အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ချင်းပြည်နယ်အပယ်ဖျက်ခံကြံ့ဖွံ့ကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံအောင်မြင်
သတင်း
Share |

ချင်းပြည်နယ်အပယ်ဖျက်ခံကြံ့ဖွံ့ကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံအောင်မြင

ကိုသိုက်၊ ကောင်းဝါ
တော်သလင်းလဆုတ် ၁၄ရက်။အောက်တိုဘာ ၇၊ ၂၀၁၀။

ကိုသိုက် (အောက်တိုဘာ-၇)။ ။ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းခံရသည့် ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်လောင်းနှစ်ဦးဖြစ်သူ ပူးဟရမ်ကျဲအိုနှင့် ပူးနွန်ထရန်တို့   ရွေးကောက်ပွဲကော်မရှင်ထံ အယူခံ ဝင်ခဲ့ရာတွင် အောင်မြင်မှုရရှိခဲ့ပြီးဟု ဒေသခံနိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦး မှပြောပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း  ပူးဟရမ်ကျဲအိုနှင့် ထန်တလန်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပူးနွန်ထရန်တို့သည် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ပြည်တွင်း၌(၁ဝ)နှစ်နေထိုင်သည့်သူဖြစ်ရမည်ဆိုသော ဥပဒေနှင့်ညိစွန်းခဲ့သောကြောင့် ရွေးကောက်ပွဲကော်မရှင်မှ စက်တင်ဘာဒုတိယအပါတ်တွင် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခဲ့သည်။

ယခုအခါ အဆိုပါကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံဝင်ပြီး ရွေးကောက်ပွဲကော်မရှင်မှပြန်လည်အရွေးခံပိုင် ခွင့်ပြုခဲ့သည့်အပေါ်   ချင်းပြည်နယ် အန်အယ်ဒီ ဥက္ကဌဦးပန်လျန်ကိုဆက်သွယ်မေးမြန်းရာတွင် ယခုလို ပြောပါသည်။

"သူတို့ကနိုင်ငံခြားမှာ (၂)နှစ်(၃)နှစ်လောက်အလုပ်လုပ်ဖို့သွားခဲ့တယ်။ ပြန်ရောက်လာတာ (၁ဝ)နှစ် မပြည့်သေးဘူး။ အခုတော့အယူပြန်ခံတော့ ကော်မရှင်ရဲ့ဆုံးဖြတ်ချက်အတည်ပြုရမယ်ဆိုတော့ သူတို့ကိုပြန် လက်ခံတယ်။ ဘယ်လိုကြောင့်လဲမပြောတတ်ဘူး။ အဲတာကြောင့်လူတွေအံ့သြနေကြတယ်။"

အလားတူ ချင်းအမျိုးသားပါတီမှ မင်းတပ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်သူ ဦးဟုန်းနိုင်းကိုလဲ ပြည်တွင်းမှာ(၁ဝ)နှစ်နေထိုင်တဲ့သူဖြစ်ရမည်ဆိုသည့်ဥပဒေနှင့် ညိစွန်းခဲ့သောကြောင့် အရွေးချယ် ခံပိုင်ခွင့်ကိုပယ်ချခဲ့ပါသည်။ သို့ရာတွင် ၄င်းအနေနှင့် သွားလာရေးအခက်ခဲ ဘဏ္ဍာရေးအခက်ခဲကြောင့် အယူခံ မဝင်တော့ဟု  ချင်းအမျိုးသားပါတီဝင်တစ်ဦးမှ ပြောပါသည်။

ချင်းပြည်နယ်အတွင်း၌ လာမည့်အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ တိုင်းရင်းသားလူမျိုးများ တိုးတက်ရေးပါတီ ၊မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ပါဝင်ယှဉ်ပြိုင် အရွေးခံသွားမည် ဟုသိရသည်။

ရွေးကောက်ပွဲနီးလာတာနှင့်အမျှ ချင်းပြည်နယ်တွင် နိုင်ငံရေးပါတီများမှ အပြိုင်အဆိုင်မဲဆွယ်စည်းရုံးမှုတွေ လုပ်နေသည်ဟု ချင်းပြည်နယ် အန်အယ်ဒီဥက္ကဌ ဦးပန်လျန်မှပြောပါသည်။


သတင်း အောက်တိုဘာ-၂၀၁၀
သတင်း အောက်တိုဘာ-၂၀၁၀


မွန်ရွာသားနှစ်ဦး သေနတ်ထိမှန်သေဆုံး

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ကို နိုင်ငံသားစီစစ်ရေးကာဒ်ပြားပြုလုပ်ပေးနေ

နိုင်ရှောင်းတို့အဖွဲ့လက်နက်အပ် ပြည်သူ့စစ်လုပ်ပြီ

ဘုရားသုံးဆူမြို့နယ်ခွဲရှိဝန်ထမ်းများ ကိုယ်တိုင်မဲပေးစရာမလို

ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ

မွန်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစခမ်း(၆)ခုဆန်ပြတ်လပ်နေ

မဲဆွယ်စည်းရုံးရန်အတွက်ကြံ့ဖွံ့ပါတီမှ ကော့သောင်းတွင်ယာယီမှတ်ပုံတင်ပြုလုပ်ပေးနေ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး တနေရာထဲပြောင်းရွှေ့ရန် စစ်အစိုးရမှညွှန်ကြား

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်

မွန်ရွာတစ်ရွာ၌ မြန်မာစစ်တပ်ဓါးပြတိုက်သည့်အပြင်လူသတ်မှုပါပြုလုပ်ခဲ့

ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ်ပြောက်ကျားအပစ်ခတ်ခံရ

အရှေ့ပိုင်းဆိုင်ရာနော်ဝေးမစ်ရှင်အဖွဲ့မှ ချင်းအမျိုးသားတစ်ဦးကို စိန့်စတီဗင်ဆုချီးမြင့်မည်

ဂီတမွန်အဖွဲ့မှအဆိုတော်များ ရွေးကောက်ပွဲသီချင်းမဆို

ဘုရားသုံးဆူနယ်စပ်တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ် လူဖြတ်သန်းသွားလာခွင့်ပြု

မှန်လုံယာဉ်တိမ်းမှောက်ဒဏ်ရာရရှိ သူများအနက် မြန်မာတစ်ဦးသေဆုံး

မြန်မာယာယီပတ်စပို့ပြုလုပ်သူကားတစ်စီး တိမ်းမှောက်ခဲ့ရာတွင်သေဆုံးသူမရှိ

ချင်းပြည်နယ်အပယ်ဖျက်ခံကြံ့ဖွံ့ကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံအောင်မြင်

မြဝတီမြို့၌ မိုင်းဗုံးတစ်လုံးပေါက်

(MAU)၏ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေသည်ဟု နိုင်ငွေသိန်းမှပြော

ပေါ်တာအဖမ်းဆီးခံရွာသား(၅)ဦး ယခုအထိပြန်မလွတ်သေး

ဗျူဟာမှူးရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကိုပေါ်တာဆွဲ

ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်းပေးငှါးရ

မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ ၄င်းတို့ဧ။် မူဝါဒ၊ သဘောထား၊ လုန်ငန်းစဉ်တို့ကို ဟောပြောတင်ပြ (ဟောပြောတင်ပြချက်)

မွန်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပစ်ခတ်ခံရ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views