အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်
သတင်း
Share |

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မင်းချမ်း၊ ကောင်းဝါ
ဝါခေါင်လဆုတ် ၁၃၊ ၁၃၇၂။ စက်တင်ဘာ ၇၊ ၂၀၁၀။

မင်းချမ်း(စက်တင်ဘာ-၇)။      ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက်၊ လက်ရှိအရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ) တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းနေလင်းဟု စစ်အစိုးရသတင်းစာများ၌ ယနေ့တွင် ရေးသားဖေါ်ပြသည်။

ယခင်ရတခတိုင်းမှူးမှာ ဗိုလ်ချုပ်သက်နိုင်ဝင်းဖြစ်ပြီး ကစထမှူး(၄)သို့ ရာထူးတိုးမြင့်ခံရသည်ဟု အင်တာနက်သတင်းများ ပြန့်နှံ့နေသော်လည်း အတည်ပြုချက်မရရှိသေးပေ။

ဆယ်စုနှစ်နှစ်စုခန့်အတွင်း ယခင်ရတခတိုင်းမှူးများမှာ ဗိုလ်ချုပ်အဆင့်များဖြစ်ကြပြီး လွန်ခဲ့သည့်သြဂုတ်နောက်ဆုံးအပတ်အတွင်း စစ်အစိုးရတပ်မတော်မှရာထူး အပြောင်းအလဲများ ရုတ်တရက် ပြုလုပ်ခဲ့ရာတွင် ယခင်တိုင်းမှူးနေရာများ၌ ဗိုလ်မှူးချုပ်အဆင့်ရာထူးများကိုသာ တွေ့ရှိလာရသည်။

ထိုကဲ့သို့စစ်ရာထူးများအပြောင်းအလဲပြုလုပ်ခဲ့ရာတွင် ပြည်သူအများသိရှိစေရန် စစ်အစိုးရမှ သတင်းထုတ်ပြန်ခြင်းမပြုပဲ လှို့ဝှက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်းဖြစ်ကြောင်း သြဂုတ်လ(၃၁) ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများမှ စတင်ဖေါ်ပြခဲ့ပြီးနောက် ၄င်း၏သတင်းများသည်လည်း သတင်းစာများတွင် နေ့စဉ်လိုလိုပါရှိလာခဲ့သည်။

ထို့အပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်တင်မောင်ဝင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်စိုးလွင် စသည့်တိုင်းမှူးနာမည်များလည်း နေ့စဉ်ထုတ်သတင်းစာများတွင် ဖေါ်ပြခဲ့သည်။

တဖန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့အနားယူလိုက်ပြီဟု သတင်းထွက်ပေါ်လာပြီးနောက် ၄င်းတို့၏နိုင်ငံခြားတိုင်းပြည်သို့ သဝဏ်လွှာပေးပို့ခဲ့သည့်သတင်း ထွက်ပေါ်လာပြန်ရာ ရာထူးမှအနားယူသည့်ကောလဟာလသတင်းများ တိတ်ဆိတ်သွားသည်။

သို့ရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည်ဆိုသည့်သတင်းများ သတင်းဌာနအသီးသီတွင် အတည်ပြုရေးသားကြသော်လည်း စစ်အစိုးရသတင်းစာများ၌ ယခုတိုင်ဖေါ်ပြသည်ကို မတွေ့ရှိသေးပေ။

ယနေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုပ်ပြည်ခရီးစဉ်သွားရောက်မည်ဖြစ်ရာ စစ်အစိုးရ၏ ညနေပိုင်းရုပ်မြင်သံကြားသတင်းအစီအစဉ်နှင့် မနက်ဖြန်သတင်းစာများတွင် ဖေါ်ပြလိမ့်မည်ဟုယူဆရပြီး စစ်အစိုးရတပ်မတော်အတွင်းဖြစ်ပေါ်ခဲ့သော ရာထူးအပြောင်းအလဲများကိုလည်း သတင်းဖေါ်ပြလာနိုင်ဖွယ်ရှိသည်ဟု စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

 


သတင်း စက်တင်ဘာ-၂၀၁၀
သတင်း စက်တင်ဘာ-၂၀၁၀


လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

မွန်ပြည်သစ်ပါတီမှ စစ်ရေးမြေသတ်မှတ်

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာ မွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စစ်ဖက်ခေါင်းဆောင်အချို့အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင်ဆက်ဖြစ်နေပြန်

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views