြီးထွားလာ

မွန်ပြည်နယ်အတွင်း မိုးရွာခြင်းကြောင့်ဆားလုပ်ငန်းရှင်များအရှူံးပေါ်

ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများ အလုပ်သမားကာဒ်ပြုလုပ်ရန်ငွေကောက်ခံရ

ဖလူးဒေသတိုက်ပွဲအတွင်း နအဖနှင့် ဒီကေဘီအေ နှစ်ဘက်စလုံး အထိအခိုက်ရ

ဗိုလ်မှူးဂျလွမ်းထော ဦးစီးတပ်ဖွဲ့မွန်ပြည်သစ်ပါတီထံပြန်လည်ဝင်ရောက်လာ

အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် စိုက်ပျိုးသူများထိခိုက်နစ်နာ

ဒီကေဘီအေ အပြင်းအထန်ထိုးစစ်ဆင်ခံရ

အကျဉ်းသားများကို ရှေ့တန်းစစ်မျက်နှာတွင် ပေါ်တာအဖြစ်ခေါ်ဆောင်

စစ်တပ်အရာရှိတို့ အကြွေးတင်၍မြေရောင်းစား

ဇန္နာဝါရီလ(၄)ရက်နေ့ကို ရာမညအလုပ်သမားသမဂ္ဂနေ့သတ်မှတ်ပြီး

မွန်လက်နက်ချအဖွဲ့ လောင်းကစားဝိုင်းတရားဝင်ဖွှင့်ခွင့်ရရှိ

ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီHRP အာဏာသိမ်းမှုဖြစ်ပေါ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views