အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
အလယ်တန်းကျောင်းသူများအသုံးချပြီး ပြည်ခိုင်ဖြိုးပါတီစည်းရုံး
သတင်း
Share |

အလယ်တန်းကျောင်းသူများအသုံးချပြီး ပြည်ခိုင်ဖြိုးပါတီစည်းရုံး

မင်းထက်အောင်၊ ကောင်းဝါ
သီတင်းကျွတ်လကွယ် ၁၃ရက်။နိုဝင်ဘာ ၅၊၂၀၁၀။

မင်းထက်အောင်(နိုဝင်ဘာ-၅)။ ။ မော်လမြိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီမှ ခုနှစ်တန်း၊ရှစ်တန်းကျောင်းသူများကိုအသုံးပြုပြီး မဲဆွယ်စည်းရုံးရေးဆင်းနေရကြောင်း ပြည်တွင်းမှ လူငယ်တစ်ဦးသတင်းရေးသားပေးပို့ချက်အရ သိရသည်။

သက်ဆိုင်ရာရယကမှ အတင်းအကြပ်အမိန့်ပေး စေခိုင်းမှုကြောင့် ထိုကဲ့သို့မဲဆွယ်နေရခြင်း ဖြစ်ကြောင်း ကျောင်းသူများကဒေသခံများကိုပြောသည်ဟု ယင်းသတင်းပေးပို့ချက်တွင် ဖေါ်ပြပါရှိသည်။

ထို့အပြင် မော်လမြိုင်မြို့အတွင်းရှိ ရယကရုံးများတွင် မဲနံပါတ်သွားရောက်ကြည့်ရှု တောင်းခံသူများကိုလည်း ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေး စာရွက်များပေးဝေခဲ့သည်ဟုလည်း သိရသည်။

လွန်ခဲ့သည့်နှစ်ရက်ခန့်က ပြည်ခိုင်ဖြိုးပါတီမဲဆွယ်စာစောင်များတွင် လူတချို့က ညစ်ညမ်းသောစာသားများ ရေးသားထည့်သွင်းပြီး မော်လမြိုင်မြို့အနှံ့ကြဲခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးကပြောသည်။

ရွေးကောက်ပွဲရက်နီးကပ်လာသည်နှင့်အမျှ ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးလုပ်ငန်းများကို တရားမျှတသည်ဖြစ်စေ၊ မမျှတသည်ဖြစ်စေတိုးမြှင့်လုပ်ဆောင်နေကြောင်း မော်လမြိုင်မြို့ခံ ရှေ့နေတစ်ဦး ပြောသည်။

“အရှေ့တောင်တိုင်းက တပ်မိသားစုတွေလည်း ကြံ့ဖွတ်လုပ်ကိုင်ပုံကို မကြေနပ်လို့ တခြားပါတီ တွေကိုပဲ မဲပေးကြမှာ၊ ဒါပေမယ့် ကြိုတင်မဲဆိုပြီး အရာရှိတွေရှေ့မှာထည့်ခိုင်းရင်တော့ ဘာမှလည်းမတတ်နိုင်ပါဘူး” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်တရပ်၌ ထိုသို့ယူဆပြောဆိုခဲ့သည်။

နယ်မြို့များ၌ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးဆင်းရာတွင် ၄င်းတို့ပါတီသည် မွန်ဖြစ်သည်ဟုလည်း ဒေသခံများကြားတွင် လိမ်လည်ပြောဆိုစည်းရုံးမှုများ ပြုလုပ်နေသည်။

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဝင်အချို့ကလည်း ကျေးရွာအချို့၌ ဒေသခံကျောင်းသူများကို မွန်တိုင်းရင်းသားဝတ်စုံဝတ်ဆင်စေ၍ စည်းရုံးရေးဆင်းခိုင်းနေသည်ကိုလည်း တွေ့ရှိရသည်။

အလားတူ မန္တလေးမြို့ပြည်ခိုင်ဖြိုးဆိုင်းဘုတ်တင်ပွဲတစ်ခုတွင်လည်း မြန်မာအမျိုးသမီးများကို မွန်တိုင်းရင်းသူဝတ်စုံဝတ်ဆင်စေကာ လုပ်ကြံဝါဒဖြန့်မှုများ ပြုလုပ်ခဲ့သည်ကို အင်တာနက်သတင်းများတွင် တွေ့ရှိနိုင်သည်။


သတင်း နိုဝင်ဘာ-၂၀၁၀
သတင်း နိုဝင်ဘာ-၂၀၁၀


ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်ဒီကေဘီအေအဖွဲ့နှင့် နအဖတို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

ဘုရားသုံးဆူဒေသတွင် တိုက်ပွဲထပ်မံဖြစ်ပွါးပြန်ပြီး

နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေဆဲ

ဗိုလ်မှူးကြီးစောကျော်သက်ထံပူးပေါင်းသူ၏ မိသားစုနှင့် ကျေးရွာဥက္ကဌကို မြ၀တီမြို့တွင်ဖမ်းဆီးထား

ရွေးကောက်ပွဲစရိတ် ရွာအချို့တွင်ငွေကောက်ခံ

ဒေသခံမြန်မာစစ်တပ်မှ မွန်လူငယ်များကိုဖမ်းဆီးငွေညှစ်

မွန်ပြည်နယ်လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီလွှတ်တော်အမတ်အများဆုံးနေရာရရှိ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ်စားလှယ်(၁၆) ဦးရရှိကြောင်းအတည်ပြုနိုင်

အာရုံဦးအလင်းသစ် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ခြင်း (အယ်ဒီတာအာဘော်)

ဘုရားသုံးဆူမြို့ ပုံမှန်အခြေအနေပြန်မရောက်သေး

ရွေးကောက်ပွဲကော်မရှင်အား မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကန့်ကွက်သော်လည်း လက်မခံဟုယူဆရ

ကြိုတင်မဲကြောင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကိုယ်စားလှယ်များဆုံးရှုံးခဲ့ရ

ဘုရားသုံးဆူမြို့အား ဒီကေဘီအေတပ်များသိမ်းပိုက်ပြီးနောက် မြို့ခံများထိုင်းနယ်မြေသို့ဝင်ရောက်ခိုလှုံ

ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ဘုရားသုံးဆူမြို့သိမ်း

ကြံ့ဖွတ်ဝတ်စုံမဲရုံဝန်ထမ်းများနှင့်ရွေးကောက်ပွဲကျင်းပရာ မွန်ပြည်နယ်၌မဲမသမာမှုများဖြစ်ပွားခဲ့

အလယ်တန်းကျောင်းသူများအသုံးချပြီး ပြည်ခိုင်ဖြိုးပါတီစည်းရုံး

မဲရုံဧရိယာအတွင်း မွန်တိုင်းရင်းသားဝတ်စုံဝတ်ခွင့်မရှိ

မော်လမြိုင်မိုင်ဒါကွင်းအား ဆောက်သမ်းမြန်မာအက်ဖ်စီဘောလုံးအသင်းအိမ်ကွင်းသတ်မှတ်

မီးရထားဒုဝန်ကြီးဦးဖေသန်း ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ်မှအပယ်ခံရ

လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီသည် ပြိုင်ဘက်မရှိအနိုင်ရမည်ဟုပြော

မိမိပြည်နယ်မြို့တော်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမဲဆွယ်စည်းရုံးရေးအခက်ကြုံနေ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views