အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဒီကေဘီအေ နည်းဗျူဟာပြောင်းပြီး နအဖကို တိုက်ခိုက်မည်ဟုဆို
သတင်း
Share |

ဒီကေဘီအေ နည်းဗျူဟာပြောင်းပြီး နအဖကို တိုက်ခိုက်မည်ဟုဆို

နော်အဲဏီ၊ ကောင်းဝါသတင်းဌာန
တပို့တွဲလဆန်း ၁ရက်။ဖေဖေါ်ဝါရီ ၄၊၂၀၁၁။

နော်အဲဏီ(ဖေဖေါ်ဝါရီ-၄)။ ။ မြန်မာစစ်အစိုးနှင့် ဒီကေဘီအေတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေသည်မှာ (၃)လကျော်ကြာခဲ့ပြီးဖြစ်သည့် အတွက်  ဒီကေဘီအေဘက်က  ရေရှည်ရပ်တည်နိုင်ရန် စစ်အစိုးရတပ်ကို ရေရှည်တိုက်ခိုက်နိုင်ရန်အတွက် နည်း ဗျူဟာသစ်ကိုပြောင်းရမည်ဟု ဒီကေဘီအေ စစ်ဆင်ရေးမှူး ဗိုလ်ဆန်းအောင်က ပြောပါသည်။

ဗိုလ်မှုးကြီး စောဆန်းအောင်

“ကျနော်တို့က ရန်သူကို စောင့်ပြီးပစ်နေတယ်၊ သုံး၊ လေး၊ ငါးရက်စောင့်နေတယ် ၊စောင့်ပြီးတော့ သူတို့က လူမလာခင် လက်နက်ကြီးနဲ့ပစ်တယ်၊ (၁၂၀) နဲ့ ပစ်တဲ့အခါကျတော့ ကျနော်တို့အတွက်က အားနည်းချက်ဖြစ်တယ်၊ သူများပဲ ကိုယ့်ကိုပစ်တယ် ၊ ကိုယ်ကပြန်ပစ်လို့မရတဲ့အခါကျတော့ သူ့ရဲ့လက်နက်ကြီး ပစ်ကွင်းထဲ မဖြစ်နိုင်အောင် တခြားနည်းဗျူဟာနဲ့ ပြန်တိုက်တယ်လေ၊ ဒီအတိုင်းနေမယ်ဆိုရင် သူ့ရဲ့လက်နက်ကြီးဒါဏ်ကို ကျနော်တို့ခံရ တယ်လေ၊ နည်းဗျူဟာပြောင်းတယ်ဆိုတာ ဒီလမ်းမပေါ်မှာ လူအင်အားနဲ့တိုက်မယ့်အစား ကျနော်တို့ လူစုခွဲပြီး တိုက်မယ်၊  အရင်ကကျနော်တို့တိုက်ခဲ့တာ ပြောက်ကျားကြီးပေါ့၊ အခုပြောက်ကျားလေးနဲ့ ပြန်တိုက်မယ်နော်၊ လူစုခွဲပြီး ပြောက်ကျားလေး တိုက်မယ်ပေါ့”

ရှေ့ဟောင်းနည်းအတိုင်း ဆက်ပြီးတိုက်ခိုက်နေမည်ဆိုလျှင် ဒီကေဘီအေတွေဘက်မှ ရေရှည်တွင် ထိခိုက်နိုင်မည်ဟုလည်းပြောသည်။

ဒီအေဘီအေဘက်တွင် စစ်အစိုးရတပ်ကသုံးသော လက်နက်အမျိုးအစားများမရှိတာကတစ်ကြောင်း၊ ပေါ်တာ အထမ်းသမားများမရှိတာကတစ်ဖုံ၊ ဒီကေဘီအေရှိသောနေရာကို နအဖတပ်များသိရှိပါက လက်နက်ကြီး များဖြင့် မရပ်မနားဖြစ်ခတ်မှုများကြောင့်လည်း ဒီအေဘီအေဘက်ကအားသာချက်ရအောင် အခြားနည်းဗျူဟာသုံးရခြင်း ဖြစ်ကြောင်း ဗိုလ်ဆန်းအောင်က ပြောပါသည်။

၎င်းကဆက်ပြီးတော့ ထိုင်းဘက်ခြမ်းကလည်း အကူအညီမပေးတဲ့အပြင်  ထိုင်းနိုင်ငံအတွင်းသို့ ဖြတ်သန်း သွားလာခွင့်ပင်မပေးဟုဆိုသည်။

“လက်ရှိက သူက နအဖ လက်ကိုင်တုတ်ဖြစ်နေတဲ့ဘ၀မှာ ကျနော်တို့ကို အားပေးဖို့မပြောနဲ့၊ ဖြစ်နိုင်ရင် ကျနော်တို့ တော်လှန်ရေးကို ပပျောက်အောင် သူတို့လုပ်ရင်လုပ်အုံးမှာ” ဟု ဗိုလ်ဆန်းအောင်က ဆက်ပြော ပါသည်။

ဗိုလ်မှူးချုပ်စောလားပွယ်ဦးစီးသော ဒီကေဘီအေတပ်ဖွဲ့သည် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်မခံသည့်အပြင် (၂၀၁၀)ခုနှစ်နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်သည့်အနေနှင့် မြ၀တီမြို့ကိုစီးနင်းသိမ်းပိုက်ခဲ့သည်။ မြန်မာစစ်အစိုးရတပ်ဖွဲ့များနှင့် ယနေ့တိုင် တိုက်ခိုက်နေသည့်ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။


သတင်း ဖေဖေါ်ဝါရီ-၂၀၁၁
သတင်း ဖေဖေါ်ဝါရီ-၂၀၁၁


မြန်မာစစ်တပ်မှရွာသားတစ်ယောက်ကို ရိုက်နှက်ပြီးပစ်ထား

ဘုရားသုံးဆူနယ်စပ်မှအပြန်ဗျူဟာမှူးနှုတ်ဆက်သည့် ဇာတ်ပွဲဘန်းပြလောင်းကစားဝိုင်းစည်ကား

ယခုနှစ်ကွမ်းသီးထွက်ရာသီတွင် ကွမ်းသီးဈေးနှုန်းမြင့်တက်လာ

ကရင်ကျေးရွာအိမ်(၉)လုံးကို မြန်မာစစ်တပ်မှမီးတင်ရှို့

စစ်အစိုးရတပ်မှ တပ်သားတစ်ဦး ကေအဲန်ယူထံလက်နက်ချ

ဘီးလင်းမြို့နယ်အတွင်းစစ်အစိုးရတပ်နှင့် ကေအန်ယူတို့ပစ်ခတ်မှုဖြစ်ပွား

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်ထာဝရကွယ်လွန်

နယ်ခြားစောင့်တပ်ရင်းဆယ်ရင်းအတွက် စစ်အစိုးရမှတပ်ရင်းဆောက်လုပ်ပေးနေ

မွန်အမျိုးသားနေ့တွင်မွန်နိုင်ငံရေးပါတီများနည်းတူ ပြည်တွင်းပြည်ပနေရာအနှံ့တွင်ထူးခြားစွာကျင်းပခဲ့

ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူအလုပ်သမားများ သွားလာရေးအခက်ခဲတွေ့နေ

ပေါ်တာအထမ်းသမားများ အလောင်းကို တွေ့ရှိ

၆၄ ကြိမ်မြောက်မွန်အမျိုးသားနေ့အား လှိုက်လှဲစွာကြိုဆို

မွန်အမတ်နှစ်ဦးဝန်ကြီးအဖြစ်ခန့်အပ်ရန် မွန်ပြည်နယ်လွှတ်တော်မှသဘောတူဆုံးဖြတ်

မြို့နယ်ရွေးကောက်ပွဲကော်မစ်ရှင်ဥက္ကဌမှ ကတ္တရာလမ်းခင်းရန် ငွေကောက်ခံ အဓမ္မလုပ်အားပေးစေခိုင်း

မွန်ခေါင်းဆောင်များ ၆၄ ကြိမ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ညစာစားပွဲတက်ရောက်

ဘုရားသုံးဆူ-သံဖြူဇရပ်မော်တော်ကား ပြေးဆွဲခွင့်မပြုသေးကြောင်း ကေအဲန်ယူအရာရှိတစ်ဦးပြော

မြို့နယ်ရွေးကောက်ပွဲကော်မစ်ရှင်ဥက္ကဌမှ ကတ္တရာလမ်းခင်းရန် ကျေးရွာတွင်ငွေကောက်ခံ

မြ၀တီဗုံးပေါက်ကွဲမှုကြောင့် နယ်စပ်ချစ်ကြည်ရေးတံတား ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထား

သောင်းကျန်းသူအသုံးအနှုန်းသတင်းစာဖေါ်ပြချက်မှာ အံ့သြစရာမဟုတ်ဟုမွန်ပြည်သစ်ပါတီမှပြော

စစ်အစိုးရ ရိက္ခာတင်ကား (၄) စီးဘုရားသုံးဆူဒေသသို့ ရောက်လာ

သောင်းကျန်းသူအဖွဲ့ဟု မွန်ပြည်သစ်ပါတီအားပြန်လည်ခေါ်ဝေါ်

ဒီကေဘီအေ နည်းဗျူဟာပြောင်းပြီး နအဖကို တိုက်ခိုက်မည်ဟုဆို

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views