အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ
သတင်း
Share |

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

ကိုသိုက်၊ ကောင်းဝါ
တော်သလင်းလဆန်း ၆ရက်။ စက်တင်ဘာ ၁၄၊ ၂၀၁၀။

ထိုင်းနိုင်ငံ မဟာချိုင်ဒေသရေလုပ်ငန်းများတွင် မြန်မာစစ်တပ်မှ တပ်ပြေး(၂ဝဝဝ)ကျော် ငါးဖမ်းလှေ လုပ်ငန်းများတွင်အလုပ်လုပ်နေသည်ဟု လှေဦးစီးတစ်ဦးဖြစ်သူ နိုင်မွန်စင်းမှပြောပါသည်။ အဆိုပါရေလုပ်ငန်း အတွက် ငါးဖမ်းထွက်မည့်လှေ(၄ဝဝ)ကျော်ရှိပြီး လှေတစ်စီးလျှင်မြန်မာတပ်ပြေး (၆)ယောက်ကျော်ပါရှိနေသည် ဟု နိုင်မွန်စင်းမှပြောဆိုပါသည်။

မဟာချိုင်ဒေသရေလုပ်ငန်းတွင် မြန်မာအလုပ်သမားများ တွေ့မြင်ရပုံ (Reuters)

ကျွန်တော်တို့လှေကြီးတွေမှာဆိုရင်လူအင်အား(၂ဝ)ကျော် လှေငယ်တွေမှာဆိုရင်(၁၅)ယောက်လောက် ရှိတာပေါ့။ အဲဒီအထဲမှာဆိုရင်ဗမာစစ်သားလူထွက်တွေ တပ်ကပြေးလာတဲ့သူတွေအများကြီးပါတယ်။ လှေ တစ်စီးမှာဆိုရင်(၆)ယောက်လောက်ပါတယ်။ ငါးဖမ်းတဲ့လှေက အစီး(၄ဝဝ)ကျော်တယ်လေ။ အလုပ်ကျွမ်းကျင် မှုမရှိပေမဲ့ ဈေးပေါပေါနဲ့ရတော့ ယူထားရတာပေါ့။ တဖြည်းဖြည်းနဲ့သင်ပေးရတာပေါ့။

ထိုင်းနိုင်ငံ မဟာချိုင်ရောက်တပ်ပြေးများနှင့်တကွ တခြားအလုပ်သမားများကို မြဝတီ၊မဲဆောက်မှ တဆင့် လူကုန်ကူးပွဲစားများမှ တင်သွင်းလာပြီး လှေဦးစီးများမှ ကြောပေါင်စံနစ်(လုပ်အားခဖြတ်ယူစံနစ်)ဖြင့် ပြန်လည်ရွေးယူကာ မိမိတို့၏လှေတွင် ဈေးပေါပေါလုပ်သားများအဖြစ် ပြန်လည်ခိုင်းစေသည်။ အဆိုပါ ဖြစ်စဉ်ကို လူကုန်ကူးပွဲစားတစ်ဦးမှ အခုလိုရှင်းပြပါသည်။

ကျွန်တော်တို့က သူတို့ကိုတစ်ယောက်တစ်သောင်းနှုန်းအကုန်ကျခံပြီးသယ်လာတယ်။ ဒီမဟာချိုင် ရောက်တော့ နှစ်သောင်းနှုန်းနဲ့ လှေဦးစီးတွေကိုပြန်ရောင်းတယ်။ အလုပ်သမားတွေတော့ (၆)လလောက် အလုပ်လုပ်ရမယ်။ လခမရဘူး။ အသုံးစရိတ်တလကို(၆ဝဝ)လောက်ပေးတယ်။ တကယ့်လို့အလုပ်သမားတွေ ထွက်ပြေးရင် သူတို့ကံပေါ့။ အများအားဖြင့်တော့ စစ်သားလူထွက်တွေများတယ်ဗျ။

မြန်မာစစ်အာဏာပိုင်များမှ ဝန်ထမ်းလစာငွေတိုးမြှင့်ပေးခဲ့သော်လည်း အထက်နှင့်အောက် လစာ ကွာဟမှုကြောင့် အောက်ခြေတပ်သားများမှာ ဆင်းရဲမြဲဖြစ်ပြီး စားဝတ်နေရေးအရ ကြပ်တည်းမှုနှင့်ရင်ဆိုင် နေရဆဲဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သူများမှ ပြောပါသည်။

 


သတင်း စက်တင်ဘာ-၂၀၁၀
သတင်း စက်တင်ဘာ-၂၀၁၀


လူငယ်တစ်ဦးအားမွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကို ရဲစခန်းအမှုမဖွင့်ပေး

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းအပစ်ခတ်ခံရ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရင်ဆိုင်နေရသော စည်းရုံးရေးအခက်အခဲ

မွန်ပြည်သစ်ပါတီမှ စစ်ရေးမြေသတ်မှတ်

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

ကရင်ကျေးရွာအုပ်စုပေါင်း(၁၆၄)မဲပေးခွင့်ဆုံးရှုံး

နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်

အာစီယံကိုယ်စားလှယ်များ ဝင်းကရွာ မွန်ဘာသာပညာသင်ကြားရေးအစီအစဉ်လာရောက်လေ့လာ

ရွေးကောက်ပွဲအကြိုစည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစတင်ပြီ

မဟာချိုင်ရေလုပ်ငန်းတွင် မြန်မာတပ်ပြေး(၂ဝဝဝ)ကျော်ရှိနေ

မောရဝတီရေတပ်စခမ်းမှ လယ်မြေဧက(၁ဝဝ)ကို တပ်ပိုင်အဖြစ်သိမ်းဆည်း

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်

စစ်ဖက်ခေါင်းဆောင်အချို့အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင်ဆက်ဖြစ်နေပြန်

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

တိုင်းမှူးသစ်သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှုမကြာမီပိုမိုသိရှိလာနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကိုယ်စားလှယ်လောင်းများ

လက်နက်စွန့်လွှတ်ရေးကို မွန်ပြည်သစ်ပါတီမှလက်မခံ

AMRDP ရွေးကောက်ပွဲ၌အောင်မြင်မည်ဟု ပါတီအတွင်းရေးမှူး(၁)မှပြော

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views