အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော
သတင်း
Share |

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

ကိုသိုက်၊ ကောင်းဝါ
ဝါခေါင်လဆုတ် ၈၊ ၁၃၇၂။ စက်တင်ဘာ ၂၊ ၂၀၁၀။
AMRDP T-Shirt

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် မွန်ပြည်နယ် ကရင်ပြည်နယ်အချို့ဒေသတွင် ကိုယ်စားလှယ် ပေါင်း(၃၂)နေရာကျော်ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် စာရင်းတင်ထားပြီး ဖြစ်၍ ပါတီအနေနှင့်အောင်မြင်မှုရရှိနိုင်မည်ဟု ပါတီရဲ့အတွင်းရေးမှူး(၁)ဖြစ်သူ နိုင်စံတင်မှယခုလိုပြောပါသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအနေနဲ့ မွန်ပြည်နယ်အနေနဲ့ဆိုကျွန်တော်တို့(၇)မြို့နယ် လွှတ်တော် (၃)ရပ်လုံးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အခြေအနေရှိပါတယ်။ မွန်ပြည်နယ်မှာဆိုရင်(၂၉)ယောက်ပေါ့။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာကျတော့ (၃)ယောက်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းရင်းသားလူမျိုးစုရေးရာ ကိုယ်စား လှယ်အနေနဲ့ တစ်ယောက်ပြန်ရတော့(၄)ယောက်ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ကတော့ (၈ဝ)ရာနှုန်းလောက် အတိုင်းအတာထိ အောင်မြင်နိုင်မယ်လို့ထင်တာဘဲ။ ဒါက ကျွန်တော်တို့တွက်ကိန်းနဲ့ကျွန်တော်တို့ပေါ့လေ။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် အခြားနိုင်ငံရေးပါတီသစ်များနည်းတူ ရွေးကောက်ပွဲကော်မရှင်ထံ အချိန်တိုတိုအတွင်း ကိုယ်စားလှယ်လောင်းစာရင်းတင်ရသည့်အတွက် မျှော်မှန်းသလောက်မဖြစ်လာခဲ့သော အခက်ခဲများရှိနေခဲ့သည်ဟု ပါတီရဲ့အတွင်းရေးမှူး(၁)ဖြစ်သူ နိုင်စံတင်ကယခုလိုရှင်းပြပါသည်။

အခက်အခဲတော့အများကြီးပေါ့ဗျာ။ ဘာဖြစ်လဲ အချိန်ကတိုသွားတော့ ကိုယ်စားလှယ်တွေရှာရတဲ့ အခက်ခဲရယ်။ သူတို့ရဲ့အရည်အချင်းလဲပြည့်စုံဖို့ကလဲရှိသေးတာကိုး။ နောက်ငွေကြေးအခက်အခဲရယ်အဲဒီနှစ်ခု ကတော်တော်လေးအခက်ခဲဖြစ်သွားပါတယ်။ ဒါကြောင့်ကျွန်တော်တို့အရည်အတွက်နည်းသွားတာပါ။
အမှန်မှာ မှန်းထားတာက အယောက်(၄၅)ယောက်လောက် ဝင်မလို့တွက်ထားတာ။

မွန်ပြည်နယ်အတွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီနှင့် ဖလုံဆဝေါ်ဒီမိုကရက်တစ်ပါတီတို့သည်လည်း မဲဆွယ်စည်းရုံးတွေဆင်းနေကြပါသည်။
ဤ ကဲ့သို့စည်းရုံးရေးဆင်းနေသည့်အထဲ မည်သည့်ပါတီမှအားသာမှုရှိသည်ဆိုသောမေးခွန်းအပေါ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၏ အလုပ်အမှုဆောင်တစ်ဦးက ယခုလိုသုံးသပ်ပြောဆိုခဲ့ပါသည်။

လက်ရှိအခြေအနေမှာတော့ မြို့ပေါ်မှာတော့ များသောအားဖြစ်ကတော့ ပြည်ခိုင်ဖြိုးပါတီက နဲနဲ အားသာတယ်ဆိုပေမဲ့ နယ်ဘက်မှာပြန်ပြီးတော့လေ့လာကြည့်လိုက်လို့ရှိရင်တော့ ဒီမွန်ဒေသလုံးဆိုင်ရာဒီမို ကရေစီပါတီက အားသာချက်တွေအများကြီးရှိတယ်ခင်ဗျ။ နောက်ပြီးသူတို့ရဲ့ရှင်းပြတဲ့ အချက်အလက် လေးတွေကလဲ မွန်ပြည်သူတစ်ခုလုံး တရပ်လုံးက လက်ခံနိုင်တဲ့အချက်အလက်လေးတွေ ဖြစ်နေတဲ့အခါကျတော့ သူတို့အပေါ်နဲနဲအာရုံစိုက်တာလေးတွေများတယ်လို့ ကျွန်တော်မြင်တယ်ဗျာ့။

စစ်အစိုးရမှ လာမဲ့နိုဝင်ဘာလလောက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအကြား ဖြစ်ပွါးနေသည့်ပြသနာများကို ယခုထိတိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ စစ်အစိုးရအနေနှင့် အပစ်ရပ်မွန်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီအပေါ်တွင် စက်တင်ဘာ(၁)ရက်နေ့၌ လက်နက်အပ်နှံရန်အကြပ်ကိုင်ဖိအားပေးထားသော်လည်း မွန်ပြည်သစ်ပါတီအနေနှင့် လက်ခံမဲ့အသွင်မရှိသေးဟု မွန်ပြည်သစ်တာဝန်ရှိသူများမှ တရားဝင်ကြေညာထားပြီးဖြစ်သည်။ အကယ်၍ မွန်ပြည်သစ်ပါတီအနေနှင့် လက်မခံပါက မတရားအသင်းအဖြစ်ကြေညာခံရဘွယ်ရှိပြီး လက်နက်ကိုင်တိုက်ပွဲထပ်မံဖြစ်ပွါးနိုင်သည်ဟု စစ်ရေး အကဲခတ်များကသုံးသပ်နေကြပါသည်။ ထို့ကြောင့်ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးမတည်ငြိမ်မှု နယ်မြေ အေးချမ်းမှုကင်းမဲ့မည့်ဖြစ်စဉ်များသည် ရွေးကောက်ပွဲအတွက် အနှောက်အယှက်အဟန့်အတားတစ်ခု ဖြစ်နိုင်သလို စစ်အစိုးရအနေနှင့် ယခုရက်ပိုင်းစစ်တပ်အတွင်းအပြောင်းအလဲပြုလုပ်ခဲ့ရာ၌ မြန်မာစစ်တပ်အတွင်း စိတ်ဓါတ်ရေးရာအရ အာရုံပြောင်းလဲမှုအတွက်လုပ်ဆောင်သည့်လုပ်ရပ်တစ်ခုဟု နယ်စပ်စစ်ရေးအကဲခတ် သူများမှ သုံးသပ်ပြောဆိုနေကြပါသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီမှ ပါဝင်အရွေးခံမည့်ကိုယ်စားလှယ်များစာရင်း

စဉ်။
မြို့နယ်
အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်
ပြည်နယ်လွှတ်တော်
၁။ မော်လမြိုင် နိုင်လှခိုင် နိုင်အောင်ချမ်း (နယ်မြေ ၁)
နိုင်ခင်မောင် (နယ်မြေ ၂)
နိုင်စိုးသိန်း (နယ်မြေ ၁)
နိုင်ကျန်ရစ် (နယ်မြေ ၂)
၂။ ကျိုက်မရော နိုင်ငွေသိန်း နိုင်လှအောင် (နယ်မြေ ၃) နိုင်အုံးသောင်း (နယ်မြေ ၁)
နိုင်စံတင် (နယ်မြေ ၂)
၃။ ချောင်းဆုံ နိုင်လှမောင် နိုင်ကျော်သိန်း (နယ်မြေ ၄) နိုင်အောင်နိုင်ဦး (နမ ၁)
နိုင်သောင်းတင် (နမ ၂)
၎။ သံဖြူဇရပ် နိုင်သိန်းအောင် နိုင်ထွန်းအုံ (နမ ၉) နိုင်ဝင်းရှိန် (နမ ၁)
နိုင်နိုင်ဦး (တလချမ်း) (နမ ၂)
၅။ မုဒုံ နိုင်အေးမောင် နိုင်ကွန်ချမ်း (နမ ၆) နိုင်မောင်သိုက် (နမ ၁)
မင်းနွယ်စိုး (နမ ၂)
၆။ ရေးမြို့ မိမြင့်သန်း နိုင်ဗညားအောင်မိုး (၇) နိုင်လွီအောင် (နမ ၁)
နိုင်သိန်းဟန် (နမ ၂)
၇။ ပေါင် နိုင်ကျော်ဆွေ နိုင်ခင်အောင်(နမ ၁ဝ) နိုင်ဝဏ္ဏကြီး (နမ ၁)
နိုင်ချမ်းမြင့်(နမ ၂)
၈။ ကော့ကရိတ် နိုင်ဝင်းမြင့် နိုင်မျိုးတင့်လွင် (နမ ၁ဝ) နိုင်စိုးသိန်း(နမ ၂)
ကရင်ပြည်နယ် လူမျိုးစုလွှတ်တော် နိုင်ချစ်ဦး၊
 


သတင်း စက်တင်ဘာ-၂၀၁၀
သတင်း စက်တင်ဘာ-၂၀၁၀


လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

မွန်ပြည်သစ်ပါတီမှ စစ်ရေးမြေသတ်မှတ်

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာ မွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စစ်ဖက်ခေါင်းဆောင်အချို့အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင်ဆက်ဖြစ်နေပြန်

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views