အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်
သတင်း
Share |

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

မင်းထက်အောင်၊ ကောင်းဝါ
တော်သလင်းလဆန်း ၁၄ရက်။ စက်တင်ဘာ ၂၂၊ ၂၀၁၀။

မင်းထက်အောင်(စက်တင်ဘာ-၂၂)။    ။ လာမည့်သောကြာနေ့မှစတင်၍ ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများ မြန်မာစစ်အစိုးရ ရေဒီယိုရုပ်မြင်သံကြားမှ ဟောပြောမှုအစီအစဉ်စတင်မည်ဖြစ်ကြောင်း ပြည်တွင်းမှပေးပို့သော အချိန်ဇယားအရ သိရသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းက “၂၂ ရက်နေ့ကျရင် ကျနော်နေပြည်တော်သွားမယ်၊ ကြိုတင်ရေးသားချက်တွေတင်ရမယ်၊ ဒီလ ၂၇ ရက်နေ့ကျနော်တို့ပါတီအသံသွင်းခွင့်ရထားတယ်၊ ၂၉ ရက်နေ့မှာလွှင့်မယ်လို့ ပြောထားတယ်” ဟု ကောင်းဝါနှင့် ဆက်သွယ်မေးမြန်းချက်တစ်ရပ်၌ ပြောကြားခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအနေဖြင့် ယခုလ(၂၉) ရက်နေ့နှင့် အောက်တိုဘာလ(၁၈) ရက်နေ့များတွင် အသံလွှင့်မည်ဟု ထုတ်လွှင့်မည့်အချိန်ဇယား၌ ဖေါ်ပြပါရှိသည်။

အဆိုပါအချိန်ဇယားဖေါ်ပြချက်အရ ဟောပြောမှုအစီအစဉ်ကို တစ်ရက်လျှင်နိုင်ငံရေးပါတီ(၂) ပါတီအလှည့်ကျ နေ့စဉ်အသံလွှင့်သွားမည်ဖြစ်ပြီး ပါတီတိုင်းနှစ်ကြိမ်အသံလွှင့်ခွှင့်ရကြမည် ဖြစ်သည်။

ပထမအကြိမ်အသံလွှင့်ချက်ကို နောက်ထပ်တစ်ကြိမ်ပြန်လည်အသံလွှင့်ခြင်းသာ ဖြစ်မည်ဟုသိရသည်။
ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်ခန့်အလို အောက်တိုဘာလ(၃၀) ရက်နေ့တွင် ယင်းအသံလွှင့်အစီအစဉ်များ ပြီးဆုံးမည်ဟု သိရသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ နိုင်ငံရေးပါတီ(၃၇) ပါတီ အဆိုပါအသံလွှင့်ခွင့် ရရှိခဲ့သည်။

သို့ရာတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အသံလွှင့်ခွင့်မရှိဟု သိရသည်။

“အခုရွေးကောက်ပွဲဝင်ရင် ဘာဟောရမလဲ၊ ငါ့ကိုမဲပေးပါ၊ ဒီမိုကရေစီရအောင်လုပ်ပေးမယ်၊ ဒါပဲပြောလို့ရမှာပေါ့၊ ဘယ်ဟာကို ကျနော်တို့ပြင်မယ်ဆိုတာက ပြောဖို့မလွယ်ဘူး” ဟု မေးမြန်းချက်တစ်ရပ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒုဥက္ကဌနိုင်ငွေသိမ်း မှတ်ချက်ချပြောဆိုခဲ့သည်။

အဆိုပါရေဒီယိုရုပ်မြင်သံကြားပြောဆိုချက်များအား ရွေးကောက်ပွဲကော်မရှင်က တင်းကြပ်သည့်စည်းမျဉ်းများ ချမှတ်ထားကြောင်း သတင်းဌာနများက ရေးသားဖေါ်ပြကြသည်။



သတင်း စက်တင်ဘာ-၂၀၁၀
သတင်း စက်တင်ဘာ-၂၀၁၀


လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

မွန်ပြည်သစ်ပါတီမှ စစ်ရေးမြေသတ်မှတ်

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာ မွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စစ်ဖက်ခေါင်းဆောင်အချို့အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင်ဆက်ဖြစ်နေပြန်

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views