အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မြန်မာယာယီပတ်စပို့ပြုလုပ်သူကားတစ်စီးတိမ်းမှောက်ခဲ့ရာတွင်သေဆုံးသူမရှိ
သတင်း
Share |

မြန်မာယာယီပတ်စပို့ပြုလုပ်သူကားတစ်စီးတိမ်းမှောက်ခဲ့ရာတွင်သေဆုံးသူမရှိ

မင်ထက်အောင်၊ ကောင်းဝါ
တော်သလင်းလဆုတ် ၁၄ရက်။အောက်တိုဘာ ၇၊ ၂၀၁၀။

မင်းထက်အောင်(အောက်တိုဘာ-၇)။ ။ မှန်လုံအမြန်ယာဉ်တစ်စီး ယနေ့နံနက်ပိုင်း၌ ထိုင်းနိုင်ငံတစ်နေရာအတွင်း လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရာတွင် သေဆုံးသူမရှိဟု သိရသည်။

ယမန်နေ့ကရနောင်းမြို့တွင် မြန်မာယာယီပတ်စပို့ပြုလုပ်အပြီး မြန်မာနိုင်ငံသားများကို ပြန်လည်တင်ဆောင်လာစဉ် စာမွတ်စာခွန်ခရိုင် မယ့်ဂလောင်မြို့နှင့် မဟာချိုင်မြို့အကြား အဝေးပြေးကားလမ်းမကြီးပေါ်၌ ရောက်ရှိမောင်းနှင်နေစဉ် လမ်းဘေးအရံအတားများနှင့် အရှိန်ပြင်းထန်စွာပွတ်တိုက်မိပြီး လမ်းဘေးထိုးကျခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများ ပြောပြချက်အရ သိရသည်။

ယာယီမြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ခဲ့သူများ မှန်လုံအမြန်ယာဉ်ပေါ်မတက်မီအမှတ်တရရိုက်ကူးထားပုံ (Photo: Kaowao)
ယာယီမြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ခဲ့သူများ မှန်လုံအမြန်ယာဉ်ပေါ်မတက်မီအမှတ်တရရိုက်ကူးထားပုံ (Photo: Kaowao)

“အပြင်းထန်ဆုံး ဒဏ်ရာကဒေါ်သန်းဝင်း တစ်ဦးပဲထိတယ်၊ ခြေထောက်တစ်ဖက်မှာပဲ နှစ်နေရာခွဲစိတ်ခံရမယ်၊ ကျန်တဲ့သူတွေက အခြေအနေကောင်းပါတယ်” ဟု တာဝန်ကျထိုင်းဆရာဝန်တစ်ဦးက ပြောသည်။

အဆိုပါဒဏ်ရာရရှိသူ ဒေါ်သန်းဝင်းမှာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားဂုတ်ကျွန်း၊ အောက်ဆိပ်ဇာတိဖြစ်ပြီး လက်ရှိမဟာချိုင်၌ မိသားစုများနှင့်အတူ အလုပ်လုပ်ကိုင်နေသည်ဟု ၄င်းအသိအကျွမ်းများထံမှ သိရှိရသည်။

အဆိုပါဒဏ်ရာရရှိသူအားလုံးကို မယ့်ဂလောင်မြို့ အမှတ်(၂) ဆေးရုံ၌ ကုသခံနေဆဲ ဖြစ်သည်ဟု ဆေးရုံဝန်ထမ်းးတစ်ဦးထံမှ သိရသည်။

၎င်းတိမ်းမှောက်ခဲ့သော မှန်လုံအမြန်ယာဉ်တွင် မြန်မာနိုင်ငံသား(၃၉) ဦးတင်ဆောင်ခဲ့သည်ဟုလည်း ယာယီနိုင်ငံကူးလက်မှတ် မြန်မာပတ်စပို့အတူပြုလုပ်ခဲ့သူ သံဖြူဇရပ်မြို့နယ်၊ ပငရွာသား မင်းအဗလိုင်က ပြောသည်။

“အခုမှောက်တဲ့ကားက ကျနော်တို့ရှေ့ကကားပဲ၊ ကားမှောက်နေတာ၊ ဒဏ်ရာရတဲ့လူတွေကိုသယ်ထုတ်တာ မြင်ရပေမယ့် အနီးကိုသွားကြည့်ခွင့်မရှိဘူး၊ ရဲကပိတ်ထားတယ်၊ ကျနော်တို့ ပိတ်စပို့တွေကိုလည်း စစ်တယ်”ဟု မင်းအဗလိုင်က ပြောသည်။

၎င်းအပြောအရ ပြီးခဲ့သည့်အောက်တိုဘာလ(၅) ရက်နေ့ ညနေပိုင်းတွင် မဟာချိုင်မြို့မှ မှန်လုံအမြန်ယာဉ်(၃) စီးဖြင့် ရနောင်းမြို့သို့ ထွက်ခွာခဲ့ပြီး ယာယီပတ်စပို့ကို ယမန်နေ့၌တစ်ရက်နှင့်အပြီး ပြုလုပ်ခဲ့ရာ ယခုအပြန်ခရီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအလုပ်သမားများကို ယာယီပတ်စပို့ပြုလုပ်ပေးနေသည့် Nitipon ကုမ္ပဏီအစီအစဉ်ဖြင့် ရနောင်းမြို့သို့ ပို့ဆောင်ခဲ့သည်ဟု ယင်းကုမ္ပဏီနှင့်နီးစပ်သူတစ်ဦး ပြောပြချက်အရ သိရသည်။

၎င်းယာဉ်တိမ်းမှောက်ရာတွင် ထိုင်းနိုင်ငံ၌အလုပ်ဝင်ရောက်လုပ်ကိုင်နေသူ ရှမ်းပြည်နယ်တောင်ကြီးမြို့နှင့် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်သား အချို့လည်းရှိပြီး မွန်ပြည်နယ်သားများ အများဆုံးပါဝင်သည်ဟု သိရသည်။


သတင်း အောက်တိုဘာ-၂၀၁၀
သတင်း အောက်တိုဘာ-၂၀၁၀


မွန်ရွာသားနှစ်ဦး သေနတ်ထိမှန်သေဆုံး

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ကို နိုင်ငံသားစီစစ်ရေးကာဒ်ပြားပြုလုပ်ပေးနေ

နိုင်ရှောင်းတို့အဖွဲ့လက်နက်အပ် ပြည်သူ့စစ်လုပ်ပြီ

ဘုရားသုံးဆူမြို့နယ်ခွဲရှိဝန်ထမ်းများ ကိုယ်တိုင်မဲပေးစရာမလို

ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ

မွန်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစခမ်း(၆)ခုဆန်ပြတ်လပ်နေ

မဲဆွယ်စည်းရုံးရန်အတွက်ကြံ့ဖွံ့ပါတီမှ ကော့သောင်းတွင်ယာယီမှတ်ပုံတင်ပြုလုပ်ပေးနေ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး တနေရာထဲပြောင်းရွှေ့ရန် စစ်အစိုးရမှညွှန်ကြား

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်

မွန်ရွာတစ်ရွာ၌ မြန်မာစစ်တပ်ဓါးပြတိုက်သည့်အပြင်လူသတ်မှုပါပြုလုပ်ခဲ့

ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ်ပြောက်ကျားအပစ်ခတ်ခံရ

အရှေ့ပိုင်းဆိုင်ရာနော်ဝေးမစ်ရှင်အဖွဲ့မှ ချင်းအမျိုးသားတစ်ဦးကို စိန့်စတီဗင်ဆုချီးမြင့်မည်

ဂီတမွန်အဖွဲ့မှအဆိုတော်များ ရွေးကောက်ပွဲသီချင်းမဆို

ဘုရားသုံးဆူနယ်စပ်တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ် လူဖြတ်သန်းသွားလာခွင့်ပြု

မှန်လုံယာဉ်တိမ်းမှောက်ဒဏ်ရာရရှိ သူများအနက် မြန်မာတစ်ဦးသေဆုံး

မြန်မာယာယီပတ်စပို့ပြုလုပ်သူကားတစ်စီး တိမ်းမှောက်ခဲ့ရာတွင်သေဆုံးသူမရှိ

ချင်းပြည်နယ်အပယ်ဖျက်ခံကြံ့ဖွံ့ကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံအောင်မြင်

မြဝတီမြို့၌ မိုင်းဗုံးတစ်လုံးပေါက်

(MAU)၏ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေသည်ဟု နိုင်ငွေသိန်းမှပြော

ပေါ်တာအဖမ်းဆီးခံရွာသား(၅)ဦး ယခုအထိပြန်မလွတ်သေး

ဗျူဟာမှူးရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကိုပေါ်တာဆွဲ

ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်းပေးငှါးရ

မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ ၄င်းတို့ဧ။် မူဝါဒ၊ သဘောထား၊ လုန်ငန်းစဉ်တို့ကို ဟောပြောတင်ပြ (ဟောပြောတင်ပြချက်)

မွန်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပစ်ခတ်ခံရ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views