အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဘုရားသုံးဆူနယ်စပ်တွင် ကုန်စည်ဖလှယ်ဈေးရောင်းပွဲတော်ကျင်းပ
သတင်း
Share |

ဘုရားသုံးဆူနယ်စပ်တွင် ကုန်စည်ဖလှယ်ဈေးရောင်းပွဲတော်ကျင်းပ

မိစန္ဒာဦး၊ကောင်းဝါသတင်းဌာန
တခူးလဆန်း ၄ရက်။ဧပြီ ၇၊၂၀၁၁။

မိစန္ဒာဦး(ဧပြီ-၇)။ ။ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့မှစ၍ ဧပြီလ(၉) ရက်နေ့အထိ ဈေးရောင်းပွဲတော် အခန်းအနားကျင်းပခဲ့သည်ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။

ထိုင်းဘက်ခြမ်းရှိရဲစခန်းအနီး ပရိဘောဂစက်ရုံးအရှေ့တွင်ကျင်းပခဲ့သည်ဟု ဆိုသည်။ အခန်းအနားကျင်းပရခြင်းရည်ရွယ်ချက်မှာ စားသုံးသူများကုန်ပစ္စည်းဝယ်ယူမူသက်သာစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက် ကောင်းမွန်လာစေရန် ဖြစ်သည်ဟု ထိုင်းကုန်သည်တစ်ဦးမှပြောပါသည်။

ထိုအခန်းအနားကို ကန်ချနပူရီ ခရိုင် အုပ်ချူပ်ရေးမှုးမှ ဖွင့်လှစ်ခဲ့ပြီး ထိုင်မြန်မာစစ် တပ်နယ်ဘက် အရာရှိများ ၊ ကုန်သည်များ ပြည်သူလူထု ၂၀၀ ခန့်တက်ရောက်ခဲ့သည်။ အဆိုပါဈေးရောင်းပွဲတော်ကို တက်ရောက်ခဲ့သည် ဘုရားသုံးဆူမြို့ခံတစ်ဦးက ယ္ခုလိုပြောပါသည်။

“ ဒီဈေးပွဲတော်မှာ ဈေးဝယ်ရတာ တန်တယ်၊ ဈေးလဲနည်းတယ်၊ ပစ္စည်းလဲစုံတယ်၊ ကျွန်မဆို တီဗွီတို့ စက်ပစ္စည်းတွေ ဝယ်လိုက်တယ်”

ညနေပိုင်တွင်စံခလပူရီမှ မွန်ယဉ်ကျေးမှုအဖွဲ့များ၊ ထိုင်းအဆိုအကအဖွဲ့များမှ ဖြေဖျော်ခဲ့သည် သည်ဟု ဒေသခံများမှပြောပါသည်။

ထိုင်းမြန်မာနယ်စပ်ဂိတ်ကို မြန်မာ အာဏါပိုင်များမှ ပိတ်ပင်ထားသောကြောင့် ပြည်တွင်းသို့ ကုန်စည်စီးဆင်းမှုနည်းပါးနေသည်ဟု ကုန်သည်တစ်ဦးမှ ပြောပါသည်။ တချို့ကုန်ပစ္စည်းများကို နားလည်မှုဖြင့် ဝင်သွင်းနေရသည်ဟု ဆီကုန်သည် တစ်ဦးမှပြောသည်။

“မနက်(၇)နာရီမှာ လှို့ဝှက်လမ်းကပေါ့ ။ ကိုယ့်ပစ္စည်းကိုနားလည်မှုယူပြီး သုံးဆူကိုသွင်းရတယ်။ ၈ နာရီ ကျော်ရင် မြန်မာအာဏာပိုင်တွေကလာပိတ်ပြီး၊ သွင်းလို့မရတော့ဘူး ။ စားသုံးဆီ၊ စက်ဆီ ဓါတ်ဆီ
တခြားပစ္စည်းတွေကို ခိုးသွင်းရတာပေါ့။ နားလည်မှုရှိမှရမယ်။ နို့မို့ဆိုမလွယ်ဘူး”

ကုန်သွယ်ရေးအပိုင်းတွင် ပိတ်ပင်ထားသော်လည်း မြန်မာဘက်ကမ်းရှိ အလုပ်သမားများ အလုပ်ရုံဆင်းရာတွင် ပိတ်ပင်ခြင်းမရှိဟု အဆိုပါကုန်သည်မှ ပြောပါသည်။

ဘုရားသုံးဆူမြို့တွင် မြန်မာ အလုပ်သမား ၄၀၀၀ ခန့်ထိုင်းဘက်ကမ်းရှိ အလုပ်ရုံတွင် အလုပ်ဆင်းနေပါသည်။

ယ္ခုလိုကုန်စည်ဝင်သွင်းမှုပိတ်ပင်ထားသည့် အပြည် ကေအေန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးမှ လည်းကုန်စည် စီးဆင်းရာ လမ်းကြောင်း ကိုပိတ်ပင်ထားသောကြောင့် ကုန်စည်စီဆင်းမှုနှောင်နှေးကာ ဘုရားသုံးဆူမြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြင့် နေသည်ဟု ဒေသခံများမှ ပြောပါသည်။


သတင်း ဧပြီ-၂၀၁၁
သတင်း ဧပြီ-၂၀၁၁


အစိုးရသစ်လက်ထက်၌ ဦးတည်ချက် စားသားအချို့ကို ပြောင်းလဲပြင်ဆင်ပြီး

နယ်ခြားစောင့်တပ်မှ တပ်သားသစ်တောင်းဆိုသည့်အပေါ်
ကျေးရွာလူကြီးများမှအသနားခံတင်ပြမည်


ယခင်ရပ်တည်ချက်အတိုင်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီ ဆက်လက်ရပ်တည်

အထိနာမြန်မာတပ်ဖွဲ့ ရွာသားကိုပစ်ခတ်

ပြည်ထောင်စုညီလာခံကျင်းပပေးရန် အစိုးရသစ်ထံ(၁ဝ)ပါတီမှတောင်းဆို

ဘုရားသုံးဆူ လမ်းကြောင်းတွင် ပြည်တွင်းပြန်သူနည်းပါးလာ

ဘုရားသုံးဆူနယ်စပ်တွင် ကုန်စည်ဖလှယ်ဈေးရောင်းပွဲတော်ကျင်းပ

အစိုးရသစ်ကို အပစ်အခတ်ရပ်ဆဲဖို့ကေအာန်ယူမှ ကြေညာချက်ထုတ်ပြန်

မွန်ဒေသအတွင်းဒုက္ခသည်စခမ်းများကို ရိက္ခာအကူအညီလျော့ချ

ကာကွယ်ရေးဦးစီးချုပ်အဖွဲ့နဲ့ နိုင်ငံဦးသျှောင်အဖွဲ့ရေရှည်မှာ ထိပ်တိုက်တွေ့နိုင်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views