အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ
သတင်း
Share |

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

ဆူးပန်း၊ ကောင်းဝါ
ဝါခေါင်လဆုတ် ၈၊ ၁၃၇၂။ စက်တင်ဘာ ၂၊ ၂၀၁၀။
NMSP နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်

အပစ်ရပ်အဖွဲ့ဖြစ်သည့်မွန်ပြည်သစ်ပါတီသည် လက်နက်စွန့်မည်မဟုတ်ဟု ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်မှ တရားဝင် ပြောဆိုခဲ့ပါသည်။ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မီတီအရေးပေါ် အစည်းအဝေးအပြီး  စက်တင်ဘာလ(၁)ရက်နေ့၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကိုပါတီ၏သဘောထား ရပ်တည်ချက်ကို အကြောင်းပြန်ခဲ့သည်ဟု နိုင်ဟံသာဗွန်ခိုင်မှ ယခုလို ပြောပါသည်။

ပါတီရဲ့ရပ်တည်ချက် သဘောထားကိုလဲတင်ပြထားတယ်။ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပြီးတော့ မပြီးပြတ် ဘူးဆိုရင်တော့ တပ်အသွင်ပြောင်းဖို့ကိစ္စကိုရော လက်နက်စွန့်မဲ့ကိစ္စကိုရော ကျွန်တော်တို့ပါတီအနေနဲ့ လက်မခံနိုင် ပါကြောင်း အဲဒီလိုအကြောင်းပြန်ထားတာရှိတယ်။

သြဂုတ်လ(၂၃)ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းမှ မွန်ပြည်သစ် ပါတီ၏ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံပြီး လက်နက်စွန်လွှတ်ရန်ပြောဆိုခဲ့ကြောင်း နိုင်ဟံသာဗွန်ခိုင်မှ ယခုလို ဆိုပါသည်။

လက်နက်စွန့်လွှတ်ရေးဆောင်ရွက်မှုကို (၁၊၉၊၂ဝ၁၀)ရက်နေ့ နောက်ဆုံးထားဆောင်ရွက်ရပါမယ်။ လက်နက် စွန့်လွှတ်ရေးကိုဆောင်ရွက်မှုမပြုဘဲ ထိုနေ့ထက်ကျော်လွန်ကိုင်ဆောင်မယ်ဆိုရင် နဂိုမူလလက်နက်ကိုင် သောင်းကျန်းသူ အဖြစ်သတ်မှတ်လိုက်မယ်ဖြစ်ပြီး မိမိတို့လဲဥပဒေအရ တရားဝင်ဆက်ဆံခွင့် မရှိတော့ကြောင်း ပြောဆိုခဲ့သည်ဟုဆိုပါသည်။

မွန်ပြည်သစ်ပါတီအနေနှင့် လက်နက်ကိုင်တပ်အသွင်ပြောင်းရေးနဲ့ လက်နက်မစွန့်လွှတ်ဘဲတောင့်ခံ သွား မယ်ဆိုရင် စစ်အစိုးရကနေထိုးစစ်ဆင်လာမဲ့အခြေအနေအပေါ် မွန်ပြည်သူလူထု ထောက်ခံမှုရှိနေသမျှကာလ ပါတ် လုံးရပ်တည်သွားနိုင်မှာဖြစ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားနိုင်မှာဖြစ်သလို ၄င်းအတွက်စိုးရိမ်စရာမရှိဟု နိုင်ဟံသာဗွန်ခိုင်မှပြောပါသည်။

MNLA မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်
မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်

မွန်ပြည်သစ်ပါတီသည် (၁၉၉၅)ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပါသည်။

(၂ဝ၁ဝ)ခုနှစ်ဧပြီလ(၂၂)ရက်နေ့တွင်လည်း စစ်အစိုးရမှတိုက်တွန်းထားသည့် ဌာနေပြည်သူ့စစ် အသွင်ပြောင်းရေးကိစ္စကိုငြင်းပယ်ခဲ့ပါသေးသည်။

 


သတင်း စက်တင်ဘာ-၂၀၁၀
သတင်း စက်တင်ဘာ-၂၀၁၀


လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

မွန်ပြည်သစ်ပါတီမှ စစ်ရေးမြေသတ်မှတ်

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာ မွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စစ်ဖက်ခေါင်းဆောင်အချို့အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင်ဆက်ဖြစ်နေပြန်

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views