အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ညီလာခံ မကျင်းပမီ ငြိမ်းချမ်းရေးကိစ္စကို မွန်ပြည်သစ် ဆွေးနွေးမည်
သတင်း
Share |

အစိုးရ၏ ငြိမ်းချမ်းရေးကိစ္စ မွန်ပြည်သစ်ကို သတိကြီးစေလို

အဇံ
ပြာသိုလဆန်း ၄ရက်၊ ဒီဇင်ဘာ ၂၈၊ ၂၀၁၁။

အစိုးရ၏ အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်ရေး ဖော်ဆောင်ရာတွင် လက်ရှိ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၏ ပြောဆိုမှုသည် ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်၏ ပြောဆိုမှုနှင့် ခြားနားမှု မရှိကြောင်း မွန်နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

မွန်အမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ ဥက္ကဌ ဖြစ်သူ နိုင်စွန်းထွန်က “အရင်တုန်းကဆို ဦးခင်ညွန့် က မွန်တို့ရဲ့ လိုအပ်ချက်တွေ အမျိုးသားညီလာခံမှာ တင်ပြပါလို့ ပြောတယ်။ အခု ဦးအောင်မင်းကလည်း မွန်တို့ရဲ့ လိုအပ်ချက်တွေ ပါလီမာန်မှာ တင်ပြလို့ ရတယ်လို့ ပြောပြန်တယ်” ဟု ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တော်များ ဖြစ်ကြသည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့် (ဝဲ) နှင့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း (ယာ)

ယခင်က အမျိုးသား ညီလာခံတွင် မွန်ပြည်သစ်ပါတီ၏ တင်ပြချက်များ ပယ်ချခံရသကဲ့သို့ ယခု ပါလီမန်တွင် တင်ပြပါကလည်း ပယ်ချခံရဖွယ် ရှိကြောင်း သူက ပြောသည်။

အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်ရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်၌ ပထမအကြိမ် ပဏာမ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအတွင်း ဦးအောင်မင်းက တိုင်းရင်းသားများ၏ ခံစားချက်ကို မိမိအနေနှင့် နားလည်မှု ရှိကြောင်း၊ မကြာမီ အစိုးရအနေနှင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိအစိုးရသည် ယခင်အစိုးရကဲ့သို့ မဟုတ်ပဲ ဒီမိုကရေစီစနစ် ဖော်ဆောင်လိုစိတ် ရှိကြောင်း၊ မွန်ပြည်သစ်ပါတီအနေနှင့် ယုံကြည်မူ တည်ဆောက်သည့် ပထမခြေလှမ်းတရပ်အဖြစ် လာမည့် ဇန်နဝါရီလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးစေလိုကြောင်း ပြောကြားခဲ့သည်။

၎င်းပြင် မွန်ပြည်သစ်ပါတီက တင်ပြသည့် မွန်ပြည်နယ်အတွင်း မွန်စာပေ တရားဝင် သင်ကြားခွင့်နှင့် ပတ်သက်၍ ၎င်းအနေနှင့် ဆောင်ရွက်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ အငြိမ်းစား ဗိုလ်မှူးကြီး နိုင်ကောင်းရွတ်က “သူတို့ ပြောသမျှကို မယုံမိဖို့ သတိကြီးကြီး ထားဖို့ လိုတယ်။ အတိတ်က သင်ခန်းစာတွေ ပြန်လေ့လာဖို့ လိုတယ်” ဟု ပြောသည်။

သို့သော်လည်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှူဆောင်ဟောင်း ဖြစ်သည့် ငြိမ်းချမ်းရေး အကျိုးဆောင် နိုင်တင်အောင်ကမူ အစိုးရ ကိုယ်စားလှယ်နှင့် မွန်ပြည်သစ်ပါတီ၏ တွေ့ဆုံမှုသည် ငြိမ်းချမ်းရေး ဖြစ်မြောက်ရန်အတွက် အလားအလာကောင်းများ ရှိကြောင်း ပြောသည်။

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်သည့် နိုင်ဟံသာက အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး တင်ပြခွင့်များ ရရှိသည့်အတွက် အားရကျေနပ်မှူ ရှိကြောင်း ပြောသည်။
 
နိုင်စွန်းထွန် ကမူ “အကောင်းဘက်ကချည်း သိပ်မမြင်ပါသေးနဲ့လို့ ကျနော် သူ့ (နိုင်ဟံသာ) ကို ပြောတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဦးအောင်မင်းရဲ့ ပြောဆိုမှုတွေဟာ အရင်တုန်းက ဦးခင်ညွန့် ပြောခဲ့တာနဲ့ ထပ်တူထပ်မျှ ဖြစ်နေလို့ပါပဲ” ဟု ပြောသည်။


date: Thur, Dec 29, 2011 at 3:30PM
subject: Feedback Form
Name of sender: ချမ်း
Email of sender: naichannai@yahoo.com
COMMENTS : ဦးနု ခင်ညွန့် ဦးအောင်မင်း သူတို့အားလုံကတော့ တူတူ နဲ့နူနူပါပဲ
Feedback Form
Name of sender: Min Sai Root
Email of sender: eamildfyf@yahoo.com
COMMENTS : Don't believe Burmese military government. If we want to peace. We fight for peace. We didn't get noting now.Why Burmese military want to peace talk? They want to do business to Thai, China and four red neck companies and counties.Do know Ha Wai Business? Mon land or Mon State belong to our Mon people. I want to tell to M.N.S.P Don't believe Burmese military. They are not government complete yet. Because Constitution in 2008 we are not agree for Democracy and Human rights in Union Myanmar. Wait for United Nation and EU, UR, U.S.A.Tell to every tribes fight to change. We are to close but not there yet. Burmese leader try to do Union of Myanmar. But not complete yet because they have fighting in the country. It is not Union of Myanmar. Freedom is all free speaking free talking free reading free doing free writing.
Feedback From
Name of sender: monlay
Email of sender: monlaylay1975@gmail.com
COMMENTS : ဗမာအချင်းချင်းညီညွတ်ပြီးရင်တိုင်းရင်းသားတွေကို သူတို့အမြစ်ဖြုတ်မှာပဲသတိကြီးကြီးထားပါအောင်မင်းစကားကိုလုံးဝအယုံကြည်မရှိပါ

Feedback From
Name of sender: manaurhahta
Email of sender: aksky219@gmail.com
COMMENTS: တင်ပြပါရစေ အာဏာသိမ်းအစိုးရ ဆိုသော ဦးခင်ညွန့် တို့ အေး ချမ်း ဖြိုး ကောင်စီ အကြောင်း မပြောသင့်တော့ ပါ..။ အာဏာသိမ်း အစိုးရ အဖီးဆစ်တို့ အုပ်ခဲ့တဲ့ ထိုင်းနိုင်ငံကို ကြည့်ရင်တောင်မြင်နိုင်ပါတယ်..။ အာဏာသိမ်းတဲ့ အချိန်မှာ ကျနော်တို့ နိုင်ငံက ထိုင်းလိုမဟုတ် လက်နက်ကိုင်တွေ အများကြီးနဲ့ ဆိုတာ ဆရာတို့ တွေအသိပါ..။ အခုက ဒီမိုကရေစီ အုပ်ချုပ်ရေးမို့ လက်လွက်မခံသင့်ပါ..။ အခုဆို ဒီမိုကရေဒီ နိုင်ငံအကြီးစားတွေက သမ္မတအဆင့်နီးနီး ရှီသူတွေတောင် တကူးတက လာတွေ့နေပြီလေ..။ ပြည်ပမှာ မနေချင်ကြပါနဲ့ တောထဲမှာ မနေချင်ကြပါနဲ့...တနိုင်ငံလုံးအကျိုးမျှော်ကိုး မှ နိုင်ငံကို ချစ်ရာရောက်မှာပါ..။ကျနော် ပြည်သူတစ်ယောက်..ဖြစ်သည်။ အေးချမ်းမှု့ ကို မြန်မြန်ရလိုသောကြောင့် အစိုးရဘက်သားဟု အထင်ခံနေရသည်..။ စိတ်ဆိုးသော်လည်း မရ..။ အထင်မှားခြင်းကို စိတ်ဆိုးလို့ မရနိုင်ပါ..။

Feedback From
Name of sender: မင်းမွန်စိုက်
Email of sender: monsike89@gmail.com
COMMENTS: ငြိမ်းချမ်းရေးက ကောင်းမွန်တဲ့ နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိတဲ့ ငြိမ်းချမ်းရေးဆိုရင် လက်ခံပါတယ်။ ဒါပေမယ့် တစ်ခုသတိထားစေလိုတာက မြန်မာစစ်အစိုးရနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းက ပြောတဲ့ငြိမ်းချမ်းရေးစကားကို မယုံစေချင်ပါ။ အတိတ်က သင်ခန်းစာများကို များများကြည့်စေချင်သည်။

Feedback; အကြံပြုရန်

ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


သတင်း ဒီဇင်ဘာ၊၂၀၁၁
သတင်း ဒီဇင်ဘာ၊၂၀၁၁


အစိုးရ၏ ငြိမ်းချမ်းရေးကိစ္စ မွန်ပြည်သစ်ကို သတိကြီးစေလို

ပေါင်မြို့ မိုးနိုင်းမီးဘေး ကလေးငယ်နှစ်ဦး သေဆုံး

ဇင်းကျိုက်တွင် အိမ်ခြေတရာကျော် မီးလောင်ပျက်စီး

မွန်ပြည်သစ်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ပဏာမ တွေ့ဆုံ

ထိုင်းဝန်ကြီးချုပ် မြန်မာပြည် ခရီးစဉ် မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူများ စိုးရိမ်

လွှတ်တော်အတွင်း ဆွေးနွေးမှု အစိုးရမီဒီယာ ဘက်လိုက်ဖေါ်ပြ

ထားဝယ် စီးပွားရေးဇုန်တွင် အကြီးစား သံမဏိစက်ရုံ တည်ဆောက်ရန်အတွက် ထိုင်းဘတ်ငွေ ၃၀၀ ဘီလျံ ရင်းနှီးမြှုပ်န

ကချင်ဒုက္ခသည်အတွက် ဒိန်းမတ်ရောက် မွန် ချင်း ပူးပေါင်းပြီး ရန်ပုံငွေရှာ

မွန်ပြည်သစ်ပါတီအဋ္ဌမအကြိမ် ပါတီညီလာခံ ကျင်းပမည်

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးနိုင်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views