အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ
သတင်း
Share |

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ

မင်းချမ်း၊ ကောင်းဝါ
သီတင်းကျွတ်လဆန်း၁၂ရက်။အောက်တိုဘာ ၂၁၊၂၀၁၀။

မင်းချမ်း(အောက်တိုဘာ-၂၁)။ ။ လာမည့်နိုဝင်ဘာလ(၇) ရက်နေ့တွင်ကျင်းပမည့် (၂၀၁၀) ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန် မွန်မြန်မာနှစ်ဘာသာဖြင့် မွန်လူငယ်များသို့တိုက်တွန်းသည့် အိပ်ဖွင့်ပေးစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

MYPO Mon Youth Progressive Organization (MYPO) ခေါ် တိုးတက်သောမွန်လူငယ်များအစည်းအရုံးမှ အဆိုပါရွေးကောက်ပွဲဆန့်ကျင်သည့်အိပ်ဖွင့်ပေးစာကို ယမန်နေ့ရက်စွဲဖြင့် ပေးပို့ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

“ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ကျမတို့မွန်လူငယ်တွေကိုလည်း အဲဒီအိပ်ဖွင့်ပေးစာရွက်တွေကို ဖြန့်ဝေနေပါတယ်၊ ပြည်တွင်းကိုဆက်သွယ်တဲ့အခါ ဒီရွေးကောက်ပွဲကိုလက်မခံဖို့နဲ့ မဲသွားမပေးကြဖို့ သူတို့မိသားစုတွေကို တိုက်တွန်းပြောဆိုနိုင်မှာပါ” ဟု လက်ရှိ MYPO ဥက္ကဌမိအိုင်စွန်းကယုံကြည်ကြောင်း ဆက်သွယ်မေးမြန်းချက်တွင် ပြောသည်။

ထို့နောက် “ပြည်တွင်းမှာ အင်တာနက်သုံးစွဲတဲ့မွန်လူငယ်တွေကတဆင့် လူငယ်အချင်းချင်းတွေအကြား ဒီအိပ်ဖွင့်ပေးစာကို ဆက်ပြီးဖြန့်ဝေသွားကြမယ်” ဟုလည်း မိအိုင်စွန်းက ပြောသည်။
“သင်၏မဲတစ်မဲကြောင့် နအဖအသက်မရှည်ပါစေနှင့်”၊ “မဲမပေးခြင်းသည် ကျန်ုပ်တို့၏အခွင့်အရေးဖြစ်သည်” ဟု အဆိုပါပေးစာ၌ အဓိကအသားပေး ဖေါ်ပြခဲ့သည်။

(၂၀၁၀) ရွေးကောက်ပွဲကို လက်နက်ကိုင်မွန်ပြည်သစ်ပါတီ NMSPနှင့် (၁၉၉၀) ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF တို့က လက်မခံဟု အကြိမ်ကြိမ်အတိအလင်းထုတ်ဖေါ်ပြောကြားခဲ့သည်။
ထို့အတူ ပြီးခဲ့သည့်လတွင်လည်း Mon Affair Union (MAU) ခေါ် မွန်အမျိုးသားရေးရာအဖွဲ့ချုပ်ကလည်း (၂၀၁၀)ရွေးကောက်ပွဲ ဆန့်ကျင်ရေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပြည်ပအခြေစိုက် မွန်အမျိုးသားကောင်စီမှလည်း (၂၀၁၀) ရွေးကောက်ပွဲတွင်ပါဝင်မည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMRDP အား ကန့်ကွက်သည့် အိပ်ဖွင့်ပေးစာများ Monnet အွန်လိုင်းကွန်ယက်မှတဆင့် ပေးပို့ခဲ့သည်။

သို့ရာတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌနိုင်ငွေသိန်းက ယခုရွေးကောက်ပွဲတွင် ၄င်းတို့၏ပါတီ (၈၀) ရာနှုန်းခန့် အနိုင်ရလိမ့်မည်ဟုမျှော်လင့်ထားကြောင်း သတင်းဌာနများသို့ ပြောဆိုခဲ့သည်။
AMRDP သည် ပြည်တွင်းရှိမွန်အမျိုးသားများကိုယ်စားပြုသည့် တစ်ခုတည်းသောပါတီဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ရည်မှန်းချက်မှာ စစ်မှန်သောဒီမိုကရေစီစနစ်ထွန်းကားရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအပြည့်အဝရရှိရေး၊ လောကပါလတရားသုံးပါးနှင့်ပြည့်စုံသောလူနေမှုဘဝရှိသည့် တန်းတူညီမျှမှုရှိသော ပြည်ထောင်စုကြီး တည်ဆောက်ရေးဟု မကြာမီရက်ပိုင်းကထုတ်ဝေသော ၄င်းပါတီစာစောင်တွင် ရေးသားဖေါ်ပြထားသည်။“ ၂၀၀၈ ဖွဲ့စည်းပုံအရ ပါလီမန်လွှတ်တော်အတွင်း ဒီမိုကရေစီရေး၊ အမျိုးသားရေးအတွက် တိုက်ပွဲဝင်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူးလို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုပြောချင်တယ်” ဟု မိအိုင်စွန်းက ပြောသည်။

MYPO ခေါ် တိုးတက်သောမွန်လူငယ်များအစည်းအရုံးကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။


သတင်း အောက်တိုဘာ-၂၀၁၀
သတင်း အောက်တိုဘာ-၂၀၁၀


မွန်ရွာသားနှစ်ဦး သေနတ်ထိမှန်သေဆုံး

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ကို နိုင်ငံသားစီစစ်ရေးကာဒ်ပြားပြုလုပ်ပေးနေ

နိုင်ရှောင်းတို့အဖွဲ့လက်နက်အပ် ပြည်သူ့စစ်လုပ်ပြီ

ဘုရားသုံးဆူမြို့နယ်ခွဲရှိဝန်ထမ်းများ ကိုယ်တိုင်မဲပေးစရာမလို

ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ

မွန်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစခမ်း(၆)ခုဆန်ပြတ်လပ်နေ

မဲဆွယ်စည်းရုံးရန်အတွက်ကြံ့ဖွံ့ပါတီမှ ကော့သောင်းတွင်ယာယီမှတ်ပုံတင်ပြုလုပ်ပေးနေ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး တနေရာထဲပြောင်းရွှေ့ရန် စစ်အစိုးရမှညွှန်ကြား

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်

မွန်ရွာတစ်ရွာ၌ မြန်မာစစ်တပ်ဓါးပြတိုက်သည့်အပြင်လူသတ်မှုပါပြုလုပ်ခဲ့

ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ်ပြောက်ကျားအပစ်ခတ်ခံရ

အရှေ့ပိုင်းဆိုင်ရာနော်ဝေးမစ်ရှင်အဖွဲ့မှ ချင်းအမျိုးသားတစ်ဦးကို စိန့်စတီဗင်ဆုချီးမြင့်မည်

ဂီတမွန်အဖွဲ့မှအဆိုတော်များ ရွေးကောက်ပွဲသီချင်းမဆို

ဘုရားသုံးဆူနယ်စပ်တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ် လူဖြတ်သန်းသွားလာခွင့်ပြု

မှန်လုံယာဉ်တိမ်းမှောက်ဒဏ်ရာရရှိ သူများအနက် မြန်မာတစ်ဦးသေဆုံး

မြန်မာယာယီပတ်စပို့ပြုလုပ်သူကားတစ်စီး တိမ်းမှောက်ခဲ့ရာတွင်သေဆုံးသူမရှိ

ချင်းပြည်နယ်အပယ်ဖျက်ခံကြံ့ဖွံ့ကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံအောင်မြင်

မြဝတီမြို့၌ မိုင်းဗုံးတစ်လုံးပေါက်

(MAU)၏ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေသည်ဟု နိုင်ငွေသိန်းမှပြော

ပေါ်တာအဖမ်းဆီးခံရွာသား(၅)ဦး ယခုအထိပြန်မလွတ်သေး

ဗျူဟာမှူးရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကိုပေါ်တာဆွဲ

ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်းပေးငှါးရ

မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ ၄င်းတို့ဧ။် မူဝါဒ၊ သဘောထား၊ လုန်ငန်းစဉ်တို့ကို ဟောပြောတင်ပြ (ဟောပြောတင်ပြချက်)

မွန်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပစ်ခတ်ခံရ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views