အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မီးရထားဒုဝန်ကြီးဦးဖေသန်း ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ်မှအပယ်ခံရ
သတင်း
Share |

မီးရထားဒုဝန်ကြီးဦးဖေသန်း ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ်မှအပယ်ခံရ

ဆူးပန်၊ ကောင်းဝါ
သီတင်းကျွတ်လကွယ် ၁၁ရက်။နိုဝင်ဘာ ၃၊၂၀၁၀။

ဆူးပန်း(နိုဝင်ဘာ-၃)။ ။မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်အရွေးခံမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မီးရထားဒုတိယ၀န်ကြီးဦးဖေသန်းသည် ဧည့်နိုင်ငံသားဥပဒေနှင့်ညိစွန်းခဲ့၍ ရွေးကောက်ပွဲကော်မရှင်မှ ပယ်ဖျက်ခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှ ပြောပါသည်။

"ကျွန်တော်သိသလောက်တော့ သူ့အဖေက ကုလား သူအမေကမွန်ပြည်နယ်ဇင်းကျိုက်ကဘဲ။ ဒါပေမဲ့ သူဟာဧည့်နိုင်ငံသားစာရင်းဝင်နေတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲဥပဒေနဲ့ညိစွန်းလို့ပယ်လိုက်တာဘဲထင်တယ်။ သူကနေအယူခံမ၀င်တော့ဘဲနဲ့ နေပြည်တော်ကိုတန်းပြန်သွားတယ်။"

ယခုအခါ ဦးဖေသန်းသည် နေပြည်တော်၌ ရုံးထိုင်နေပြီး ကိုယ်စားလှယ်လောင်းအဖြစ်အပါယ်ခံရသည့် အပေါ် စိတ်ပျက်မှုရှိနေသည်ဟု ရန်ကုန်မြို့ရှိမီးရထားအရာရှိတစ်ဦးမှ ယခုလိုပြောပါသည်။

"အခုကျွန်တော်တို့ဆရာ တကယ့်ကိုစိတ်ဓါတ်ကျနေတယ်။ သူ့ဟာဧည့်နိုင်ငံသားစာရင်းရှိပေမဲ့ နိုင်ငံတော် အတွက်သူပေးဆပ်ခဲ့တာအများကြီး။ အခုခေတ်မှာအခုရောက်လာတဲ့ကုလားတွေ တရုတ်တွေတောင် ပိုက်ဆံ များများပေးရင် နိုင်ငံသားစီစစ်ရေးကာဒ်ရ နိုင်ငံသားဖြစ်နေတာဘဲ၊ သူ့အနေနဲ့ ဧည့်နိုင်ငံသားတစ်ဦးဘဲ ဖြစ်နေလို့အပယ်ခံရတယ်။ ဒီသတင်းကြားတော့ အံ့သြတယ်ဗျာ။ ယုံကိုမယုံနိုင်ဘူး။ နောက်ဆုံးကြားရတဲ့ သတင်းတခုက သူ့ကိုတနင်္သာရီတိုင်းဘက်မှာ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အရွေးခံခိုင်းမယ်လို့ ပြောသံကြား တယ်။ ဒါပေမဲ့ သူပါဝင်အရွေးမခံတော့ဘူးလို့တော့ပြောတယ်။"

ဦးဖေသန်းနှင့်နီးစပ်သူ ပေါင်မြို့နယ်ဇင်းကျိုက်ကျေးရွာဇာတိ မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးမှ စစ်အစိုးရ လက်အောက်ဝန်ထမ်းများအနေနှင့် အာမခံချက်မရှိကြောင်းအခုလိုပြောခဲ့ပါသည်။

"ဦးဖေသန်းအနေနဲ့ ကပြားစပ်ဆိုပေမဲ့ မွန်ပြည်နယ်အပေါ်မှာ သံယောဇဉ်ရှိတယ်။ သူ့ကိုသူမွန်လူမျိုး အဖြစ်ဘဲခံယူထားတယ်။ ကျွန်တော်တို့မွန်ပြည်သစ်အပစ်ခတ်ရပ်ဆဲခဲ့တဲ့တချိန်လုံးမှာ သူတတ်နိုင်တဲ့ဘက်က အကူအညီအများကြီးပေးခဲ့တယ်။ အခုဒီသတင်းကြားရတော့ အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ စစ်အစိုးရ အနေနဲ့က လိုရင်တစ်မျိုး မလိုရင်တစ်မျိုးလုပ်တတ်တယ်လေ။ ဘာမှအာမခံချက်မရှိနိုင်ဘူးလို့ဘဲပြောချင်ပါတယ်။"

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခံရသော်လည်း ရွေးကောက်ပွဲကော်မရှင်ထံအယူခံ ၀င်ခြင်းမပြုတော့ဘဲ နေပြည်တော်ရုံး၌သာ ရှိနေသည်ဟု ၄င်းနှင့်နီးစပ်သူ မီးရထားရုံးအရာရှိတစ်ဦးမှပြောပါသည်။

ပြီးခဲ့သည့်စက်တင်ဘာလဒုတိယအပါတ်လောက်တွင် ချင်းပြည်နယ် ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ဖြစ်သူ ဟားခါးမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ပူးဟရမ်ကျဲအိုနှင့် ထန်တလန်မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ပူးငွန်ဟရမ်းတို့ကိုလည်း ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံခြားတွင်အလုပ်လုပ် ကိုင်မှုနှင့် ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခဲ့ဘူးသည်။ သို့ရာတွင် အဆိုပါလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အယူခံဝင်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်မှပြန်လည်စီစစ်ပြီး ပြန်လည်အရွေးခံခွင့်ပြုခဲ့သည်။


သတင်း နိုဝင်ဘာ-၂၀၁၀
သတင်း နိုဝင်ဘာ-၂၀၁၀


ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်ဒီကေဘီအေအဖွဲ့နှင့် နအဖတို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

ဘုရားသုံးဆူဒေသတွင် တိုက်ပွဲထပ်မံဖြစ်ပွါးပြန်ပြီး

နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေဆဲ

ဗိုလ်မှူးကြီးစောကျော်သက်ထံပူးပေါင်းသူ၏ မိသားစုနှင့် ကျေးရွာဥက္ကဌကို မြ၀တီမြို့တွင်ဖမ်းဆီးထား

ရွေးကောက်ပွဲစရိတ် ရွာအချို့တွင်ငွေကောက်ခံ

ဒေသခံမြန်မာစစ်တပ်မှ မွန်လူငယ်များကိုဖမ်းဆီးငွေညှစ်

မွန်ပြည်နယ်လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီလွှတ်တော်အမတ်အများဆုံးနေရာရရှိ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ်စားလှယ်(၁၆) ဦးရရှိကြောင်းအတည်ပြုနိုင်

အာရုံဦးအလင်းသစ် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ခြင်း (အယ်ဒီတာအာဘော်)

ဘုရားသုံးဆူမြို့ ပုံမှန်အခြေအနေပြန်မရောက်သေး

ရွေးကောက်ပွဲကော်မရှင်အား မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကန့်ကွက်သော်လည်း လက်မခံဟုယူဆရ

ကြိုတင်မဲကြောင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကိုယ်စားလှယ်များဆုံးရှုံးခဲ့ရ

ဘုရားသုံးဆူမြို့အား ဒီကေဘီအေတပ်များသိမ်းပိုက်ပြီးနောက် မြို့ခံများထိုင်းနယ်မြေသို့ဝင်ရောက်ခိုလှုံ

ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ဘုရားသုံးဆူမြို့သိမ်း

ကြံ့ဖွတ်ဝတ်စုံမဲရုံဝန်ထမ်းများနှင့်ရွေးကောက်ပွဲကျင်းပရာ မွန်ပြည်နယ်၌မဲမသမာမှုများဖြစ်ပွားခဲ့

အလယ်တန်းကျောင်းသူများအသုံးချပြီး ပြည်ခိုင်ဖြိုးပါတီစည်းရုံး

မဲရုံဧရိယာအတွင်း မွန်တိုင်းရင်းသားဝတ်စုံဝတ်ခွင့်မရှိ

မော်လမြိုင်မိုင်ဒါကွင်းအား ဆောက်သမ်းမြန်မာအက်ဖ်စီဘောလုံးအသင်းအိမ်ကွင်းသတ်မှတ်

မီးရထားဒုဝန်ကြီးဦးဖေသန်း ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ်မှအပယ်ခံရ

လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီသည် ပြိုင်ဘက်မရှိအနိုင်ရမည်ဟုပြော

မိမိပြည်နယ်မြို့တော်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမဲဆွယ်စည်းရုံးရေးအခက်ကြုံနေ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views