အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲစရိတ် ရွာအချို့တွင်ငွေကောက်ခံ
သတင်း
Share |

ရွေးကောက်ပွဲစရိတ် ရွာအချို့တွင်ငွေကောက်ခံ

မင်းချမ်း၊ ကောင်းဝါ
တန်ဆောင်မုန်းလဆန်း ၁၃ရက်။နိုဝင်ဘာ ၁၉၊၂၀၁၀။

မင်းချမ်း(နိုဝင်ဘာ-၁၉)။ ။ ရေးမြို့နယ်၊ အင်ဒင်ကျေးရွာအုပ်စု ရယကဥက္ကဌမှ လက်အောက်ခံကျေးရွာအုပ်စုများတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲကျင်းပရေးစရိတ်ဟု အကြောင်းပြပြီး ယခုသီတင်းပတ်အတွင်း၌ ငွေကြေးအတင်းကောက်ခံမှုများရှိခဲ့ကြောင်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“ကျမတို့အိမ်က ၇၀၀ ပေးလိုက်ရတယ်၊ မဲရွေးတဲ့ကုန်ကျစရိတ်ဆိုပြီး ဆယ်အိမ်ခေါင်းတွေက အတင်းကောက်တယ်” ဟု အင်ဒင်ရွာသူ အိမ်ရှင်မတစ်ဦး ပြောသည်။

အင်ဒင်ကျေးရွာအုပ်စုလက်အောက်ခံ ပလိုင်သိမ်၊ နှီးနှူ၊ သာဂရမ်၊ နှီးကရုတ်၊ ဓမင်းဆိပ်ရွာသစ်နှင့် ရေပေါ်သောင်ရွာများတွင် တစ်ရွာလျှင် ကျပ်ငွေတစ်သိန်းသုံးသောင်းတိတိ ကောက်ခံခဲ့သည်ဟု အဆိုပါရယကများနှင့် နီးစပ်သူများက ပြောသည်။

အင်ဒင်ကျေးရွာရယကဥက္ကဌ ဦကြည်နိုး(ခေါ်) ကြာနိုး(ခေါ်) ဘလိုင်တွတ်ဆိုသူဦးစီးပြီး ကောက်ခံခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ဥပဒေအရ ရွေးကောက်ပွဲကိုအကြောင်းပြပြီး ပြည်သူလူထုထံမှ ငွေကြေးကောက်ခံခြင်း မပြုလုပ်ရဟု တားမြစ်ထားသည်။

“ဥက္ကဌကြာနိုးကို ရွာသားတွေအားလုံး ကြောက်နေရတယ်၊ သူလုပ်နေတာမှန်သမျှ ခေါင်းငုံ့ခံသွားယုံပဲ” ဟု အင်ဒင်ရွာသားတစ်ဦး ပြောသည်။

ပြီးခဲ့သည့်လပိုင်းတွင် အင်ဒင်ကျေးရွာအုပ်စု၌ ဒေသခံခလရ(၆၁)တပ်ရင်းမှ ဖိအားပေးခဲ့သည့်အတွက်ကြောင့် ဗမာတပ်ထွက်များကို တလငါးသောင်းပေးပြီး ကျေးရွာပြည်သူ့စစ်ဖွဲ့စည်းခဲ့ရသည်ဟု ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

မွန်ပြည်သစ်ပါတီမှ ဒေသခံမိသားစုဝင်များ အဆိုပါဒေသတဝိုက်မှ တိမ်းရှောင်ခဲ့ပြီးနောက်ပိုင်း၌ အင်ဒင်ဥက္ကဌဆိုသူက သြဇာအရှိန်အဝါ ပိုမိုသုံးလာကြောင်း ရေးမြို့နယ်မှ မွန်ပြည်သစ်ပါတီဝင် အရာရှိတစ်ဦး သုံးသပ်ပြောဆိုသည်။

နယ်ခြားစောင့်တပ်ဖွဲ့အား လုံးဝလက်မခံသည့် မွန်ပြည်သစ်ပါတီဝင်များနှင့် သက်ဆိုင်သူမိသားစုများသည် ပြီးခဲ့သည့်ဧပြီလမှစတင်၍ လုံခြုံသည့်နေရာသို့ ပြောင်းရွေ့မှုများပြုလုပ်ခဲ့ကြသည်။

ယခုအခါ အင်ဒင်ကျေးရွာအုပ်စုဒေသများတွင် မွန်ပြည်သစ်တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုမရှိဟု မွန်ပြည်သစ်အရာရှိများထံမှ သိရသည်။


သတင်း နိုဝင်ဘာ-၂၀၁၀
သတင်း နိုဝင်ဘာ-၂၀၁၀


ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်ဒီကေဘီအေအဖွဲ့နှင့် နအဖတို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

ဘုရားသုံးဆူဒေသတွင် တိုက်ပွဲထပ်မံဖြစ်ပွါးပြန်ပြီး

နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေဆဲ

ဗိုလ်မှူးကြီးစောကျော်သက်ထံပူးပေါင်းသူ၏ မိသားစုနှင့် ကျေးရွာဥက္ကဌကို မြ၀တီမြို့တွင်ဖမ်းဆီးထား

ရွေးကောက်ပွဲစရိတ် ရွာအချို့တွင်ငွေကောက်ခံ

ဒေသခံမြန်မာစစ်တပ်မှ မွန်လူငယ်များကိုဖမ်းဆီးငွေညှစ်

မွန်ပြည်နယ်လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီလွှတ်တော်အမတ်အများဆုံးနေရာရရှိ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ်စားလှယ်(၁၆) ဦးရရှိကြောင်းအတည်ပြုနိုင်

အာရုံဦးအလင်းသစ် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ခြင်း (အယ်ဒီတာအာဘော်)

ဘုရားသုံးဆူမြို့ ပုံမှန်အခြေအနေပြန်မရောက်သေး

ရွေးကောက်ပွဲကော်မရှင်အား မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကန့်ကွက်သော်လည်း လက်မခံဟုယူဆရ

ကြိုတင်မဲကြောင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကိုယ်စားလှယ်များဆုံးရှုံးခဲ့ရ

ဘုရားသုံးဆူမြို့အား ဒီကေဘီအေတပ်များသိမ်းပိုက်ပြီးနောက် မြို့ခံများထိုင်းနယ်မြေသို့ဝင်ရောက်ခိုလှုံ

ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ဘုရားသုံးဆူမြို့သိမ်း

ကြံ့ဖွတ်ဝတ်စုံမဲရုံဝန်ထမ်းများနှင့်ရွေးကောက်ပွဲကျင်းပရာ မွန်ပြည်နယ်၌မဲမသမာမှုများဖြစ်ပွားခဲ့

အလယ်တန်းကျောင်းသူများအသုံးချပြီး ပြည်ခိုင်ဖြိုးပါတီစည်းရုံး

မဲရုံဧရိယာအတွင်း မွန်တိုင်းရင်းသားဝတ်စုံဝတ်ခွင့်မရှိ

မော်လမြိုင်မိုင်ဒါကွင်းအား ဆောက်သမ်းမြန်မာအက်ဖ်စီဘောလုံးအသင်းအိမ်ကွင်းသတ်မှတ်

မီးရထားဒုဝန်ကြီးဦးဖေသန်း ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ်မှအပယ်ခံရ

လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီသည် ပြိုင်ဘက်မရှိအနိုင်ရမည်ဟုပြော

မိမိပြည်နယ်မြို့တော်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမဲဆွယ်စည်းရုံးရေးအခက်ကြုံနေ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views