အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်ပြည်နယ်တွင် တိုင်းရင်းသား FM ရေဒီယိုမှ ရွှေ FM ရေဒီယိုအပေါ်လွှမ်းမိုးလာ
သတင်း
Share |

မွန်ပြည်နယ်တွင် တိုင်းရင်းသား FM ရေဒီယိုမှ ရွှေ FM ရေဒီယိုအပေါ်လွှမ်းမိုးလာ

စိုးစိုး၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆုတ် ၉ရက်။ဇန်နဝါရီ ၂၈၊၂၀၁၁။

စိုးစိုး(ဇန်နဝါရီ-၂၈)။     ။ FTUB ရေဒီယိုအစီအစဉ်တွင် ထုတ်လွှင့်နေသော တိုင်းရင်းသား FM အသံလှိုင်းသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသာင်္ရီ ဒေသများတွင် မြန်မာနိုင်ငံအတွင်းကထုတ်လွှင့်တင်ဆက်နေသော ရွှေFMရေဒီယို အသံလှိုင်းအပေါ် အသံလှိုင်းလွှမ်းမိုးမှုရှိလာပြီးဟု ရေဒီယိုနားထောင် သူပရိတ်သတ်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

အသံလွင့်စခမ်းတွင် စက်တပ်ဆင်နေပုံ

တိုင်းရင်းသား အသံလှိုင်းသည် ယခင်ကာလများတွင် 88MHz နှင့် 99MHz ဖြင့်ထုတ်လွှင့် နေသော်လည်း ရွှေ FMကိုမလွှမ်းနိုင်ပဲ  အသံလွှင့်ဌာန၏ အနီးပတ်ဝန်းကျင်တွင်သာဖမ်းယူနားဆင် နိုင်ခဲ့ပြီး ပြန်လည်မွန်းမံ အသစ်ပြင်ဆင်ပြီးမှ ရွှေFM အသံလှိုင်းကို လွှမ်းမိုးသွားနိုင်ခြင်းဖြစ်ကြောင်း ယ္ခုအခါတွင် နေရာအတော် အများများတွင် နားဆင်နိုင်ပြီးဖြစ်ကြောင်း ဌာနရှိတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

“ အရင်က ရွှေ FM ကို ပရိတ်သတ်တွေက ကျွန်တော်တို့ထုတ်လွှင့်နေတဲ့ တိုင်းရင်းသား FM ထင်နေတယ်၊ သူတို့နားထောင်ရင်းနဲ့မွန်နဲ့ကရင်လဲမလာဘူး၊ဗမာကြီးပဲလာနေတော့ ကျွန်တော့်ကို မေးလာတယ်၊ ကျွန်တော်က အသံလွှင့်တဲ့အချိန်ကိုပြောပြလိုက်တယ်၊ သူတို့မဟုတ်ဘူးတဲ့ ဗမာလို ပြောနေတာ တနေကုန်ပဲတဲ့၊ အဲဒါမှ ကျွန်တော်တို့သိတယ်၊ ကိုယ့်ရဲ့အသံလှိုင်းက မရနေဘူးဆိုတာ၊ အခုလဲအဲဒီလိုပဲ အသံဖမ်းလို့ရသွားတဲ့အကြောင်း သူတို့က ဖုန်းဆက် ပြောလာကြရင်းနဲ့သိရတာ” ဟု တိုင်းရင်းသားအသံလွှင့်ဌာနက  တာဝန်ခံတစ်ဦးဖြစ်သူ ပဒိုထဲနေကပြောပါသည်။

တိုင်းရင်းသား အသံလှိုင်းများကို  မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီဒေသတို့တွင် 88 MHz နှင့် 99 MHz ဖြင့်ဖမ်းယူနိုင်ဆင်ပြီး မွန်ဘာသာဖြင့် မြန်မာစံတော်ချိန် နံက် ၈း၀၀ မှ ၈း၃၀၊ ညနေ ၄း၀၀နာရီ မှ ၄း၃၀ တွင်၎င်း၊ ကရင်ဘာသာဖြင့် နံက် ၈း၃၀ မှ ၉း၀၀၊ ညနေ ၄း၀၀မှ ၄း၃၀ တွင်၎င်း၊ ဗမာဘာသာဖြင့် နံနက် ၁၀း၀၀ မှ ၁၀း၃၀၊ ညနေ ၆း၀၀ မှ ၆း၃၀ တွင်၎င်း ဖမ်းယူနားဆင် နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

စတူဒီယီုတွင်အသံသွင်းနေပုံ

အယင်းတိုင်းရင်းသား FM ကို ယ္ခုလက်ရှိတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် သမိုင်း ကုန်းကျေးရွာ၊ ထိုင်းမြန်မာနယ်စပ်ဖြစ်သော ကရင်ပြည်နယ် နေရာအနှံ့အပြားတွင်၎င်း မွန်ပြည်နယ် ရေးမြို့နယ်နှင့် လမိုင်းမြို့နယ် ခွဲ၎င်း၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ နက်ရေချောင်းအထိ၎င်းရန်ကုန်တိုင်း သင်္ကန်းကျွန်းလှည်းတန်းတို့တွင် ဖမ်းယူနား ဆင်နိုင်ပြီးဖြစ်ကြောင်း ပရိတ်သတ်များ၏  ပြန်လည်ပြောကြားချက်အရ သိရှိရပါသည်။

တိုင်းရင်းသားဘာသာဖြင့် ထုတ်လွှင့်ခြင်းသည် ပရိတ်သတ်များကို နားလည်စေပြီး တိုင်းရင်းသားတွေ အတွက် အကျိုးဖြစ်စေသောစိုတ်ပျိုးရေး၊ ကျန်းမာရေး၊အမျိုးသမီးများအတွက် သိကောင်းစရာများနှင့် တိုင်းရင်း သားတို့ ရှေးရိုးရာအမွေအနှစ်အကြောင်းကို ထုတ်လွှင့်နေသည့်အတွက် ပရိတ်သတ်များက ပိုပြီးကြိုက်နှစ် သက်ကြောင်း ဤကဲ့သို့ပြောပြပါသည်။

“ကျွန်တော်တို့ကဘီဘီစီ သတင်းဌာနက ထုတ်လွှင့်တဲ့ သတင်းတွေကို ဘာသာပြန်ပေးပြီး ထုတ်လွှင့်တယ်၊ အဲဒီအတွက် ဗမာစကားမတတ်တဲ့ကရင်လူမျိုးတွေအတွက်နားလည်သွားတာပေါ့ နောက်တော့ မွန်ရေဒီယိုဆိုလဲ မရှိဘူး၊ ကရင်ဆိုလဲဒီလိုမျိုးပဲ၊ အဲဒီအတွက်သူတို့အတွက်အကျိုးဖြစ်စေတဲ့ ဗဟုသုတကြွယ်ဝ စေတဲ့ကဏ္ဍလေး ရယ်၊  တိုင်းရင်းသားသီးချင်းဖြင့်ရယ်၊ ထုတ်လွှင့်ပေးနေတာပါ၊ သူတို့ကလဲနာရီဝက်ပဲနားထောင်ရတာ အားမရဘူး တဲ့၊ ၁နာရီလောက် ထုတ်လွှင့်စေချင်တာ” ဟု ဆိုပါသည်။


သတင်း ဇန်နဝါရီ-၂၀၁၁
သတင်း ဇန်နဝါရီ-၂၀၁၁


စတင်ပေါ်ပေါက်လာသောမွန်ပြည်နယ်လွှတ်တော်၌ ပြည်ခိုင်ဖြိုးသာကြီးစိုးနေပေမည်။

ကရင်ပြည်နယ်တွင် ဖရဲသီးစိုက်ပျိုးသူများလာ

ဘုရားသုံးဆူဒေသတွင် နေ၀င်မီးငြိမ်းအမိန့်ထုတ်ပြန်

ကရင်နီအမျိုးသား ခေါင်းဆောင်ကြီးတစ်ဦး ကွယ်လွန်

ကျိုက်မရောရဲမှလောင်းကစားဝိုင်းဖမ်းဆီးသော်လည်း အခြားနေရာတွင်ဖွင့်နေမြဲ

မွန်ပြည်နယ်တွင် တိုင်းရင်းသား FM ရေဒီယိုမှ ရွှေ FM ရေဒီယိုအပေါ်လွှမ်းမိုးလာ

ကုန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် နယ်စပ်နေပြည်သူများအခက်အခဲတွေ့

မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့ ဘုရားသုံးဆူဒေသတွင်တိုက်ပွဲဖြစ်ပွါး

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တိုင်းရင်းသားများစိုးရိမ်ပူပန်နေ

မွန်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ကျောက်တစ်လုံးဘုရားပွဲတော်ကျင်းပမည်

စစ်တပ်ရိက္ခာသယ်ဆောင်ရန် စစ်အာဏာပိုင်များမှကားချောဆွဲ

အကျဉ်းသားပေါ်တာများ ဒီကေဘီအေတပ်ဖွဲ့သို့ ထွက်ပြေးရောက်ရှိလာ

ဘုရားသုံးဆူဒေသတွင် ကားတိမ်းမှောက်၊လူတစ်ဦးသေဆုံး နှစ်ယောက်ဒဏ်ရာအပြင်းအထန်ရ

လွှတ်တော်အသစ်အတွင်းပြန်လည်တွေ့ဆုံဖို့ ညှိနှိုင်းပြီးကျေကျေနပ်နပ်နှင့်စခန်းသွားရန် မွန်ပါတီဥက္ကဌမှပြော

လောင်စာဆီဈေးနှုန်းမြင့်လာမှုကြောင့် ပြည်သူများအခက်ကြုံလာ

မွန်ပြည်သစ်ပါတီမှငွေအတုနှင့် ရော်ဘာဝယ်သူအစိုးရအရာရှိတစ်ဦး ဖမ်းဆီးရမိ

လောင်းကစားဝိုင်းကြောင့် ဒေသခံများစိတ်ပျက်နေ

သုံးဆူဒေသ ကေအာန်ယူနှင့်စစ်အစိုးရတို့တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရမှုတွင် ခလေးငယ်များပါဝင်

ဒုတိယပင်လုံညီလာခံကို ကြိုဆိုသွားမည်ဟု (CEFU) မှပြောဆို

ရွာသားတစ်ဦးအားစိတ်ကြွဆေးထောင်ဖမ်းပြီးဒါဏ်ရိုက်

စစ်အစိုးရတပ်နှင့် ဒီကေဘီအေတို့ ဆက်လက်တိုက်ပွဲဖြစ်ပွါးနေဆဲ

ထိုင်းနိုင်ငံနိုင်ငံကူးလက်မှတ်လုပ်ဆောင်ရန် မြန်မာအလုပ်သမားများအခက်ခဲကြုံ

ရော်ဘာခြစ်အလုပ်သမားများအတွက်အခက်အခဲဖြစ်နေ

ကျိုက်မရောနယ်တွင် လောင်းကစားဝိုင်းများကြီးထွားလာ

မွန်ပြည်နယ်အတွင်း မိုးရွာခြင်းကြောင့်ဆားလုပ်ငန်းရှင်များအရှူံးပေါ်

ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများ အလုပ်သမားကာဒ်ပြုလုပ်ရန်ငွေကောက်ခံရ

ဖလူးဒေသတိုက်ပွဲအတွင်း နအဖနှင့် ဒီကေဘီအေ နှစ်ဘက်စလုံး အထိအခိုက်ရ

ဗိုလ်မှူးဂျလွမ်းထော ဦးစီးတပ်ဖွဲ့မွန်ပြည်သစ်ပါတီထံပြန်လည်ဝင်ရောက်လာ

အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် စိုက်ပျိုးသူများထိခိုက်နစ်နာ

ဒီကေဘီအေ အပြင်းအထန်ထိုးစစ်ဆင်ခံရ

အကျဉ်းသားများကို ရှေ့တန်းစစ်မျက်နှာတွင် ပေါ်တာအဖြစ်ခေါ်ဆောင်

စစ်တပ်အရာရှိတို့ အကြွေးတင်၍မြေရောင်းစား

ဇန္နာဝါရီလ(၄)ရက်နေ့ကို ရာမညအလုပ်သမားသမဂ္ဂနေ့သတ်မှတ်ပြီး

မွန်လက်နက်ချအဖွဲ့ လောင်းကစားဝိုင်းတရားဝင်ဖွှင့်ခွင့်ရရှိ

ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီHRP အာဏာသိမ်းမှုဖြစ်ပေါ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views