အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မိမိပြည်နယ်မြို့တော်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမဲဆွယ်စည်းရုံးရေးအခက်ကြုံနေ
သတင်း
Share |

မိမိပြည်နယ်မြို့တော်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမဲဆွယ်စည်းရုံးရေးအခက်ကြုံနေ

မင်းထက်အောင်၊ ကောင်းဝါ
သီတင်းကျွတ်လကွယ် ၁၀ရက်။နိုဝင်ဘာ၂၊၂၀၁၀။

မင်းထက်အောင်(နိုဝင်ဘာ-၂)။ ။ မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့ပေါ်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီ မဲဆွယ်စည်းရုံးရေးအခက်ကြုံနေရကြောင်း ယင်းပါတီ၏ဥက္ကဌနိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်က ပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ပါတီများအနေဖြင့် အသံချဲ့စက်၊ ဆောင်းဘောက်များတပ်ဆင်ပြီး မော်တော်ကားများဖြင့်လှည့်လည်မဲဆွယ်ခြင်း မပြုလုပ်ရန် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသို့ နှုတ်မိန့်ဖြင့်တားမြစ်ခဲ့ခြင်းဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်လောင်းအချို့ရုပ်ပုံပါဝင်သော လက်ကမ်းလွှာစာမျက်နှာတစ်ရွက်
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်လောင်းအချို့ ရုပ်ပုံပါဝင်သော လက်ကမ်းလွှာစာမျက်နှာတစ်ရွက်

“ကျနော် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဆီကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်၊ ဒီတားမြစ်ချက်အမိန့် ညွှန်ကြားလွှာကိုတောင်းတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သူတို့ဆီဖုံးနဲ့ညွှန်ကြားလာတာ ဖြစ်တဲ့အတွက် အမိန့်စာကိုတော့ထုတ်မပေးနိုင်ဘူးလို့ပြောတယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

သို့ရာတွင် အခြားနယ်မြို့ကျေးရွာများ၌ မော်တော်ကားများပေါ်တွင်အသံချဲ့စက်များတပ်ဆင်၍ မဲဆွယ်သီချင်းများဖွင့်လှစ်ခြင်း၊ ပါတီလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဟောပြောခြင်းများ ယခင်အတိုင်း ဆက်လက်ပြုလုပ်နေသည်ဟု ရေးမြို့နယ်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစည်းရုံးရေးမှူးတစ်ဦးထံမှ သိရသည်။

“ရွာတွေမှာဆိုရင် ကျနော်တို့ပါတီပဲကျယ်ကျယ်ပြန့်ပြန့်စည်းရုံးနိုင်တာ၊ အခြားပါတီကျတော့ လူတစ်ယောက် နှစ်ယောက်ပဲရွာကိုရောက်လာပြီး တအိမ်တက်တအိမ်ဆင်း စာရွက်တွေလိုက်ဝေတာပဲရှိတယ်”ဟု အဆိုပါ မွန်စည်းရုံးရေးမှူးကပြောသည်။

မွန်ပြည်နယ်အတွင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီနှင့် အဓိကပြိုင်ဖက်ပါတီများမှာ ယခင်မဆလဟောင်း တစညပါတီနှင့် စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်ခိုင်ဖြိုးပါတီ ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်နေသောအချို့မွန်လူငယ်များထံမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား ထောက်ခံဆန္ဒမဲပေးရန် ကတိရရှိထားသည်ဟုလည်း မွန်စည်းရုံးရေးမှူးများထံမှတဆင့် သိရသည်။

“နယ်တွေမှာအခြားပါတီတွေက စည်းရုံးရေးလုပ်တာသိပ်အားမရဖြစ်လာတော့ မြို့တော်မှာကျနော်တို့ပါတီ မဲမရအောင် ကျနော်တို့ပါတီစည်းရုံးရေးဆင်တာကို ကားတို့အသံချဲ့တို့အသုံးမပြုဖို့ အကြပ်ကိုင်တာလည်းဖြစ်နိုင်တယ်” ဟု နိုင်ငွေသိန်း ယူဆပြောဆိုသည်။

လက်ရှိတွင် မော်လမြိုင်မြို့ပေါ်ရပ်ကွက်အသီးသီး၌ သက်ဆိုင်ရာမွန်လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များနှင့်အတူ တစ်အိမ်တက်အိမ်ဆင်းလျှက် လက်ကမ်းစာစောင်များ ဖြန့်ဝေနေကြသည်ဟုလည်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမော်လမြိုင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ နိုင်အောင်ချမ်းနှင့် နိုင်ခင်မောင်တို့သည် အမျိုးသားလွှတ်တော်၊ နိုင်လှခိုင်သည် ပြည်သူ့လွှတ်တော်၊ နိုင်စိုးသိန်းနှင့် နိုင်ကျန်ရစ်တို့က ပြည်နယ်လွှတ်တော်အသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားသည်။

မွန်ပြည်နယ်အတွင်း (၂၉) ဦး၊ ကရင်ပြည်နယ်အတွင်း(၄) ဦး၊ တနင်္သာရီတိုင်းအတွင်း (၁) ဦး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ မကြာမီကျင်းပမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ယင်းပါတီမှ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။


သတင်း နိုဝင်ဘာ-၂၀၁၀
သတင်း နိုဝင်ဘာ-၂၀၁၀


ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်ဒီကေဘီအေအဖွဲ့နှင့် နအဖတို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

ဘုရားသုံးဆူဒေသတွင် တိုက်ပွဲထပ်မံဖြစ်ပွါးပြန်ပြီး

နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေဆဲ

ဗိုလ်မှူးကြီးစောကျော်သက်ထံပူးပေါင်းသူ၏ မိသားစုနှင့် ကျေးရွာဥက္ကဌကို မြ၀တီမြို့တွင်ဖမ်းဆီးထား

ရွေးကောက်ပွဲစရိတ် ရွာအချို့တွင်ငွေကောက်ခံ

ဒေသခံမြန်မာစစ်တပ်မှ မွန်လူငယ်များကိုဖမ်းဆီးငွေညှစ်

မွန်ပြည်နယ်လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီလွှတ်တော်အမတ်အများဆုံးနေရာရရှိ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ်စားလှယ်(၁၆) ဦးရရှိကြောင်းအတည်ပြုနိုင်

အာရုံဦးအလင်းသစ် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ခြင်း (အယ်ဒီတာအာဘော်)

ဘုရားသုံးဆူမြို့ ပုံမှန်အခြေအနေပြန်မရောက်သေး

ရွေးကောက်ပွဲကော်မရှင်အား မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကန့်ကွက်သော်လည်း လက်မခံဟုယူဆရ

ကြိုတင်မဲကြောင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကိုယ်စားလှယ်များဆုံးရှုံးခဲ့ရ

ဘုရားသုံးဆူမြို့အား ဒီကေဘီအေတပ်များသိမ်းပိုက်ပြီးနောက် မြို့ခံများထိုင်းနယ်မြေသို့ဝင်ရောက်ခိုလှုံ

ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ဘုရားသုံးဆူမြို့သိမ်း

ကြံ့ဖွတ်ဝတ်စုံမဲရုံဝန်ထမ်းများနှင့်ရွေးကောက်ပွဲကျင်းပရာ မွန်ပြည်နယ်၌မဲမသမာမှုများဖြစ်ပွားခဲ့

အလယ်တန်းကျောင်းသူများအသုံးချပြီး ပြည်ခိုင်ဖြိုးပါတီစည်းရုံး

မဲရုံဧရိယာအတွင်း မွန်တိုင်းရင်းသားဝတ်စုံဝတ်ခွင့်မရှိ

မော်လမြိုင်မိုင်ဒါကွင်းအား ဆောက်သမ်းမြန်မာအက်ဖ်စီဘောလုံးအသင်းအိမ်ကွင်းသတ်မှတ်

မီးရထားဒုဝန်ကြီးဦးဖေသန်း ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ်မှအပယ်ခံရ

လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီသည် ပြိုင်ဘက်မရှိအနိုင်ရမည်ဟုပြော

မိမိပြည်နယ်မြို့တော်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမဲဆွယ်စည်းရုံးရေးအခက်ကြုံနေ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views