အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
(MAU)၏ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေသည်ဟု
သတင်း
Share |

(MAU)၏ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေသည်ဟု နိုင်ငွေသိန်းမှပြော

ဆူးပန်း၊ ကောင်းဝါ
တော်သလင်းလဆုတ် ၁၃ရက်။အောက်တိုဘာ ၆၊ ၂၀၁၀။

ဆူးပန်း(အောက်တိုဘာ-၆)။     ။ပြည်တွင်းပြည်ပမှ မွန်နိုင်ငံရေးအဖွဲ့များနှင့်စုပေါင်းဖွဲ့စည်းထားသည့် မွန်အမျိုးသားရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ကျေညာချက်သည် ရွေးကောက်ပွဲဝင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုသာမက ကျန်တိုင်းရင်း သား နိုင်ငံရေးပါတီအပေါ်တွင် အဟန့်အတားဖြစ်စေသည်ဟု ပါတီဥက္ကဌနိုင်ငွေသိန်းမှ ချေပပြောဆိုခဲ့သည်။

မွန်အမျိုးသားရေးရာအဖွဲ့ချုပ်၏ထုတ်ပြန်ကျေညာချက်တွင်မဲရုံမသွားရေး မဲမထည့်ရေးအတွက် သက်ဆိုင်ရာ မွန်ဒေသများတွင် စည်းရုံးလှုံ့ဆော်သွားမည်ဆိုသည့်အချက်အပေါ်တွင် မည်သို့မျှဟန့်တားနိုင်မည်မဟုတ်ဟု နိုင်ငွေသိန်းမှ ကောင်းဝါသတင်းဌာနကို အောက်ပါအတိုင်းပြောဆိုခဲ့သည်။

“အဟန့်အတားဖြစ်တာပေါ့။ ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ဆုံးဖြတ်ထားပြီး သား။ စီစဉ်ထားပြီးသားဆိုတော့ ကျွန်တော်တို့နောက်မဆုတ်တော့ဘူး။ သို့သော်လဲပဲ ဒီလိုလုပ်ခြင်းအားဖြစ် တော့ ဘာဖြစ် မလဲဆိုတော့ မဲရုံသွားတဲ့သူကို ဘယ်သူမှမသွားရဘူးဆိုတဲ့အထိကတော့ ဘယ်လိုမှမတန့်ဘူး မလုပ်နိုင်ဘူး။ အဲတာကြောင့်မို့လို့  (MAU)ရဲ့ဒီလိုမျိုး မဲရုံမသွားရေး မဲမထည့်ရေးဆိုတာက သူတို့အတွက် မှန်တယ်လို့တွက်ပေမဲ့ ကျွန်တော်တို့မွန်အမျိုးသားတွေအတွက် မွန်အမျိုးသားတွင်မကဘူး။ အားလုံး တိုင်းရင်းသားတွေအတွက် မမှန်နိုင်ဘူး။ ပြည်မမှာဆိုပိုမမှန်ဘူး။”

ဤဆုံးဖြတ်ချက်ချခဲ့ရာတွင်လည်း မွန်အမျိုးသားရေးရာအဖွဲ့ချုပ် ဗဟိုကော်မီတီအစည်းအဝေးအတွင်း၌ အငြင်းပွါးစရာဖြစ်ခဲ့သည်ဟု အဖွဲ့ချုပ်၏အထွေထွေအတွင်းရေးမှူး နိုင်လရီရော့မှ ပြောပါသည်။

“ကျွန်တော်တို့လဲအဲတာအတွက် အငြင်းအခုန်ဖြစ်ကြပါတယ်။ ဒီဆွေးနွေးပွဲမှာဆိုရင်တော့။ ဒါပေမဲ့  MAU(Mon Affairs Union)ကတော့ ဒေသကြီး(၄)ခုနဲ့ဖွဲစည်းထားတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် ကော်မီတီ အပိုင်းသူတို့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့နာခံရမယ်။ မွန်ပါတီအသစ်ဆိုတာကတော့ သူတို့ ရဲ့အမြင်နဲ့သူတို့ လုပ်ကြတာ။ သူတို့ဝင်ပြိုင်လဲကျွန်တော်တို့အားမပေးပါဘူး။ ဒါပေမဲ့သူတို့ကို အဟန့် အတားဖြစ်စေအောင် ကျွန်တော် တို့ မလုပ်ပါဘူး။ ဒါကျွန်တော်တို့ရဲ့ပေါ်လစီဘဲ။”

စစ်အစိုးရမှ ဦးစီးပြီးကျင်းပပေးမည့် အထွေထွေရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါ အဝင် ပြည်တွင်းပြည်ပမှအတိုက်အခံများနည်းတူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ မွန်ပြည်သစ်ပါတီတို့ကလည်း လက်ခံခြင်း မရှိဟု ထုတ်ပြန်ကျေညာထားသည်။ သို့သော်လည်း တချို့နိုင်ငံရေးပါတီများကမူ လွှတ်တော်ကိုယ်စားလှယ် အနည်းငယ်ရလျှင်လည်း လွှတ်တော်တွင် မိမိတို့အမျိုးသားအခွင့်အရေးအတွက် ပြောဆိုခွင့်ရမည်ဟုယုံကြည်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများလဲရှိသည်။

ယနေ့အထိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် ထုတ်ပြန် ချက်အရ လာမည့်နိုဝင်ဘာလရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း(၃၇)မှ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


သတင်း အောက်တိုဘာ-၂၀၁၀
သတင်း အောက်တိုဘာ-၂၀၁၀


မွန်ရွာသားနှစ်ဦး သေနတ်ထိမှန်သေဆုံး

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ကို နိုင်ငံသားစီစစ်ရေးကာဒ်ပြားပြုလုပ်ပေးနေ

နိုင်ရှောင်းတို့အဖွဲ့လက်နက်အပ် ပြည်သူ့စစ်လုပ်ပြီ

ဘုရားသုံးဆူမြို့နယ်ခွဲရှိဝန်ထမ်းများ ကိုယ်တိုင်မဲပေးစရာမလို

ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ

မွန်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစခမ်း(၆)ခုဆန်ပြတ်လပ်နေ

မဲဆွယ်စည်းရုံးရန်အတွက်ကြံ့ဖွံ့ပါတီမှ ကော့သောင်းတွင်ယာယီမှတ်ပုံတင်ပြုလုပ်ပေးနေ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး တနေရာထဲပြောင်းရွှေ့ရန် စစ်အစိုးရမှညွှန်ကြား

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်

မွန်ရွာတစ်ရွာ၌ မြန်မာစစ်တပ်ဓါးပြတိုက်သည့်အပြင်လူသတ်မှုပါပြုလုပ်ခဲ့

ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ်ပြောက်ကျားအပစ်ခတ်ခံရ

အရှေ့ပိုင်းဆိုင်ရာနော်ဝေးမစ်ရှင်အဖွဲ့မှ ချင်းအမျိုးသားတစ်ဦးကို စိန့်စတီဗင်ဆုချီးမြင့်မည်

ဂီတမွန်အဖွဲ့မှအဆိုတော်များ ရွေးကောက်ပွဲသီချင်းမဆို

ဘုရားသုံးဆူနယ်စပ်တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ် လူဖြတ်သန်းသွားလာခွင့်ပြု

မှန်လုံယာဉ်တိမ်းမှောက်ဒဏ်ရာရရှိ သူများအနက် မြန်မာတစ်ဦးသေဆုံး

မြန်မာယာယီပတ်စပို့ပြုလုပ်သူကားတစ်စီး တိမ်းမှောက်ခဲ့ရာတွင်သေဆုံးသူမရှိ

ချင်းပြည်နယ်အပယ်ဖျက်ခံကြံ့ဖွံ့ကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံအောင်မြင်

မြဝတီမြို့၌ မိုင်းဗုံးတစ်လုံးပေါက်

(MAU)၏ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေသည်ဟု နိုင်ငွေသိန်းမှပြော

ပေါ်တာအဖမ်းဆီးခံရွာသား(၅)ဦး ယခုအထိပြန်မလွတ်သေး

ဗျူဟာမှူးရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကိုပေါ်တာဆွဲ

ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်းပေးငှါးရ

မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ ၄င်းတို့ဧ။် မူဝါဒ၊ သဘောထား၊ လုန်ငန်းစဉ်တို့ကို ဟောပြောတင်ပြ (ဟောပြောတင်ပြချက်)

မွန်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပစ်ခတ်ခံရ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views