အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မုဒုံမြို့နယ်တွင် မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်
သတင်း
Share |

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စိုးစိုး၊ ကောင်းဝါ
တော်သလင်းလဆန်း ၁၊ ၁၃၇၂။ စက်တင်ဘာ၉၊ ၂၀၁၀။

စိုးစိုး (စက်တင်ဘာ-၉)။      ။ မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ညောင်ကုန်းကျေးရွာနှင့် ဝက်တဲကျေးရွာတို့၌ မဲဆွယ်စည်းရုံးရေး ဆင်းနေ သောကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီသည် သဘာဝပတ်ဝန်းကျင်ကို ရှုစားနိုင်ရန်ကန်ကြီးဘုရားတွင်ပြုလုပ်ထားသည့် မျှော်စင်အတွက်နှင့် သီတာရုံ ဘုန်းကြီးကျောင်းအတွက်ပါ ပြီးခဲ့သည့်စက်တင်ဘာ (၅)ရက်နေ့တွင် ဘိလပ်မြေ များလှူဒါန်း ခဲ့ပါသည်။ ဤလှုဒါန်းမှုကိုအကြောင်းပြ၍ ၎င်းတို့ပါတီအား မဲပေးကြရန်စည်းရုံးခဲ့သည်ဟု အဆိုပါ အစည်းအဝေးအားတက် ရောက်ခဲ့သူတစ်ဦးကဆိုပါသည်။

ဤလှုဒါန်းပွဲသို့ ညောင်ကုန်းကျေးရွာနှင့် ဝက်တဲကျေးရွာထံမှ  တစ်အိမ်လျှင် လူတစ်ဦးနှုန်းဖြင့်မဖြစ် မနေတက်ရောက်ကြပါရန် ကျေးရွာဥက္ကဋ္ဌများက ဖိတ်ကြားခဲ့ပါသည်။ သို့သော်အိမ်ခြေ (၁၅၀၀)ဝန်းကျင်ရှိ သော ၄င်းကျေးရွာနှစ်ရွာသည် တရွာလျှင်လူဦးရေ(၅၀)ခန့်သာ တတ်ရောက်ကြသည်ဟု အစည်းအဝေးတက် ရောက်သူများထံမှသိရပါသည်။

ဤကန်ကြီးဘုရား၌ ဆောက်လုပ်နေသောမျှော်စင်သည် ကျပ်သိန်း(၇၀၀)ခန့် ကုန်ကျမည်ဖြစ်ပါသည်။ ဤကုန်ကျမှုကို အများပြည်သူအတွက် ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီက လှုဒါန်းပေးနေသည်ကို အများပြည်သူများ တွေ့မြင်နေကြပြီးဖြစ်သည်။ ထို့ကြောင့်ပြည်သူများအနေ ဖြင့်၎င်းတို့၏ပါတီိကို ထောက်ခံသင့်ကြောင်း နှင့် ၄င်းတို့ ပါတီထဲဝင်ရောက်ရာမှာလည်း ပါတီဝင်ကဒ်အတွက် ဓါတ်ပုံကြေးများ ပေးဆောင်စရာမလိုကြောင်း စည်း ရုံးပြောဆိုခဲ့ပါသည်။

“ကျွန်တော်တို့လည်း ဘယ်ပါတီကို မဲပေးရမလဲဆိုတာ မသိတော့ပါဘူး၊ ဟိုပါတီကိုပဲမဲထည့်ရရင် ကောင်းမလား၊ ဒီပါတီိကိုပဲမဲထည့်ရရင် ကောင်းမလားဆိုတာ မဝေခွဲတက်တော့ပါဘူး” ဟု အဆိုပါအစည်း အဝေးကို တက်ရောက်ခဲ့သည့် ရွာသားတစ်ဦးကဆိုပါသည်။

မုဒုံမြို့နယ်၌ ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ကိုယ်စားလှယ် လောင်း များမှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် (ဦးမြသိန်း)ဖြစ်ပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၆)အတွက် ကိုယ်စားလှယ်လောင်းမှာ (ဦးလှသိန်း)က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းမှာ မဲဆန္ဒနယ်အမှတ်(၁) ၌  (ဦးအုန်းမြင့်)ဖြစ်ပြီး မဲဆန္ဒနယ်အ မှတ်(၂)တွင် (ဦးကြည်ထွန်း) တို့ပါဝင်ယှဉ်ပြိုင်ကြမည်ဟု သိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီသည် (၂၀၁၀)ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီထဲမှအကြီးဆုံးပါတီဖြစ်ပါသည်။ ၄င်းတို့ ပါတီသည် လက်ရှိစစ်အစိုးရ၏ ထောက်ပံ့မှုမျိုးစုံကိုလည်း ရရှိထား ပြီး လွတ်လပ်စွာစည်းရုံး ခွင့်ပါရရှိထားပါသည်။ ဤသို့ ကြောင့် အခြားနိုင်ငံရေးပါတီများထက် အခွင့်အရေး အမျိုးမျိုးပိုမိုရရှိထားခြင်းကြောင့် လက်ရှိစစ်အစိုးရကျင်းပသည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲဖြစ် လိမ့်မည်မဟုတ်ဟု ဝေဖန်နေကြပါသည်။

 


သတင်း စက်တင်ဘာ-၂၀၁၀
သတင်း စက်တင်ဘာ-၂၀၁၀


လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

မွန်ပြည်သစ်ပါတီမှ စစ်ရေးမြေသတ်မှတ်

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာ မွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စစ်ဖက်ခေါင်းဆောင်အချို့အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင်ဆက်ဖြစ်နေပြန်

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views