အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်းပေးငှါးရ
သတင်း
Share |

ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်းပေးငှါးရ

ကောင်းဝါ
တော်သလင်းလဆုတ် ၁၁ရက်။အောက်တိုဘာ ၄၊ ၂၀၁၀။

မွန်ပြည်နယ် ရေးမြို့နယ် အင်ဒင်းကျေးရွာအုပ်စု၌ ဒေသခံခလရ(၆၁)တပ်ရင်းမှ ဖိအားပေးခဲ့သည့်အတွက်ကြောင့် ယ္ခုရက်ပိုင်းအတွင်း ဗမာ့တပ်ထွက်များကို တလငါးသောင်းပေးပြီး ကျေးရွာပြည်သူ့စစ်ဖွဲ့စည်းခဲ့ရသည်ဟုဒေသခံ ရွာသား တစ်ဦးကပြောပါသည်။

Anndin village Ye, Mon State

ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက်   ကျေးရွာသားများနှင့်  ရဟန်းသံဃာတော်များကန့်ကွက်  နေသည့် ကြား၌ ကျေးရွာအုပ်စုဥက္ကဌနိုင်သာနိုးသည် ခလရ(၆၁)တပ်ရင်းမှ လက်နက်များယူဆောင်လာပြီး ကျေးရွာပြည်သူ့စစ် ဖွဲ့စည်း ခဲ့သည်ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးက ပြောပါသည်။

ဤဒေသ၌ ကျေးရွာပြည်သူ့စစ်လုပ်ချင်မည့်သူ မရှိသည့်အတွက် ခလရ(၆၁)မှ ရဲဘော်ဟောင်း(၆)ယောက်ကို တစ်လငါးသောင်းဆီပေးပြီး ငှားရမ်းခဲ့ရသည်ဟု   လည်းပြောပါသည်။

အယင်းအတွက်ကြောင့် ကျေးရွာအုပ်စုထဲရှိ ရွာသား များမှ တစ်လလျှင် ငွေကြေးရှစ်သိန်းကောက်ခံသွားမည်ဟု ကျေးရွာရယကအဖွဲ့ဝင်တစ်ဦးကပြောပါသည်။

ရေးမြို့နယ်အင်ဒင်းကျေးရွာအုပ်စုသည် ခြံလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်း ပြုနေကြရပါသည်။

ပြီးခဲ့သည့်နှစ် နွေပိုင်း၌ အပူရှိန်ရိုက်ခတ်ခဲ့သည့်အတွက်ကြောင့် ကွမ်းသီးပင်တွေအသေအပျောက်များပြီး ကွမ်းအထွက်နှုန်းလဲ ထက်ဝက် ကျော် လျော့ကျခဲ့ပါသည်။

ယ္ခုကဲ့သို့ ကျေးရွာပြည်သူ့စစ်များအတွက် ငွေကြေးလစဉ်ပေးဆောင်ရမည်ဆိုလျှင် ဒေသခံပြည် သူများအတွက် အခက်အခဲများနှင့် တွေ့ကြုံနေရမည်ဟု ခြံလုပ်ငန်းရှင်တစ်ဦးကပြောပါသည်။

ဤကဲ့သို့ ကျေးရွာပြည်သူ့စစ်ဖွဲ့စည်းလိုက်သည့်အတွက် ထိုဒေသများ၌ မွန်ပြည်သစ်ပါတီ၏သြဇာအရှိန်အဝါ ကျဆင်းသွားရန်နှင့် နယ်မြေခံသတင်းပေးများ မွေးထုတ်သွားရန်အစီအစဉ်ရှိသည်ဟု မွန်ပြည်သစ်ပါတီမှအမည် မဖေါ်လိုသူ ဗိုလ်မှူးတစ်ဦးကပြောပါသည်။


သတင်း အောက်တိုဘာ-၂၀၁၀
သတင်း အောက်တိုဘာ-၂၀၁၀


မွန်ရွာသားနှစ်ဦး သေနတ်ထိမှန်သေဆုံး

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ကို နိုင်ငံသားစီစစ်ရေးကာဒ်ပြားပြုလုပ်ပေးနေ

နိုင်ရှောင်းတို့အဖွဲ့လက်နက်အပ် ပြည်သူ့စစ်လုပ်ပြီ

ဘုရားသုံးဆူမြို့နယ်ခွဲရှိဝန်ထမ်းများ ကိုယ်တိုင်မဲပေးစရာမလို

ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ

မွန်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစခမ်း(၆)ခုဆန်ပြတ်လပ်နေ

မဲဆွယ်စည်းရုံးရန်အတွက်ကြံ့ဖွံ့ပါတီမှ ကော့သောင်းတွင်ယာယီမှတ်ပုံတင်ပြုလုပ်ပေးနေ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး တနေရာထဲပြောင်းရွှေ့ရန် စစ်အစိုးရမှညွှန်ကြား

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်

မွန်ရွာတစ်ရွာ၌ မြန်မာစစ်တပ်ဓါးပြတိုက်သည့်အပြင်လူသတ်မှုပါပြုလုပ်ခဲ့

ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ်ပြောက်ကျားအပစ်ခတ်ခံရ

အရှေ့ပိုင်းဆိုင်ရာနော်ဝေးမစ်ရှင်အဖွဲ့မှ ချင်းအမျိုးသားတစ်ဦးကို စိန့်စတီဗင်ဆုချီးမြင့်မည်

ဂီတမွန်အဖွဲ့မှအဆိုတော်များ ရွေးကောက်ပွဲသီချင်းမဆို

ဘုရားသုံးဆူနယ်စပ်တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ် လူဖြတ်သန်းသွားလာခွင့်ပြု

မှန်လုံယာဉ်တိမ်းမှောက်ဒဏ်ရာရရှိ သူများအနက် မြန်မာတစ်ဦးသေဆုံး

မြန်မာယာယီပတ်စပို့ပြုလုပ်သူကားတစ်စီး တိမ်းမှောက်ခဲ့ရာတွင်သေဆုံးသူမရှိ

ချင်းပြည်နယ်အပယ်ဖျက်ခံကြံ့ဖွံ့ကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံအောင်မြင်

မြဝတီမြို့၌ မိုင်းဗုံးတစ်လုံးပေါက်

(MAU)၏ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေသည်ဟု နိုင်ငွေသိန်းမှပြော

ပေါ်တာအဖမ်းဆီးခံရွာသား(၅)ဦး ယခုအထိပြန်မလွတ်သေး

ဗျူဟာမှူးရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကိုပေါ်တာဆွဲ

ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်းပေးငှါးရ

မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ ၄င်းတို့ဧ။် မူဝါဒ၊ သဘောထား၊ လုန်ငန်းစဉ်တို့ကို ဟောပြောတင်ပြ (ဟောပြောတင်ပြချက်)

မွန်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပစ်ခတ်ခံရ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views