အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်
သတင်း
Share |

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်

မင်းထက်အောင်၊ ကောင်းဝါ
သီတင်းကျွတ်လဆန်း၁၁ရက်။အောက်တိုဘာ ၁၉၊၂၀၁၀။

မင်းထက်အောင်(အောက်တိုဘာ-၁၉)။ ။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်း စီဒီအချပ်များ ယခုရက်ပိုင်းအတွင်း အခမဲ့ဖြန့်ဝေတော့မည်ဟု မွန်အဆိုတော် စမိုင်းချမ်းကပြောသည်။

“စီဒီချပ်တွေရန်ကုန်ကနေကူးပြီးလို့ မနေ့ကပဲမွန်ပြည်နယ်ကိုပို့လိုက်ပြီ၊ အမြန်ဖြန့်မှာဆိုတော့ နက်ဖြန်လောက်မှာ ပရိသတ်လက်ထဲရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု စမိုင်းချမ်းက ပြောသည်။

မွန်အဆိုတော်များ ဖြစ်ကြသည့် နိုင်ကျန်ရစ်၊ စမိုင်းချမ်း၊ အဂ္ဂ၊ မင်းသက္က၊ အီကိုတာရာ၊ အမျိုးသမီးအဆိုတော် စန္ဒာအောင်၊ ပိုန်ဒေဝီ တို့ပါဝင်သီဆိုကြသည်ဟု သိရသည်။

ထို့အတူ ကျိုက်မရောသူ မြန်မာအဆိုတော် “လိမ္မော်သီး” လည်းပါဝင်သီဆိုခဲ့သည်ဟု စမိုင်းချမ်းပြောသည်။
မူလကရည်ရွယ်ထားသော အဆိုတော် “လဝီ” သီချင်းအား “သူရိယျမာန်” အစားထိုးသီဆိုသည်ဟု လဝီက ပြောသည်။

“ကျနော့်အတွက်စပ်ဆိုထားတဲ့သီချင်းက ကျနော်အဆိုနဲ့မလိုက်ဖက်ဘူး၊ အနုပညာကို အနုပညာပေတံနဲ့ပဲ တိုင်းတာစေချင်တယ်” ဟု လဝီက ပြောသည်။

Smile Chanစမိုင်းချမ်း

စမိုင်းချမ်းက “ကျနော့်အနေနဲ့ ဒီမွန်ပါတီသစ်မှာ ကျနော်တို့ဂီတဆရာတွေကခေါင်းဆောင်ဖြစ်နေတာမို့ ပုဂ္ဂိုလ်ရေးအရတကြောင်း၊ သီချင်းစာသားကလည်း ကျနော်နဲ့ကိုက်ညီလို့ ဆိုဖြစ်တာပါ” ဟုပြောသည်။

စမိုင်းချမ်း သီဆိုသည့် မွန်သီချင်းအမည်မှာ “မွန်ကိုမဲပေးကြပါ” ဟုသိရသည်။

ထို့အပြင် ဂီတမွန်အဖွဲ့သားများ တစ်ဦးတစ်ယောက်မှ မွန်ဒေသလုံးဆိုင်ရာပါတီအတွက် မဲဆွယ်သီချင်း လုံးဝမဆိုဖြစ်ဟု စမိုင်းချမ်းကပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် ဥက္ကဌနိုင်ငွေသိန်းနှင့် နိုင်ကျန်ရစ်တို့မှာ မွန်ဂီတအစည်းအရုံးနာယကဝင်များ ဖြစ်ကြသည်ဟု မှတ်တမ်းများအရ သိရသည်။

မွန်ဒေသလုံးဆိုင်ရာပါတီသည် မွန်အမျိုးသားကိုယ်စားပြုပါတီတစ်ရပ်အဖြစ် လာမည့်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု သိရသည်။

သို့ရာတွင် ၂၀၁၀ ရွေးကောက်ပွဲအား မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တို့လက်မခံကြသလို MAU ခေါ် မွန်အမျိုးသားရေးရာအဖွဲ့ချုပ်ကလည်း ဆန္ဒမဲပေးမှုကို မွန်ပြည်သူများဆန့်ကျင်သွားရန် ပြီးခဲ့သည့်လအတွင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။


သတင်း အောက်တိုဘာ-၂၀၁၀
သတင်း အောက်တိုဘာ-၂၀၁၀


မွန်ရွာသားနှစ်ဦး သေနတ်ထိမှန်သေဆုံး

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ကို နိုင်ငံသားစီစစ်ရေးကာဒ်ပြားပြုလုပ်ပေးနေ

နိုင်ရှောင်းတို့အဖွဲ့လက်နက်အပ် ပြည်သူ့စစ်လုပ်ပြီ

ဘုရားသုံးဆူမြို့နယ်ခွဲရှိဝန်ထမ်းများ ကိုယ်တိုင်မဲပေးစရာမလို

ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် မွန်လူငယ်များသို့တိုက်တွန်းချက်အိပ်ဖွင့်ပေးစာရေးသားဖြန့်ဝေ

မွန်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစခမ်း(၆)ခုဆန်ပြတ်လပ်နေ

မဲဆွယ်စည်းရုံးရန်အတွက်ကြံ့ဖွံ့ပါတီမှ ကော့သောင်းတွင်ယာယီမှတ်ပုံတင်ပြုလုပ်ပေးနေ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး တနေရာထဲပြောင်းရွှေ့ရန် စစ်အစိုးရမှညွှန်ကြား

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲဆွယ်သီချင်းအခမဲ့ဖြန့်ဝေတော့မည်

မွန်ရွာတစ်ရွာ၌ မြန်မာစစ်တပ်ဓါးပြတိုက်သည့်အပြင်လူသတ်မှုပါပြုလုပ်ခဲ့

ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ်ပြောက်ကျားအပစ်ခတ်ခံရ

အရှေ့ပိုင်းဆိုင်ရာနော်ဝေးမစ်ရှင်အဖွဲ့မှ ချင်းအမျိုးသားတစ်ဦးကို စိန့်စတီဗင်ဆုချီးမြင့်မည်

ဂီတမွန်အဖွဲ့မှအဆိုတော်များ ရွေးကောက်ပွဲသီချင်းမဆို

ဘုရားသုံးဆူနယ်စပ်တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ် လူဖြတ်သန်းသွားလာခွင့်ပြု

မှန်လုံယာဉ်တိမ်းမှောက်ဒဏ်ရာရရှိ သူများအနက် မြန်မာတစ်ဦးသေဆုံး

မြန်မာယာယီပတ်စပို့ပြုလုပ်သူကားတစ်စီး တိမ်းမှောက်ခဲ့ရာတွင်သေဆုံးသူမရှိ

ချင်းပြည်နယ်အပယ်ဖျက်ခံကြံ့ဖွံ့ကိုယ်စားလှယ်လောင်းနှစ်ဦး အယူခံအောင်မြင်

မြဝတီမြို့၌ မိုင်းဗုံးတစ်လုံးပေါက်

(MAU)၏ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေသည်ဟု နိုင်ငွေသိန်းမှပြော

ပေါ်တာအဖမ်းဆီးခံရွာသား(၅)ဦး ယခုအထိပြန်မလွတ်သေး

ဗျူဟာမှူးရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကိုပေါ်တာဆွဲ

ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်းပေးငှါးရ

မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရေစီပါတီ ၄င်းတို့ဧ။် မူဝါဒ၊ သဘောထား၊ လုန်ငန်းစဉ်တို့ကို ဟောပြောတင်ပြ (ဟောပြောတင်ပြချက်)

မွန်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပစ်ခတ်ခံရ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views