အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ
သတင်း
Share |

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

မင်းထက်အောင်၊ ကောင်းဝါ
ဝါခေါင်လဆုတ် ၉၊ ၁၃၇၂။ စက်တင်ဘာ ၃၊ ၂၀၁၀။

မင်းထက်အောင်(သြဂုတ်-၃)။ ။ မော်လမြိုင်ခရိုင်(၆)မြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းမူကြမ်းကို လက်ခံရရှိခဲ့သည်။

အဆိုပါ မြို့နယ်အားလုံးတွင် လွှတ်တော်သုံးရပ်လုံး၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMRDP၊ တိုင်းရင်းသားစဉ်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ နေရာအပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

အထူးသဖြင့် ကျိုက်မရောမြို့နယ်တွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)နှင့် ဖလုံ-စဝေါဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအချို့ ပါဝင်ယှဉ်ပြိုင်မည့်စာရင်းကိုလည်း တွေ့ရှိရသည်။

ထို့အတူမုဒုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ကိုယ်စားလောင်းတစ်ဦး ပါရှိနေသည်။

ထို့အပြင် သံဖြူဇရပ်မြို့မဲဆန္ဒနယ်မြေတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးနှင့် မော်လမြိုင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးလည်း တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

၎င်းတစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်မြမောင်မှာ ရှေ့နေတစ်ဦးဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ပါတီကိုယ်စားလှယ်လောင်းအဖြစ် သံဖြူဇရပ်မြို အမှတ်(၁) မဲဆန္ဒနယ်မြေမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD ပါတီကို ရှုံးနိမ့်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

ထို့အပြင် အမျိုးသမီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရေးမြို့နယ်မဲဆန္ဒနယ်မြေတွင် AMRDP ပါတီမှ မိမြင့်သန်း၊ ကျိုက်မရောမြို့နယ်မဲဆန္ဒနယ်မြေတွင် ကြံ့ဖွံ့ပါတီမှ ဒေါ်မိယဉ်ချမ်းနှင့် ဖလုံ(ခေါ်) စဝေါဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းတင်တင်နွယ်တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းမူကြမ်းအရ မော်လမြိုင်ခရိုင်အတွင်း မဲဆန္ဒ(၆) နေရာ၌ ပြည်နယ်လွှတ်တော်နေရာ(၁၂)နေရာအတွက် အမတ်လောင်းဦး(၄၀) ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ထို့အပြင်ပြည်သူ့လွှတ်တော်(၆)နေရာနှင့် အမျိုးသားလွှတ်တော်(၇) နေရာများတွင် ကိုယ်စားလှယ်လောင်း(၂၂) ဦးစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

မွန်ပြည်နယ်တွင် မော်လမြိုင်ခရိုင်အတွင်း (၆) မြို့နယ်နှင့် သထုံခရိုင်၌ (၄) မြို့နယ်၊ စုစုပေါင်းပြည်နယ်တစ်ခုလုံးတွင် မြို့နယ်(၁၀) မြို့နယ်ရှိသည်။

အဆိုပါ မြို့နယ်အားလုံးတွင် လွှတ်တော်သုံးရပ်ရှိမဲဆန္ဒနယ်မြေများ၌
 


သတင်း စက်တင်ဘာ-၂၀၁၀
သတင်း စက်တင်ဘာ-၂၀၁၀


လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

မွန်ပြည်သစ်ပါတီမှ စစ်ရေးမြေသတ်မှတ်

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာ မွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စစ်ဖက်ခေါင်းဆောင်အချို့အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင်ဆက်ဖြစ်နေပြန်

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views