အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဗျူဟာမှူးရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကိုပေါ်တာဆွဲ
သတင်း
Share |

ဗျူဟာမှူးရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကိုပေါ်တာဆွဲ

မင်းချမ်း၊ ကောင်းဝါ
တော်သလင်းလဆုတ် ၁၁ရက်။အောက်တိုဘာ ၄၊ ၂၀၁၀။

မင်းချမ်း(အောက်တိုဘာ-၄)။     ။ ဘုရားသုံးဆူနယ်စပ်မှပြန်လည်ထွက်ခွာသွားသော မြန်မာစစ်အစိုးရ ဗျူဟာမှူးလုံခြုံရေးစစ်ကြောင်းသည် ချောင်းဆုံရွာတဖက်ကမ်းရှိ ကျုံမိပြင်ရွာသား(၅) ဦးအား ပေါ်တာဖမ်းဆီးခဲ့သည်ဟု နီးစပ်သူများ ပြောကြားခဲ့သည်။

တပ်ရင်းမှူးသီချင်းသီဆိုနေဟန်
တပ်အပြောင်းအလဲပြုလုပ်ပွဲ၌ ခလရ(၃၂) တပ်ရင်းမှူးသီချင်းသီဆိုနေဟန်

ဖေါ်ပြပါကျုံမိပြင်ရွာ ဥက္ကဌဟောင်းဦးကျော်ရင်နှင့်အတူ အမည်မသိရသေးရွာသား (၄) ဦးကို ခလရ(၃၂) စစ်ကြောင်းက ယမန်နေ့ညနေတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ချောင်းဆုံလွန်ရင် ကားစီးလို့မရတော့ဘူးလေ၊ အဲဒါနဲ့ ရွာသားတွေကို လမ်းပြအဖြစ်ရော၊ အထမ်းသမားအနေနဲ့ပါ ခေါ်သွားတာ၊ ဘယ်အချိန်မှာဘယ်လိုပြန်ရောက်လာကြမလဲဆိုတာကို သူတို့မိသားစုတွေ စိုးရိမ်စွာနဲ့ မျှော်လင့်နေကြပါတယ်” ဟု ၄င်းတို့နှင့်နီးစပ်သူ အမည်မဖေါ်လိုသော ရွာသားတစ်ဦးက ပြောသည်။

ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးအဆိုအရ ပေါ်တာအရေအတွက် (၅) ဦးထက်မနည်း ခေါ်ဆောင်သွားသည်ဟု သိရှိရသည်။

ရတခ အမှတ်(၃) ရှေ့တန်းဗျူဟာမှူး ဗိုလ်မှူးကြီးတင်မောင်ထွန်းသည် ဘုရားသုံးဆူနယ်စပ်မြို့သို့ လေးရက်ခန့်အကြာ ရောက်ရှိလာပြီး ရှေ့တန်းဗျူဟာရုံးသို့ပြန်သွားရန် ယနေ့နံနက်(၉) နာရီအချိန်တွင် ချောင်းဆုံရွာသို့ မြို့ခံသူဌေးမော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည်ဟု ဒေသခံများပြောကြားသည်။

ဘုရားသုံးဆူ-သံဖြူဇရပ်အကြား အနန်းကွင်းရွာ၌ ရတခအမှတ်(၃) ရှေ့တန်းဗျူဟာမှူးရုံး တည်ရှိသည်။

အဆိုပါလုံခြုံရေးစစ်ကြောင်းများတွင် အင်အားတစ်ရာကျော်ခန့်ရှိ ခလရ(၃၂) တပ်ရင်းတစ်ရင်းနှင့် အင်အား (၆၀) ခန့်ရှိ ခမရ(၄၀၅) စစ်ကြောင်း(၁) ပါဝင်ပြီး ကုန်းကြောင်းခရီးဖြင့် ဂျပန်ခေတ်ဘုရားသုံးဆူ-သံဖြူဇရပ် သေမင်းတမန်လမ်းကြောင်းအတိုင်း ချီတက်နေသည်ဟု စစ်ရေးလေ့လာသူများ ပြောကြားချက်အရ သိရသည်။

အဆိုပါဗျူဟာမှူးနှင့် လုံခြုံရေးစစ်ကြောင်းများသည် အပလုံရွာ၌ ယနေ့ညပိုင်းတွင်စခန်းချ ညအိပ်နိုင်မည်ဟု ယူဆထားကြောင်း ကေအင်န်ယူတပ်မဟာ(၆)မှ ပြောသည်။

ဘုရားသုံးဆူနယ်စပ်ဖက်သို့တက်လာစဉ် လွန်ခဲ့သည့် စက်တင်ဘာလ(၂၉) ရက်နေ့လည်း အဆိုပါဗျူဟာမှူးနှင့် လုံခြုံရေးစစ်ကြောင်းများအား အပလုံရွာနှင့် မြိုင်သာယာရွာအကြား၌ ကေအင်န်ယူတပ်မဟာ(၆)မှ ပြောက်ကျား ပစ်ခတ်ခဲ့ရာ မြန်မာစစ်တပ်မှတစ်ဦးကျဆုံးမှုရှိခဲ့သည်ဟု ကေအင်န်ယူပြောဆိုချက်ကိုအခြေခံပြီး သတင်းများတွင် ဖေါ်ပြကြသည်။

အထူးသဖြင့် အဆိုပါဒေသသည် ကေအင်န်ယူတပ်မဟာ(၆) လှုပ်ရှားရာ အမာခံနယ်မြေများ ဖြစ်သည်။

“တပ်အပြောင်းအလဲလုပ်ဖို့တက်လာတိုင်း ခြောင်းပစ်ခံခဲ့ရတယ်၊ ခုလည်းမလွဲမသွေထပ်ဖြစ်မှာဘဲ၊ သူတို့သွားလာ လှုပ်ရှားမှုတွေကို ကေအင်န်ယူက သိနေတယ်”ဟု နယ်စပ်စစ်ရေးစောင့်ကြည့်သူများက သုံးသပ်ပြသည်။

ယခုအကြိမ်ဗျူဟာမှူး ဘုရားသုံးဆူနယ်စပ်သို့ လာရောက်ခြင်းသည် ခလရ(၃၂)အစား ခလရ(၂၈၃) တပ်အပြောင်းအလဲပြုလုပ်ရန်ဖြစ်သည်ဟု မြို့ခံစီးပွားရေးလုပ်ငန်းရှင်များ သုံးသပ်ပြောဆိုနေကြသည်။

ယင်းကဲ့သို့ တပ်အပြောင်းအလဲပြုလုပ်တိုင်း စစ်ကြောင်းများပေါ်တာဖမ်းဆီးမှု ပြုလုပ်ခဲ့သည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။

အလားတူ လွန်ခဲ့သော ဇူလိုင် ၁၂ ရက်နေ့တွင်လည်း ဘုရားသုံးဆူဒေသ ချောင်းဆုံကျေးရွာတွင် ခြံအလုပ်လုပ်နေသော မွန်ပြည်သစ်ပါတီမှ အရန်တပ်ဖွဲ့ဝင်သုံးဦးနှင့် တားဒိန်ရွာသား ၂ ဦးကိုလည်း ခမရ ၄၀၉ တပ်ရင်း စစ်ကြောင်းအပြန်ခရီးတွင် ပေါ်တာအဖြစ်ဖမ်းဆီးခေါ်သွားခဲ့သည့်ဖြစ်ရပ်များ ယခင်သတင်းများတွင် ဖေါ်ပြခဲ့သည်။

အဆိုပါပေါ်တာအထမ်းသမားလုပ်အားပေးကိစ္စရပ်များ ပြည်သူလူထုအပေါ်မပြုလုပ်ရန် အာဏာပိုင်များက ညွှန်ကြားချက်များဖြင့် တားမြစ်ချက်များထုတ်ပြန်ထားသော်လည် ရှေ့တန်းစစ်မြေပြင်ရောက် မြန်မာစစ်အစိုးရစစ်ကြောင်းများ အမိန့်နာခံမှုမရှိကြောင်း ဖတ်ရှိရသောသတင်းများအရ သိရသည်။

ဂျပန်ခေတ်တွင် သေမင်းတမန်ရထားလမ်းမှတ်တမ်းပုံ

ယခုဘုရားသုံးဆူဒေသသည် ဂျပန်ခေတ်တွင် ပေါ်တာချွေးတပ်သားများဖမ်းဆီးကာ မီးရထားလမ်း ဖေါက်လုပ် စေခဲ့ရာတွင် လူအစုလိုက်အပြုံလိုက်သေကြေပျက်စီးစေခဲ့သဖြင့် ကမ္ဘာတွင်သေမင်းတမန်လမ်းမကြီးဟု သမိုင်းထင်ရှားခဲ့သည်။


သတင်း အောက်တိုဘာ-၂၀၁၀
သတင်း အောက်တိုဘာ-၂၀၁၀


မွန်ရွာသားနှစ်ဦး သေနတ်ထိမှန်သေဆုံး

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ကို နိုင်ငံသားစီစစ်ရေးကာဒ်ပြားပြုလုပ်ပေးနေ

နိုင်ရှောင်းတို့အဖွဲ့လက်နက်အပ် ပြည်သူ့စစ်လုပ်ပြီ

ဘုရားသုံးဆူမြို့နယ်ခွဲရှိဝန်ထမ်းများ ကိုယ်တိုင်မဲပေးစရာမလို

ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ

မွန်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစခမ်း(၆)ခုဆန်ပြတ်လပ်နေ

မဲဆွယ်စည်းရုံးရန်အတွက်ကြံ့ဖွံ့ပါတီမှ ကော့သောင်းတွင်ယာယီမှတ်ပုံတင်ပြုလုပ်ပေးနေ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး တနေရာထဲပြောင်းရွှေ့ရန် စစ်အစိုးရမှညွှန်ကြား

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်

မွန်ရွာတစ်ရွာ၌ မြန်မာစစ်တပ်ဓါးပြတိုက်သည့်အပြင်လူသတ်မှုပါပြုလုပ်ခဲ့

ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ်ပြောက်ကျားအပစ်ခတ်ခံရ

အရှေ့ပိုင်းဆိုင်ရာနော်ဝေးမစ်ရှင်အဖွဲ့မှ ချင်းအမျိုးသားတစ်ဦးကို စိန့်စတီဗင်ဆုချီးမြင့်မည်

ဂီတမွန်အဖွဲ့မှအဆိုတော်များ ရွေးကောက်ပွဲသီချင်းမဆို

ဘုရားသုံးဆူနယ်စပ်တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ် လူဖြတ်သန်းသွားလာခွင့်ပြု

မှန်လုံယာဉ်တိမ်းမှောက်ဒဏ်ရာရရှိ သူများအနက် မြန်မာတစ်ဦးသေဆုံး

မြန်မာယာယီပတ်စပို့ပြုလုပ်သူကားတစ်စီး တိမ်းမှောက်ခဲ့ရာတွင်သေဆုံးသူမရှိ

ချင်းပြည်နယ်အပယ်ဖျက်ခံကြံ့ဖွံ့ကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံအောင်မြင်

မြဝတီမြို့၌ မိုင်းဗုံးတစ်လုံးပေါက်

(MAU)၏ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေသည်ဟု နိုင်ငွေသိန်းမှပြော

ပေါ်တာအဖမ်းဆီးခံရွာသား(၅)ဦး ယခုအထိပြန်မလွတ်သေး

ဗျူဟာမှူးရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကိုပေါ်တာဆွဲ

ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်းပေးငှါးရ

မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ ၄င်းတို့ဧ။် မူဝါဒ၊ သဘောထား၊ လုန်ငန်းစဉ်တို့ကို ဟောပြောတင်ပြ (ဟောပြောတင်ပြချက်)

မွန်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပစ်ခတ်ခံရ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views