အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
အာစီယံကိုယ်စားလှယ်များ ဝင်းကရွာမွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ
သတင်း
Share |

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာမွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

မင်းချမ်း၊ ကောင်းဝါ
တော်သလင်းလဆန်း ၁၂ရက်။ စက်တင်ဘာ ၂၀၊ ၂၀၁၀။

မင်းချမ်း(စက်တင်ဘာ-၂၀)။    ။ အာစီယံအသင်းဝင်နိုင်ငံများရှိ သက်ဆိုင်ရာပညာရေးဌာနမှကိုယ်စားလှယ်များ ယနေ့နံနက်ပိုင်း၌ ဝင်းကရွာအလယ်တန်းကျောင်း စာပေသင်ကြားမှုအခြေအနေများကို ဝင်ရောက်လေ့လာခဲ့သည်။

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဝင်းကရွာအလယ်တန်းကျောင်းတစ်ကျောင်းတွင်တည်းသာ မိခင်မွန်ဘာသာစကားဖြင့် ခလေးငယ်များအားပညာသင်ကြားခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

အာစီယံကိုယ်စားလှယ်များအား မွန်ယိမ်းအကဖြင့်တင်ဆက်ကပြနေစဉ်
အာစီယံကိုယ်စားလှယ်များအား မွန်ယိမ်းအကဖြင့်တင်ဆက်ကပြနေစဉ်

“သူတို့အဓိကလေ့လာတာက စာသင်ခန်းထဲမှာ ဘယ်လိုသင်ကြားပေးနေလဲ၊ ခလေးတွေ စိတ်ဝင်စားမှုရှိမရှိ၊ နောက်ပြီးသူတို့ ဘာမှလည်းမှတ်ချက်ချပြောဆိုတာမရှိပါဘူး” ဟု သင်ကြားရေးတာဝန်ခံနိုင်စွမ်းထောင်က ပြောသည်။

အာစီယံအသင်းဝင်နိုင်ငံများဖြစ်ကြသည့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နန်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံအစိုးရပညာရေးဌာနမှ မိခင်ဘာသာဖြင့် ပညာသင်ကြားရေးစနစ်ကို လာရောက်လေ့လာကြရာတွင် မြန်မာစစ်အစိုးရကိုယ်စားလှယ်များ လုံးဝမပါရှိခဲ့ပေ။

ထို့နောက် ကျောင်းသူများက မွန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါသင်ကြားရေးစနစ်မှာ မွန်စကားပြော ထိုင်းအက္ခရာစာပေ ရေးသားစနစ်ဖြစ်ပြီး သူငယ်တန်းမှ တတိယအတန်းအထိ သင်ကြားလျှက်ရှိသည်။

စတုတ္ထအတန်းမှ ဆဌမတန်းများ၌ မွန်စာပေတစ်ဘာသာကို ကျောင်းချိန်အတွင်း အချိန်ပိုင်းသတ်မှတ်၍ သင်ကြားခွင့်ပြုသည်။

ထိုင်းပညာရေးဌာနမှ အဆိုပါပြင်ပကျောင်းဆရာများအား အချိန်ပိုင်းငှားယူလျှက် သင်ကြားမှုစရိတ်များ ထောက်ပံ့ပေးနေသည်။

သို့ရာတွင် ယင်းကဲ့သို့ မွန်အသံထွက် ထိုင်းအက္ခရာရေးသားနည်းသင်ကြားမှုစနစ်ကို ကျောင်းသားမိဘအများစု လက်မခံကြသဖြင့် ယခုလဆန်းပိုင်း၌ ကျောင်းဝင်းအတွင်း လာရောက်ဆန္ဒပြပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်၌ ဝင်းကကျောင်းထိုင်ဆရာတော် မဟာချာတ်အမှူးပြု၍ ဆန္ဒပြမိဘများနှင့် ဆွေးနွေးခဲ့ကြရာတွင် မွန်စာပေသက်သက် သင်ကြားနည်းကိုသာ လက်ခံကြမည်ဖြစ်ပြီး သက်ဆိုင်ရာပညာရေးဌာနသို့ ဆက်လက်တင်ပြသွားမည်ဟု သိရသည်။

ယခင်ကကျောင်းသားမိဘများသပိတ်မှောက်ခဲ့ကြစဉ်
ယခင်ကကျောင်းသားမိဘများသပိတ်မှောက်ခဲ့ကြစဉ်

ယင်းပညာသင်ကြားရေးအစီအစဉ်ကို ၂၀၀၈-၂၀၀၉ ခုနှစ်ပညာသင်ကြားနှစ်မှ စတင်ခဲ့ပြီး (၁၅)နှစ်စီမံကိန်းဟု သိရသည်။

အဆိုပါစာသင်ကျောင်းတွင် ကျောင်းသား(၁၅၀၀) ခန့်ပညာသင်ကြားလျှက်ရှိကြရာ အာလုံးမှာ မွန်တိုင်းရင်သားများဖြစ်ကြ၍ ပညာသင်ကြားနေကြသော ယင်းခလေးငယ်များမှာ ထိုင်းနိုင်ငံသားအဖြစ် သတ်မှတ်ခံရမည်ဟု မကြာမီကထုတ်ပြန်သော ထိုင်းဥပဒေအရ သိရသည်။

 


သတင်း စက်တင်ဘာ-၂၀၁၀
သတင်း စက်တင်ဘာ-၂၀၁၀


လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

မွန်ပြည်သစ်ပါတီမှ စစ်ရေးမြေသတ်မှတ်

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာ မွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စစ်ဖက်ခေါင်းဆောင်အချို့အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင်ဆက်ဖြစ်နေပြန်

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views