အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ
သတင်း
Share |

ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ

ဆူးပန်း၊ ကောင်းဝါ
သီတင်းကျွတ်လပြည့်။အောက်တိုဘာ ၂၃၊၂၀၁၀။

ဆူးပန်း(အောက်တိုဘာ-၂၃)။ ။ ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးစီးခြင်း မရှိသေးသော်လည်း စစ်အစိုးရကနေ နိုင်ငံတော်အလံဟောင်းကိုဖြုတ်ချ ကာ ဗေဒင်ကိန်းခန်းအရ အလံသစ်တင်ပွဲအခန်းအနားကို အောက်တိုဘာ(၂၁)ရက် မွန်းလွှဲ(၃)နာရီအချိန် နိုင်ငံတစ်ဝှမ်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အလားတူ ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူမြို့မှာလဲ အလံသစ်တင်ပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါနိုင်ငံတော်အလံသစ်တင်ပွဲအခန်းအနားကိုတက်ရောက်ခဲ့သူ မြို့ခံတစ်ဦးကိုဆက်သွယ် မေးမြန်းရာတွင်အခုလိုပြောပါသည်။

"သူတို့သတ်မှတ်ထားတဲ့အချိန်အတိုင်းဘဲ။ ဗမာ(၃)နာရီထိုင်း(၃)နာရီခွဲတိတိဘဲ။ သူတို့လုပ်တာကအခန်းအနား ကြီးကမြို့နယ်ရုံးမှာလုပ်တယ်လေ။ စစ်တပ်ကရယ် မြို့နယ်အာဏာပိုင်တွေရယ် ဝန်ထမ်းတွေစုစုပေါင်း(၁ဝဝ) လောက်တက်တယ်။  အဲဒီအလံဟောင်းကိုအင်္ဂါသား ဒုရဲအုပ်ဇော်ဦးချပြီးတော့ ဗုဒ္ဓွဟူးသား ဒုရဲအုပ်ဝင်းနိုင်ဦးက တင်တယ်လေ။ သူ့တို့ကိုညွှန်ကြားထားတဲ့အစီအစဉ်မှာကိုကပါတယ်လေ။ အဟောင်းကိုမီးရှူံ့ပြီး မြေမြုပ်ရမယ် ဆိုတာက လူရှေ့တွေမှာလုပ်တာမတွေ့ရဘူး။ နောက်ကွယ်မှာလုပ်မယ်လို့ ယူဆတယ်ခင်ဗျာ့။"

နိုင်ငံတော်အလံသစ်တင်ပွဲအခန်းအနား အစီအရင်များသည် ဗေဒင်ကိန်းခန်းကိုမှီပြီး လုပ်ဆောင်ခဲ့သည် ဟုလည်းပြည်သူများအကြား ပြောဆိုမှုတွေရှိခဲ့ပါသည်။ ဤဖြစ်စဉ်နဲ့ပက်သက်ပြီး နိုင်ငံကျော်နက္ခတ်ဗေဒင် ပညာရှင် တစ်ဦးဖြစ်သည့် ဆရာစံဇာဏီဗိုလ်ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် အခုလိုသုံးသပ်ပြောဆိုခဲ့သည်။

"ဗေဒင်ကိန်းခန်းအရကတော့ ဒီနေ့ရက်ရာဇာကျတဲ့နေ့ဘဲလေ။ ဒီနေ့က(၂၁)ရက်နေ့ဒီအောက်တိုဘာမှာ တနင်္ဂနွေဂြိုဟ်ရယ် ဗုဒ္ဓွဟူးဂြိုဟ်ရယ် သောကြာဂြိုဟ်ရယ်(၃)ခုပေါင်းထားတယ်လေ။ (၃)ခုပေါင်းထားပြီးတော့ ဒီ တူရာသီမှာတည်ရှိနေတဲ့အနေအထားရှိတယ်လေ။ ဒီနေ့ကိုတော့ သူတို့ကတော့ အပြောင်းအလဲတစ်ခုခုအတွက် ဒီ နေ့ရဲ့ဇာတာမှာ အင်္ဂါကအောက်ရတယ်။ ကြာသာပတေးအောက်ရတယ်။ သောကြာအောက်ရတယ်။ ဒါကတော့ အပြောင်းအလဲတစ်ခုခုအတွက် သူတို့စီစဉ်တဲ့သဘောပါဘဲ။ ဒီနိုင်ငံမှာတော့ နိုင်ငံအတွက်တော့ ကျွန်တော်တို့ မပြောတတ်ဘူးဗျ။ ဒီနေ့ကတော့ရက်ရာဇာဆိုတော့ ဒီနေ့လုပ်တဲ့ကိစ္စဟာ ကောင်းရင်လည်း အရမ်းကောင်း သွားနိုင်တယ်။ ဆိုးရင်လည်းအရမ်းဆိုးသွားနိုင်တဲ့ တုန့်ပြန်မှုတွေရှိတယ်လေ။ ဒါပေမဲ့ ပညာရှင်တစ်ယောက်က ဒီအချိန်ကိုသူတို့ပေးထားတာကတော့ ဘယ်သဘောနဲ့သူတို့ကိုဆောင်ပြီး ပေးထားတာလဲဆိုတာ ကျွန်တော်တို့ နားမလည်ပါဘူး။"

နိုင်ငံတော်အလံသစ်ကိုတင်ရာ၌ ယတြာကိန်းခန်းအရလုပ်ဆောင်နေသည်ဟု နက္ခဗေဒပညာရှင် အသိုင်း အဝိုင်းကနေ သုံးသပ်ပြောဆိုမှုတွေလည်းရှိနေပါသည်။ နိုင်ငံတော်အလံသစ်တွင် အဝါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင်ခြယ်ထားပြီး အလယ်ဗဟိုတွင် အဖြူရောင်ကြယ်ကြီးတလုံးပါရှိသည်။

အခုအသုံးပြုမည့်အလံသစ်သည် အင်္ဂလိပ်ခေတ်နှောင်းပိုင်း(၁၉၄၃-၁၉၄၅)ခုနှစ်တွေမှာအသုံးပြုခဲ့သည့် ဒို့ဗမာအစည်းအရုံး၏ သုံးရောင်ချယ်အလံ ကို အခြေခံပြီး ကဒေါင်းနေရာ၌ ကြယ်ဖြူကိုအစားထိုးကာ နိုင်ငံတော်အလံအသစ်အဖြစ် အသုံးပြုခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။

(၂ဝဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပမည့်နေ့မှစ၍ အာဏာတည်မည်ဟုဆိုထားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အလံသစ်ကိုလည်း ၄င်းနေ့မှစ၍စတင်ပြောင်းလဲ အသုံးပြုရမည်ဟု ပြဌာန်းချက်ရှိသော်လည်း ယခုလို ရွေးကောက်ပွဲမကျင်းပခင်မှာ နိုင်ငံတော်အလံဟောင်းကိုဖြုတ်ချပြီး အလံအသစ်ကိုပြောင်းလဲ အသုံးပြုနေခြင်း သည် မိမိစိတ်ကြိုက်ရေးဆွဲထားသောအခြေခံဥပဒေကို မိမိပြန်လည်ချိုးဖေါက်နေခြင်းဖြစ်သည်ဟု  နိုင်ငံရေးပါတီ ခေါင်းဆောင်များမှ သုံးသပ်မှုတွေလဲရှိနေပါသည်။

         


သတင်း အောက်တိုဘာ-၂၀၁၀
သတင်း အောက်တိုဘာ-၂၀၁၀


မွန်ရွာသားနှစ်ဦး သေနတ်ထိမှန်သေဆုံး

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ကို နိုင်ငံသားစီစစ်ရေးကာဒ်ပြားပြုလုပ်ပေးနေ

နိုင်ရှောင်းတို့အဖွဲ့လက်နက်အပ် ပြည်သူ့စစ်လုပ်ပြီ

ဘုရားသုံးဆူမြို့နယ်ခွဲရှိဝန်ထမ်းများ ကိုယ်တိုင်မဲပေးစရာမလို

ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ

မွန်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစခမ်း(၆)ခုဆန်ပြတ်လပ်နေ

မဲဆွယ်စည်းရုံးရန်အတွက်ကြံ့ဖွံ့ပါတီမှ ကော့သောင်းတွင်ယာယီမှတ်ပုံတင်ပြုလုပ်ပေးနေ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး တနေရာထဲပြောင်းရွှေ့ရန် စစ်အစိုးရမှညွှန်ကြား

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်

မွန်ရွာတစ်ရွာ၌ မြန်မာစစ်တပ်ဓါးပြတိုက်သည့်အပြင်လူသတ်မှုပါပြုလုပ်ခဲ့

ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ်ပြောက်ကျားအပစ်ခတ်ခံရ

အရှေ့ပိုင်းဆိုင်ရာနော်ဝေးမစ်ရှင်အဖွဲ့မှ ချင်းအမျိုးသားတစ်ဦးကို စိန့်စတီဗင်ဆုချီးမြင့်မည်

ဂီတမွန်အဖွဲ့မှအဆိုတော်များ ရွေးကောက်ပွဲသီချင်းမဆို

ဘုရားသုံးဆူနယ်စပ်တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ် လူဖြတ်သန်းသွားလာခွင့်ပြု

မှန်လုံယာဉ်တိမ်းမှောက်ဒဏ်ရာရရှိ သူများအနက် မြန်မာတစ်ဦးသေဆုံး

မြန်မာယာယီပတ်စပို့ပြုလုပ်သူကားတစ်စီး တိမ်းမှောက်ခဲ့ရာတွင်သေဆုံးသူမရှိ

ချင်းပြည်နယ်အပယ်ဖျက်ခံကြံ့ဖွံ့ကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံအောင်မြင်

မြဝတီမြို့၌ မိုင်းဗုံးတစ်လုံးပေါက်

(MAU)၏ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေသည်ဟု နိုင်ငွေသိန်းမှပြော

ပေါ်တာအဖမ်းဆီးခံရွာသား(၅)ဦး ယခုအထိပြန်မလွတ်သေး

ဗျူဟာမှူးရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကိုပေါ်တာဆွဲ

ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်းပေးငှါးရ

မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ ၄င်းတို့ဧ။် မူဝါဒ၊ သဘောထား၊ လုန်ငန်းစဉ်တို့ကို ဟောပြောတင်ပြ (ဟောပြောတင်ပြချက်)

မွန်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပစ်ခတ်ခံရ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views