အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး
သတင်း
Share |

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

ဆူးပန်း၊ ကောင်းဝါ
တော်သလင်းလဆန်း ၁၄ရက်။ စက်တင်ဘာ ၂၂၊ ၂၀၁၀။

ဆူးပန်း(စက်တင်ဘာ-၂၂)။    ။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုင်းရင်းသားဒေသများတွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့်နယ်မြေအဖြစ် ဥပဒေပုဒ်မ၈(စ)နှင့် ကျေညာထားသောကြောင့် ကရင်လူမျိုးများနေထိုင်ရာ ကျေးရွာအုပ်စုပေါင်း(၁၆၄)အုပ်စု မဲဆန္ဒပေးခွင့်ဆုံးရှုံး မည်ဟု အစိုးရမှထုတ်ပြန်သော စာရင်းဇယားအရသိရသည်။

ကရင်ပြည်နယ် (၇)မြို့နယ်လုံးတွင်ရှိသည့် ကျေးရွာအုပ်စု(၁၅၅)ရွာ၊ မွန်ပြည်နယ်(၂)မြို့နယ်မှကျေးရွာ အုပ်စု(၉)အုပ်စု စုစုပေါင်းကျေုရွာအုပ်စုပေါင်း(၁၆၄) မဲဆန္ဒပေးခွင့်မရှိသည့်အတွက် ကရင်ပြည်သူများအတွက် နစ်နာဆုံးရှုံးမှုရှိနေသည်ဟု ကရင့်နိုင်ငံရေးပါတီ ဖလုံ စဝေါ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစောခင်မောင်မြင့်က  ပြောပါသည်။

ကရင်ပြည်နယ်အတွင်း ကရင်လူမျိုးတွေအများစုနေထိုင်သော တချို့ကျေးရွာများကို စစ်အစိုးရမှ အမာခံ နယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း မဲဆန္ဒပေးခွင့်မရှိတဲ့နယ်မြေအဖြစ် သတ်မှတ်ထားခြင်းမှာ သံသယဖြစ် မိသည်ဟု  ဦးစောခင်မောင်မြင့်က  အောက်ပါအတိုင်းပြောဆိုခဲ့ပါသည်။

"ပြောရရင်တော့ လုံခြုံရေးအခြေအနေအရ တိုးတက်မှုသိပ်မရှိသေးဘူးသဘောကိုတော့  အဲဒီလိုမျိုး အဓိပ္ပါယ်သက်ရောက်တယ်လေ။  ကရင်ပြည်နယ်အတွင်းမှာဆိုရင် ဒီဖါးအံမြို့နယ်အနေအထားအရက ပယ်လိုက်တဲ့ ကျေးရွာအုပ်စု(၁၁)ခု ကိုကြည့်မယ်ဆိုရင်ပေါ့လေ။ တချို့ကျေးရွာအုပ်စုတွေက အစိုးရ အထက်တန်းကျောင်းတောင် ဖွင့်လှစ်တယ်ဆိုတော့ မဲရုံမဖွင့်လှစ်နိုင်ဘူးဆိုတာကတော့ နဲနဲလေး စဉ်းစားစရာဖြစ်နေတယ်ခင်ဗျ။"

တချို့စစ်ရေးအကဲခတ်သူများအမြင်အရ ကရင်ပြည်နယ်အတွင်း မြို့နယ်၊ကျေးရွာအုပ်စုများတွင် ကေအာန်ယူ ခေါ် ကရင်အမျိုးသားအစည်းအရုံးချုပ်ဒေသတွင် လုံခြုံရေးအရ မဲဆန္ဒပေးခွင့်မရှိသော နယ်မြေ အဖြစ် သတ်မှတ် ထားခြင်းဖြစ်ကြောင်း ပြောဆိုသံများလည်းရှိသည်။ ဒီဖြစ်စဉ်အပေါ် ကရင်အမျိုးသားအစည်းအရုံး အထွေ ထွေအတွင်းရေးမှူးဗိုလ်မှူးစောလှငွေကို မေးမြန်းသည့်အခါမှာ ယခုလိုပြောဆိုခဲ့ပါသည်။

"ကြံ့ဖွတ်တွေမရပ်တည်နိုင်တဲ့နေရာ သူတို့ကိုမထောက်ခံဘဲ နေရာတွေရှိတယ်။ အပိုင်သူတို့ပယ်လိုက် တာဘဲ။ သူတို့ဖျက်လိုက်မယ်ဆိုလို့ရှိရင် ဆန့်ကျင်မဲတွေ သူတို့မလိုလားတဲ့ယှဉ်ပြိုင်ဘက်တွေ တခြားတွေပေးမဲ့မဲ တွေ ဖြစ်သွားမယ်ဖြစ်တဲ့ အပိုင်သူတို့က လုံခြုံရေးအကြောင်းပြပြီးလုပ်လိုက်တာ။"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းမပြုသည့် နယ်မြေ အဖြစ် ကန့်သန့်ပိတ်ပင်ထားတဲ့အတွက် ကချင်ပြည်နယ်။ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ရှိမြို့နယ်(၃၂)မြို့နယ် ကျေးရွာအုပ်စုပေါင်း(၃ဝဝ)ကျော်မဲပေးခွင့်ဆုံးရှူံးမည်ဖြစ်ပြီး မဲဆန္ဒပေးခွင့်ရှိ သည့် နိုင်ငံသားနှစ်သန်းလောက် မဲပေးပိုင်ခွင့်ဆုံးရှုံးလိမ့်မည်ဟု ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌဖြစ်သူ  ဦးစောခင်မောင်မြင့်မှ ပြောပါသည်။


သတင်း စက်တင်ဘာ-၂၀၁၀
သတင်း စက်တင်ဘာ-၂၀၁၀


လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

မွန်ပြည်သစ်ပါတီမှ စစ်ရေးမြေသတ်မှတ်

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာ မွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စစ်ဖက်ခေါင်းဆောင်အချို့အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင်ဆက်ဖြစ်နေပြန်

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views