အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ
သတင်း
Share |

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

နော်ဖေါ၊ ကောင်းဝါ
တော်သလင်းလဆုတ် ၃ရက်။ စက်တင်ဘာ ၂၆၊ ၂၀၁၀။

နော်ဖေါ (စက်တင်ဘာ-၂၆)။    ။၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ သည်စည်းရုံးရေးကာလအတွင်း ပါတီရန်ပုံငွေနည်းလို့ ကိုယ်ပိုင်ငွေကြေးဖြင့် စည်းရုံးရေးဆင်းနေရ တဲ့ ပြသနာတွေနဲ့ ရဲတွေရဲ့ အနှောင့်အယှက်ပေးတဲ့ ပြသနာနဲ့ ရင်ဆိုင်နေရပါသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP)သည် မေလ (၂၄) ရက်နေ့၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပါတီမှတ်ပုံတင်ခွင့်အမှတ် (၅၁) နှင့် ခွင့်ပြုချက်ရထား သည့် နိုင်ငံရေးပါတီဖြစ်သည်။ တိုတောင်းသည့်အချိန်ကာလ၌ ရွေးကောက်ပွဲ ရံပုံငွေစုဆောင်းရေး ကိုလည်း လုပ်ဆောင်နေရပါသည်။ မွန်လူထု၌ စီးပွားရေးအရအ ဆင်မပြေကြသည့်အတွက် လိုအပ်သည့်ရန်ပုံငွေ မရရှိခဲ့ပေ။ ပါတီစတင်ထူချိန်မှစပြီး ပါတီရံပုံငွေ အတွက်ကျပ်သိန်းတ ထောင်ကျော်သာ စုဆောင်းနိုင်ခဲ့သဖြင့် စည်းရုံးရေးအတွက် မလောက်မငှဖြစ် နေရပါသည်။ ဤသို့ကြောင့် စည်းရုံးရေးခရီးများ ကျင်းပလိုသည်ထက် ပိုပြီးနှောင့်နှေးကြန့်ကြာ နေရသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌကပြောပါသည်။

“စည်းရုံးရေးကာလမှာ အခက်အခဲကတော့ ရှိတာပေါ့ဗျား ကျနော်တို့ကသူဌေးမှ မဟုတ် ပဲဗျာ ဒီလိုပဲပေါ့ အိမ်ကပိုက်ဆံတောင်းပြီး သွားကြတာပေါ့ ပါတီမှာကလည်း ရန်ပုံငွေကနည်း တယ် လေ ၊ မွန်ပြည်နယ်မှာတော့ (၇) မြို့နယ်ဆင်းပြီးပြီ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌက ပြောပါသည်။

(AMRDP)ပါတီသည်၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး မလုပ်ခင်ကတည်းက ပါတီမှတ် ပုံတင်ရရေးကိစ္စ၊ ပါတီဝင်တထောင်ပြည့်မှီရေးကိစ္စ၊ ရန်ပုံငွေရရှိရေးလှုပ်ရှားမှုနှင့် သင်တန်းအမျိုးမျိုး ၊ လွှတ်တော်အမတ်လောင်းကြေးတဦးလျှင် ကျပ်(၅)သိန်း အမတ်လောင်း(၃၄)ဦးအတွက် ကုန်ကျစ ရိတ် ကိစ္စတွေမှာ ရန်ပုံငွေများမကျန်သလောက် ဖြစ်နေပါသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ငွေအင်အားနည်းသည်ကတစ်ကြောင်း ၊ စည်း ရုံးရေးအချိန်နည်းနေသည်က တစ်ကြောင်၊ စည်းရုံးရေးခရီးစဉ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင် ကချမှတ်ထားသည့် စည်းမျဉ်းများကြောင့် လွတ်လပ်မှု မရှိသည်ကတစ်ကြောင်းကြောင့် မှန်း ထားသည့် အမှတ် (၅၆)နေရာအစား အခု အမှတ် (၃၄) နေရာပင်ရရှိခဲ့ပါသည်။

“စည်းရုံးရတာလွယ်ပါတယ် ကျနော်တို့ဆီမှာတော့ စည်းရုံးရလွယ်ပါတယ် အဓိကအန် အယ်ဒီက ဟိုပြောင်းဒီပြောင်း ဟိုလုပ်ဒီလုပ်နဲ့ ဂွကျနေတယ်လေ ဒါပေမယ့်ကျနော်တို့ကတော့ ပြည်နယ်မှာတော့ ကိစ္စမရှိပါဘူး အဆင်ပြေပါတယ် တိုင်း ၇ တိုင်းမှာ ကြံ့ဖွံ့ကတော့နိုင်မှာပဲ ပြိုင် မယ့်လူမှမရှိတာ” (AMRDP) ဥက္ကဌ နိုင်ငွေသိန်းကပြောပါသည်။

ထို့ပြင် သူတို့စည်းရုံးရေးဆင်းတဲ့အခါမှာလည်း နယ်မြေခံရဲတပ်ဖွဲ့တွေက သွားလေရာမှာ စောင့် ကြည့်ခြင်း၊ စည်းဝေးပွဲတက်ရောက်သူများအား စစ်မေးခြင်းစသဖြင့် အနှောင့်အယှက်ပေး ခဲ့ပါသည်။ ဤကိစ္စကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အထိ တိုင်ကြားရသည့် အခြေအနေအ ထိဖြစ်ခဲ့ ကြောင်းမော်လမြိုင်က ပြည်သူ့လွတ်တော်အမတ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးလှခိုင်က ပြောပြပါသည်။

နိုင်ငံတော် ဝန်ကြီးချုပ်မှ ဦးဆောင်သည့် ကြံ့ခိုင်ရေး ပါတီသည်၊ လူအင်အား၊ ဓနအင်အား များသုံးပြီး အဖွဲ့ဝင်သစ်များ ရရှိရေးကို လွတ်လပ်စွာ၊ အချုပ်အနှောင်ကင်းစွာ လိုက်လံစည်းရုံးနေ ခဲ့ပေသည်။ ကျောင်းဆရာ ၊ ဆရာမများကို ခေါ်ပြီး ရွေးကောက်ပွဲ ဆိုင်ရာသင်တန်းများပေးပါသည်။

ထိုသို့ နိုင်ငံတော်ဝန်ကြီးချုပ်မှ ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီသည် နည်းမျိုးစုံဖြင့် မဲဆွယ်စည်းရုံးရေးကိုကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေချိန်တွင် တိုင်းရင်းသားနိုင်ငံရေးပါတီများမှာမူ နည်းမျိုးစုံဖြင့် ကန့်သတ်ချုပ်ချယ်မှုခံရပြီး ၊ စောင့်ကြည့်ခြင်းကိုပါ ခံနေရသည့်အတွက် မဲဆွယ်စည်း ရုံးရာမှာ အခက်အခဲများနှင့်ရင်ဆိုင်နေရပါသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီသာမက အခြားတိုင်းရင်းသား နိုင်ငံရေးပါတီများလည်း မဲဆွယ်စည်းရုံးရာတွင် အချိန်နည်းတဲ့ပြသနာ၊ ငွေကြေးပြသနာနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ကချမှတ်ထားသော စည်းမျဉ်းများကြောင့် မဲဆွယ်စည်းရုံးရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေကြ ရပါသည်။


သတင်း စက်တင်ဘာ-၂၀၁၀
သတင်း စက်တင်ဘာ-၂၀၁၀


လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

မွန်ပြည်သစ်ပါတီမှ စစ်ရေးမြေသတ်မှတ်

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာ မွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စစ်ဖက်ခေါင်းဆောင်အချို့အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင်ဆက်ဖြစ်နေပြန်

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views