အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ
သတင်း
Share |

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မင်းထက်အောင်၊ ကောင်းဝါ
တော်သလင်းလဆန်း ၁၂ရက်။ စက်တင်ဘာ ၂၀၊ ၂၀၁၀။

မင်းထက်အောင်(စက်တင်ဘာ-၂၀)။    ။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMRDP မှ ရွေးကောက်ပွဲအကြို စည်းရုံးရေးလုပ်ငန်းစဉ်များ ယခုသီတင်းပတ်မှ စတင်ပြုလုပ်နေပြီဟု ပါတီဥက္ကဌနိုင်ငွေသိန်း (ခေါ်) နိုင်ဂျနူမွန်က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီဥက္ကဌနိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီဥက္ကဌနိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်

“ရွေးကောက်ပွဲကော်မရှင်ရဲ့ တင်းကြပ်တဲ့စည်းမျဉ်းတွေအောက်မှာ လှုပ်ရှားရနေရတာ သိပ်တော့မလွယ်လှဘူး၊ ဒါပေမယ့် ဒီလိုဘဲဆက်လုပ်သွားရမှာဘဲ” ဟု နိုင်ငွေသိန်း ဆက်ပြောပါသည်။

ထို့အပြင် လာမည့်စက်တင်ဘာ(၂၉) ရက်နေ့ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှ ထုတ်လွှင့်နိုင်ရန် နေပြည်တော်သို့ မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဟုလည်း ဆိုပါသည်။

ပါတီစည်းရုံးရေးသီချင်းများကိုလည်း ထင်ရှားသည့်မွန်အဆိုတော် မင်းကျန်ရစ်က စီစဉ်နေပြီဟု သိရသည်။
မင်းကျန်ရစ်သည် မွန်ပြည်နယ်လွှတ်တော်၊ မော်လမြိုင်မြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်မြေမှ AMRDP ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်သည်။

မွန်ပြည်နယ်အတွင်း AMRDP မြို့နယ်ရုံးခွဲများကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြို့ပေါ်ရုံးအသီးသီး၌ ဖွင့်လှစ်ထားရှိသော်လည်း ကျိုက်မရောမြို့နယ်ရုံးခွဲအား အမာခံဒေသဖြစ်သည့် တရနာကျေးရွာတွင် ထားရှိသည်ဟု သိရသည်။

ထို့အတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရုံးခွဲကိုလည်း မွန်အများစုနေထိုင်ရာ ကော့ဘိန်းကျေးရွာ၌ ဖွင့်လှစ်ထားရှိသည်။

သို့ရာတွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၊ ရေဖြူမြို့နယ်မှ ကိုယ်စားလှယ်လောင်းတစ်ဦးသာ ထားရှိနိုင်သည့်အတွက် မြို့နယ်ခွဲရုံးမဖွင့်လှစ်ဟု သိရသည်။

“အခုစည်းရုံးရေးဆင်းတာက လူထုတွေကိုစုပြီး စကားပြောစင်မြင့်တွေပေါ်မှာ မဲဆွယ်တာ မဟုတ်သေးဘူး၊ ကိုယ့်အမာခံလူတွေ မဲရုံနဲ့ ကြိုတင်မဲတွေအပေါ် ဘယ်လိုစောင့်ကြည့်သွားမလဲ၊ နောက်ပြီး မဲထည့်တဲ့နည်းစနစ်တွေလည်းပါတာပေါ့၊ သက်ဆိုင်ရာကို အသိပေးပြီးလုပ်ကြတယ်” ဟု သံဖြူဇရပ်မြို့နယ်၊ AMRDP စည်းရုံးရေးမှူးတစ်ဦး ပြောသည်။

အဆိုပါ မြို့နယ်ခွဲပါတီရုံးအသီးသီး၌ တစ်မြို့နယ်လျှင် ပါတီစည်းရုံးရေးအတွက် ပါတီဝင်(၃၀) ဦး သီးသန့်ခန့်အပ်တာဝန်ပေးထားသည်ဟု သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ AMRDP ပါတီဝင်ဦးရေ (၁၄၀၀) ခန့်ရှိကြောင်း စာရင်းပေးအပ်ထားပြီးဖြစ်သည်။

နောက်ဆုံးအတည်ပြုချက်အရ လာမည့်နိုဝင်ဘာ(၇) ရက်နေ့ရွေးကောက်ပွဲ၌ AMRDP ပါတီမှ လွှတ်တော်သုံးရပ်အတွက်ကိုယ်စားလှယ် (၃၄) ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ မွန်ပြည်နယ်မှ (၂၉) ဦး၊ ကရင်ပြည်နယ်မှ (၄) ဦး၊ တနင်္သာရီတိုင်းမှ (၁) ဦး ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၁၉) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ရာ (၅) နေရာအနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲရလာဒ်အား လက်ရှိစစ်အစိုးရ ပယ်ဖျက်ခဲ့ပြီး ရွေးကောက်ပွဲဝင်ပါတီများကိုလည်း ဖျက်သိမ်းစေခဲ့သည်။

ယခုရွေးကောက်ပွဲသည် အဓိကအတိုက်အခံပါတီများ မပါဝင်သလို စစ်အစိုးရစိတ်ကြိုက်ဥပဒေများအတိုင်း စီမံပြုလုပ်သည့်ရွေးကောက်ပွဲဖြစ်သောကြောင့် တရားမျှတမှုမရှိသဖြင့် အများကလက်မခံနိုင်ဟု အမျိုးမျိုးဝေဖန်ခံနေရသည်။

 


သတင်း စက်တင်ဘာ-၂၀၁၀
သတင်း စက်တင်ဘာ-၂၀၁၀


လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

မွန်ပြည်သစ်ပါတီမှ စစ်ရေးမြေသတ်မှတ်

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာ မွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စစ်ဖက်ခေါင်းဆောင်အချို့အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင်ဆက်ဖြစ်နေပြန်

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views