အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မြဝတီမြို့၌ မိုင်းဗုံးတစ်လုံးပေါက်
သတင်း
Share |

မြဝတီမြို့၌ မိုင်းဗုံးတစ်လုံးပေါက်

မင်းချမ်း၊ ကောင်းဝါ
တော်သလင်းလဆုတ် ၁၃ရက်။အောက်တိုဘာ ၆၊ ၂၀၁၀။

မင်းချမ်း(အောက်တိုဘာ-၆)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့၌ လွန်ခဲ့သည့်ည(၁၀)နာရီကျော်ခန့်တွင် မိုင်းဗုံးတစ်လုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။

အဆိုပါဖြစ်ရပ်မှာ မြဝတီမြို့ပေါ်ရှိ မြန်မာစစ်အစိုးရရုပ်မြင်သံကြားထပ်ဆင့်လွှင့်ရုံနှင့် ဒီကေဘီအေအရာရှိ ဗိုလ်မုတ်သုန်အိမ် အနီးအနားလမ်းဘေးတစ်ခု၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“အထိအခိုက်အပျက်အစီးဘာမှမရှိဘူး၊ ဘာကိုရည်ရွယ်ပြီး လုပ်တာလဲမသိဘူး၊ အာဏာပိုင်တွေက လုံခြုံရေးတိုးချထားတဲ့ကြားက ခုလိုပေါက်ကွဲမှုဖြစ်တော့ အားလုံးအလုပ်ရှုပ်သွားတော့တာပဲ” ဟု မြို့ခံဝန်ထမ်းတစ်ဦး ပြောသည်။

လွန်ခဲ့သည့် အောက်တိုဘာလ(၄)ရက်နေ့ ညပိုင်းတွင် ကေအဲန်ယူတပ်မဟာ(၆)မှ အရာခံဗိုလ်အဆင့်ရှိ မျောက်ကလေးဆိုသူ မြဝတီမြို့ပေါ် စားသောက်ဆိုင်တစ်ဆိုင်တွင် ဘီယာဝင်သောက်ခဲ့သည်ကို အာဏာပိုင်များ သတင်းကြားသိရပြီးနောက် ထိုညပိုင်းမှစ၍မြို့ပေါ်၌လုံခြုံရေး အဆင့်တိုးမြင့်ချထားကြောင်း စုံစမ်းသိရှိရသည်။

သို့ရာတွင် အဆိုပါမျောက်ကလေးဆိုသူ မြဝတီမြို့ပေါ်က မည်သည့်လမ်းကြောင်းမှတဆင့် ပြန်လည်ထွက်ခွာသွားသည်ကို အာဏာပိုင်များ မသိရှိလိုက်ပေ။

အဆိုပါမိုင်းဗုံးပေါက်ကွဲမှုလက်သည်ကို အာဏာပိုင်များမဖေါ်ထုတ်မိသော်လည်း ကေအဲန်ယူလက်ချက်ဟုသာ ယူဆနေရကြောင်း မြဝတီမြိုရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီနှစ်အတွင်း ဒီမြို့မှာ မိုင်းတွေဗုံးတွေခဏခဏပေါက်ခဲ့တာ တရားခံတစ်ယောက်မှမဖေါ်ထုတ်နိုင်ခဲ့ဘူး၊ ဖြစ်လာရင် ကေအဲန်ယူလို့ပဲ ပြောလိုက်ရင်ပြီးသွားတာပဲလေ၊ မြို့ပေါ်မှာတော့ အခြားလက်နက်ကိုင်အဖွဲ့အစည်း တွေလည်းရှိနေပါတယ်၊ နောက်ပြီး ဟိုတလောကားဖမ်းတဲ့ကိစ္စကြောင့်လည်း မကြေနပ်မှုတွေ ရှိနေတယ်” ဟု ၄င်း က ပြောသည်။

မြဝတီမြို့၌ ယခုနှစ်အတွင်း လက်သည်မပေါ် ဗုံးများမကြခဏပေါက်ကွဲခဲ့ရာ ပြီးခဲ့သည့်သြဂုတ်လပထမအပတ်တွင် ဖေါက်ခွဲသူဟုယူဆရသူနှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့သည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။


သတင်း အောက်တိုဘာ-၂၀၁၀
သတင်း အောက်တိုဘာ-၂၀၁၀


မွန်ရွာသားနှစ်ဦး သေနတ်ထိမှန်သေဆုံး

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ကို နိုင်ငံသားစီစစ်ရေးကာဒ်ပြားပြုလုပ်ပေးနေ

နိုင်ရှောင်းတို့အဖွဲ့လက်နက်အပ် ပြည်သူ့စစ်လုပ်ပြီ

ဘုရားသုံးဆူမြို့နယ်ခွဲရှိဝန်ထမ်းများ ကိုယ်တိုင်မဲပေးစရာမလို

ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ

မွန်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစခမ်း(၆)ခုဆန်ပြတ်လပ်နေ

မဲဆွယ်စည်းရုံးရန်အတွက်ကြံ့ဖွံ့ပါတီမှ ကော့သောင်းတွင်ယာယီမှတ်ပုံတင်ပြုလုပ်ပေးနေ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး တနေရာထဲပြောင်းရွှေ့ရန် စစ်အစိုးရမှညွှန်ကြား

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်

မွန်ရွာတစ်ရွာ၌ မြန်မာစစ်တပ်ဓါးပြတိုက်သည့်အပြင်လူသတ်မှုပါပြုလုပ်ခဲ့

ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ်ပြောက်ကျားအပစ်ခတ်ခံရ

အရှေ့ပိုင်းဆိုင်ရာနော်ဝေးမစ်ရှင်အဖွဲ့မှ ချင်းအမျိုးသားတစ်ဦးကို စိန့်စတီဗင်ဆုချီးမြင့်မည်

ဂီတမွန်အဖွဲ့မှအဆိုတော်များ ရွေးကောက်ပွဲသီချင်းမဆို

ဘုရားသုံးဆူနယ်စပ်တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ် လူဖြတ်သန်းသွားလာခွင့်ပြု

မှန်လုံယာဉ်တိမ်းမှောက်ဒဏ်ရာရရှိ သူများအနက် မြန်မာတစ်ဦးသေဆုံး

မြန်မာယာယီပတ်စပို့ပြုလုပ်သူကားတစ်စီး တိမ်းမှောက်ခဲ့ရာတွင်သေဆုံးသူမရှိ

ချင်းပြည်နယ်အပယ်ဖျက်ခံကြံ့ဖွံ့ကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံအောင်မြင်

မြဝတီမြို့၌ မိုင်းဗုံးတစ်လုံးပေါက်

(MAU)၏ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေသည်ဟု နိုင်ငွေသိန်းမှပြော

ပေါ်တာအဖမ်းဆီးခံရွာသား(၅)ဦး ယခုအထိပြန်မလွတ်သေး

ဗျူဟာမှူးရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကိုပေါ်တာဆွဲ

ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်းပေးငှါးရ

မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ ၄င်းတို့ဧ။် မူဝါဒ၊ သဘောထား၊ လုန်ငန်းစဉ်တို့ကို ဟောပြောတင်ပြ (ဟောပြောတင်ပြချက်)

မွန်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပစ်ခတ်ခံရ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views