အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဦးအုန်းမြင့်သို့ အိတ်ဖွင့်ပေးစာ

သတင်းဆောင်းပါး

Share |

ကျနော် ဖတ်ဖြစ်ခဲ့သော စာအုပ်လေးတအုပ်

သာထွန်းမွန်

နတ်တော်လဆုတ် ၅ရက်၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၁။

Your browser may not support display of this image.စာအုပ်သည် အားလပ်ရက်အတွက် အကောင်းဆုံးမိတ်ဆွေဟု ကျနော် လက်ခံမိသည့် အချိန်မှစ၍ အချိန်ရတိုင်း တွေ့ရာ ဗဟုသုတ ဖြစ်စေသော စာအုပ်များ၊ သမိုင်းအချက်အလက် စာအုပ်များကို အွန်လိုင်းပေါ်မှသော်လည်းကောင်း၊ သိမ်းထားတဲ့ စာအုပ်စင်ထဲက သော်လည်းကောင်း အမြဲဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် မွန်အမျိုးသားတို့၏ ရိုးရာဓလေ့၊ ခေတ်အဆက်ဆက် ၀တ်စားဆင်ယဉ်ပုံ၊ သမိုင်းအဖြစ်အပျက်နဲ့ သက်ဆိုင်သော စာအုပ်များကို ရှာဖွေဖတ်ရှုလေ့ ရှိပါတယ်။

မွန်ခမာအုပ်စုဝင် မွန်အမျိုးသားများသည် လွန်ခဲ့သော သမိုင်းမတင်မီခေတ် နှစ်ပေါင်းထောင်ပေါင်းများစွာက တရုတ်ပြည် ယန်စီကျန်မြစ်ဝှမ်းမှ (YANGTZEKIANG) မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆက်သက်လာကြသည်ဟု မွန်မျိုးသားတို့၏ နောက်ခံသမိုင်းစာအုပ်မှ သိရှိခဲ့ရပါတယ်။ ဤစာအုပ်ထဲတွင် ထုတ်ဝေသည့် အဖွဲ့အစည်း၊ ခုနှစ်သက္ကရာဇ်၊ အုပ်ရေပေါင်း အရေအတွက် မပါရှိသော်လည်း သမိုင်းမတင်မီခေတ်မှ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းတဲ့ ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့အထိ ခေတ်အဆက်ဆက် မွန်လူမျိုးတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အကြောင်းရာကို စုံလင်စွာ လေ့လာခွင့် ရရှိခဲ့ပါတယ်။

ဤ မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း စာအုပ်ထဲက ကျနော် အထူးဗဟုသုတ ရရှိစေခဲ့သော အကြောင်းရာ တခုကတော့ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကြောင်းရင်းပါပဲ။ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကြောင်းရင်းကို အမျိုးသားချစ်စိတ် ရှိနေသူ မွန်အမျိုးသားတိုင်း၊ မွန်ကလေးငယ်တိုင်း အစမှအဆုံး၊ အခြေခံကအစ သိရှိနှင့်ပီ ဖြစ်သော်လည်း မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအား မေးလာသူ သမီးလေးနဲ့ ပြည်ပမှာ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ရုန်းကန်လှုပ်ရှားနေတဲ့ မိတ်ဆွေတယောက်အတွက် အမှန်အတိုင်း ပြောပြခွင့်ရခဲ့တဲ့အတွက် ဤစာအုပ် ရေးသားသူအား အထူးကျေးဇူးတင်မိပါတယ်။

ဤမွန်အမျိုးသားတို့၏ နောက်ခံသမိုင်း စာအုပ်ထဲက ဗမာပြည် လွတ်လပ်ရေး ရပြီးနောက် မွန်နဲ့ဗမာ ဆက်ဆံရေး၊ ကရင်နဲ့မွန် ဆက်ဆံရေးနဲ့ ဗမာနဲ့ကရင် ဆက်ဆံရေး အကြောင်းရာများအား ပြီးပြည့်စုံလောက်အောင် လေ့လာခွင့် မရရှိခဲ့သော်ငြားလည်း အထိုက်အလျှောက် လေ့လာခွင့်တော့ ရရှိခဲ့ပါတယ်။

ကရင်တမျိုးသားလုံးရဲအာဇာနည် သူရဲကောင်း၊ ဗမာအပါအ၀င် အဖိနှိပ်ခံ တိုင်းရင်းသားအားလုံးတို့၏ စံပြတော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး၏ အမျိုးသားရေးချစ်စိတ်အမြော်အမြင်ကြီးမှု၊ ကိုယ်ကျိုးစွန့်မှုတို့အား အတုယူဖွယ် ကောင်းလှသလို၊ သစ္စာဖောက် ကရင်လက်ကိုင် လူတစုရဲမိုက်မဲမှုကြောင့် ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ဗိုလ်စိန်လွင် (နောင်သောအခါ ၁၉၈၈ လူထုအုံကြွမှုကြောင့် ကမ္ဘာ့သက်တမ်းအတိုဆုံး သမ္မတမှတ်တမ်းဝင်သွားသူ) ၏ လက်ချက်ကြောင့် သူရဲကောင်းပီသစွာ ရေတိမ်မှာ နစ်ခဲ့ရသော စောဘဦးကြီး၏ အဖြစ်ကလည်း သံဝေရဖွယ် ကောင်းလှပါတယ်။

ထို့အတူ ဤစာအုပ်၏ မှတ်တမ်းအရ ဗမာတွေ အချင်းချင်းကြား အကွဲအပြဲ ဇတ်လမ်းထဲမှာ အလိမ်ခံရသူ မွန်လူမျိုးတွေရဲသမိုင်းဖြစ်ရပ်မှန်ကလည်း အထင်အရှားပါပဲ။ ဗမာအမျိုးသား နိုင်ငံရေး သန့်ရင်းဖဆပလခေါင်းဆောင် ဦးနုရဲလက်နက်နဲ့ ငြိမ်းချမ်းရေး အစီအစဉ်အရ….(၁၉၅၈) ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့ ပငစစ်မျက်နှာတွင် စတင်အကောင်အထည်ဖော်ခဲ့ရာမှ မွန်ပြည်သူ့တပ်ဦးခေါင်ဆောင် နိုင်အောင်ထွန်း ဦးဆောင်၍ မွန်ပြည်သူ့တပ်ဦး တပ်သား (၀၀၀) ကျော် လက်နက်အပ်နှံခဲ့ရပါတယ်။

ထိုနောက်ပါလီမန် ဒီမိုကရေစီ တိုက်ပွဲအသွင်သို့ မွန်ပြည်သူ့တပ်ဦး ပြောင်းလာပြီးနောက် မွန်ပြည်သူ့တပ်ဦး၏ သေနင်္ဂဗျုဟာ ဖြစ်သော မွန်အမျိုးသား လွတ်မြောက်ရေးအတွက် အခြေခံမှ အဆင့်ဆင့် ကြိုးပမ်းခဲ့သော်လည်း ၀န်ကြီးချုပ် ဦးနု ဦးဆောင်သည့် ဖဆပလ အစိုးရ၏ နိုင်ငံရေး၊ အထူးသဖြင့် ယဉ်ကျေးမှု စစ်မျက်နှာအောက်တွင် ဆုံးရှုံးခဲ့ရပါတယ်။

ဤသို့ဖြင့် နိုင်အောင်ထွန်း အပါအ၀င် မွန်အမျိုးသားများသည် ဦးနုအစိုးရလက်ထက်တွင် မွန်ပြည်နယ် ဖော်ထုတ်ရေးကို ဆောင်ရွက်နေစဉ် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းက တိုင်းပြည်အာဏာကို သိမ်းပိုက်ပြီး ပထစ ၀န်ကြီးများအား ဖမ်းဆီးရာတွင် နိုင်အောင်ထွန်းလည်း အဖမ်းခံခဲ့ရသည်။

အဖမ်းဆီးခံရပြီးနောက် ပုံပြင်ဆန်ဆန် လုပ်ကြံခံခဲ့ရသည်ဟု ကျနော် ငယ်စဉ်အခါက တဆင့်စကားအရ ကြားသိခဲ့ရပါတယ်။ မည်သို့ပင် ဖြစ်စေ (၁၉၅၈) ခုနှစ် မွန်ပြည်သူ့တပ်ဦးရဲလက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ ကိစ္စနဲ့ ပတ်သက်၍ ယနေ့တိုင် မွန်တမျိုးသားလုံးကြားတွင် ရေပန်းစားနေသော စကားလုံးတွေကတော့ “တခါအလိမ်ခံရတုန်းက သူ့ကို အပြစ်ပုံချလို့ ရပေမယ့်၊ ထပ်ပြီး နှစ်ခါအလိမ်ခံရရင် သူ့အပြစ် မဟုတ်ဘဲ ကိုယ့်အပြစ်လို့သာ ပုံချပါတော့တဲ့။

 



Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၁၁ ခုနှစ် ဆောင်းပါးများ



၂၀၁၁ ခုနှစ် ဆောင်းပါးများ


ကျနော် ဖတ်ဖြစ်ခဲ့သော စာအုပ်လေးတအုပ်

တိုင်းရင်းသားအရေး တွေ့ဆုံဆွေးနွေးဖို့ ဖြစ်နိုင်ခြေ ရှိလား

အခြေခံ ဒီမိုကရေစီ ပြောင်းလဲမှုတွေ အများကြီး လိုအပ်နေပါသေးတယ

ပြောမိပြောရာ ပြောမိရုံလေးပါ

သုံးပွင့်ဆိုင်မှ နှစ်ပွင့်ဆိုင်သို့

တမတ်သားနိုင်ငံရေး

UNDP လက်ထောက် အုပ်ချုပ်ရေးမှူး မြန်မာအစိုးရသစ်နှင့်တွေ့ဆုံ

ဦးအုန်းမြင့်သို့ အိတ်ဖွင့်ပေးစာ

ဘုရားသုံးဆူနယ်စပ်ဒေသတွင် စားသုံးကုန်ဈေးနှုန်းမြင့်တက်လာ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views