အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး
သတင်း
Share |

လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

မင်းချမ်း၊ ကောင်းဝါ
တော်သလင်းလဆုတ် ၆ရက်။ စက်တင်ဘာ ၂၉၊ ၂၀၁၀။

MNPCPမင်းချမ်း(စက်တင်ဘာ-၂၉)။    ။ လူငယ်တစ်ဦးအား မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့မှ သေနတ်ပစ်ခတ်သဖြင့် မော်လမြိုင်ဆေးရုံကြီး အရိုးအကြောဌာန၌ ကုသခံနေရကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

ထိုသို့အပစ်ခတ်ခံရသူလူငယ်တစ်ဦးမှာ သံဖြူဇရပ်မြို့ပေါ်၊ အောင်မင်္ဂလာရပ်ကွက်မှ အသက်(၁၆) နှစ်ရှိ၊ မောင်အောင်သူဖြစ်ပြီး ပုခုံးရိုးတစ်ဖက်ရှပ်မှန်သွားသည်ဟု သိရသည်။

ယင်းဖြစ်စဉ်အားအမှုဖွင့်ရန် သံဖြူဇရပ်မြို့မရဲစခန်းသို့ ကာယကံရှင်များတိုင်တန်းသော်လည်း အမှုမဖွင့်ပေးဟု ဆိုပါသည်။

“လက်နက်ကိုင်အဖွဲ့အစည်းဖြစ်နေတယ်၊ ရဲမှာအမှုဖွင့်မရဘူးတဲ့၊ ဘယ်သူ့ကိုသွားတိုင်ရမှာလဲ၊ မပြောတတ်တော့ဘူး” ဟု အမည်မဖေါ်လိုသော ကာယကံရှင်နှင့်ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

သံဖြူဇရပ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ယခုကိစ္စအား ဖြေကြားခွင့်မရှိကြောင်း တာဝန်မှုးကပြောပါသည်။

“အပစ်ခံရတဲ့လူက လက်ပစ်ဗုံးနဲ့သူတို့ကိုပစ်တယ်လို့ဆိုပြီး သေနတ်နဲ့ပြန်ပစ်တာလို့ဆိုတယ်၊ တကယ်မှာတော့ လက်ပစ်ဗုံးလည်းမရှိဘူး၊ သူတို့ကိုကလက်နက်ကိုင်ခွင့်ရထားပြီး တမင်ကိုပစ်ခတ်တာပါ” ဟု အဆိုပါဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့်စက်တင်ဘာလ(၂၂) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ရွာအနီး၌ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ နိုင်ချစ်စိန်နှင်အတူလိုက်ပါခဲ့သည့် တပည့်တစ်ဦး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 “နိုင်ချစ်စိန်က သူ့ကိုလုပ်ကြံမယ့်သူရှိတဲ့သတင်းထွက်နေတယ်၊ ဘယ်သူ့ကိုမှသူစိတ်မချတော့ဘူး၊ လမ်းသွားတိုင်းသတိနဲ့ပဲ” ဟု မွန်ပြည်သစ်ပါတီမှအနားယူခဲ့သူ ရဲဘော်ဟောင်းတစ်ဦး ပြောသည်။

ယမန်နှစ်စက်တင်ဘာလတွင် သံဖြူဇရပ်မြို့အဝင် ခလရ(၆၂)တပ်ရင်းရှေ့ကားလမ်းမပေါ်၌ အမည်မသိသေနတ်သမားတစ်ဦးပစ်ခတ်ခဲ့ရာ နိုင်ချစ်စိန်နှင့် တပည့်တစ်ဦးသေနတ်ဒဏ်ရာ ရရှိခဲ့ဘူးသည်။

ကျုံကဒတ်ရွာနှင့် ကျိုက္ခမီအကြားရှိ ရသေ့တောင်ရွာတွင် မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်အစိုးရကထားရှိခွင့် ပြုခဲ့သည်။

စုံစမ်းသိရှိချက်များအရ မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့တွင် လူအင်အား(၃၀) နီးပါးခန့်ရှိသော်လည်း လက်နက်ပြည့်စုံမှုမရှိပေ။

ယင်းတပ်ဖွဲ့သည် နိုဝင်ဘာလ(၇) ရက်နေ့မတိုင်မီ ပြည်သူ့စစ်တပ်အသွင်ပြောင်းလဲရန် စစ်အစိုးရထံ တင်ပြထား သော်လည်း သတ်မှတ်အင်အားစာရင်း မပြည်မီသဖြင့် အကောင်အထည်မဖေါ်နိုင်ဖြစ်နေသည်။

မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့တွင် မွန်ပြည်သစ်ပါတီမှစစ်အစိုးရထံဘက်ပြောင်းခဲ့သူ ဗိုလ်ချုပ်အောင်နိုင် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး သူကွယ်လွန်ပြီးနောက် ဗိုလ်မှူးကြီးနိုင်ရှောင် ဆက်လက်ဦးဆောင်နေသည်။


သတင်း စက်တင်ဘာ-၂၀၁၀
သတင်း စက်တင်ဘာ-၂၀၁၀


လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

မွန်ပြည်သစ်ပါတီမှ စစ်ရေးမြေသတ်မှတ်

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာ မွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စစ်ဖက်ခေါင်းဆောင်အချို့အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင်ဆက်ဖြစ်နေပြန်

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views