အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
သံဖြူဇရပ်မြို့မရဲစခန်းဘေး လက်သည်မပေါ်ဗုံးပေါက်ကွဲ
သတင်း

စစ်ပြေးမွန်ခလေးငယ်များ ပညာသင်ကြားခွင့်များဆုံးရှုံးနိုင်

ဆူးပန်း၊ ကောင်းဝါ
မေ ၇၊၂၀၁၀။

                 ထိုင်းမြန်မာနယ်စပ်ရှိ ခလော့ဟနီဒုက္ခသည်စခမ်းကို တိမ်းရှောင်လာသည့် မွန်ပြည်သစ်ပါတီ ဗဟိုဌာန ချုပ်ဝန်းကျင်ဒေသမှ စစ်ပြေးမွန်ဒုက္ခသည်(၆ဝဝ)နီးပါးထဲတွင် ကျောင်းနေအရွယ်ခလေးများအနေနှင့် ပညာဆက် သင်ကြားရမည့်အခွင့်အရေးများ ဆုံးရှုံးနိုင်သည်ဟု မွန်အမျိုးသားပညာရေးတာဝန်ခံ မိစားဒါးမှ ပြောပါသည်။

မွန်အမျိုးသားခလေးများ စာသင်ကြားနေပုံ

နယ်စပ်ဘက်သို့တိမ်းရှောင်လာသည့် ဒုက္ခသည်များအထဲတွင် ခလေးများနှင့်အမျိုးသမီးများသာ အများ စုဖြစ်ပြီး ခလေးငယ်များ သုံးပုံနှစ်စ်ပုံရှိနေသည်ဟုဆိုပါသည်။ ယခုအချိန် ကျောင်းဖွင့်သည့်ကာလ ရောက်ခါနီး ပြီဖြစ်သော်လည်း မတည်ငြိမ်သောနိုင်ငံရေးအခြေအနေကြောင့် ခလေးများပညာသင်ကြားရေး ထိခိုက်သွားမည်ကို စိုးရိမ်သည်ဟု ပညာရေးတာဝန်ခံမိစားဒါးမှပြောပါသည်။

ခလေးတွေရဲ့ပညာရေးအခြေအနေက အနာဂါတ်မှာ ပညာဆက်သင်မဲ့အခွင့်အရေးတွေဆုံးရှုံးသွား နိုင်တယ်။ နောက်ပြီးတော့ ခလေးတွေကလည်း ကျောင်းနေတဲ့အရွယ်ဖြစ်တဲ့အတွက်ကြောင့်မို့ ခလေး တွေစိတ်ဓါတ် ပျက်ပြားသွားနိုင်မယ် စိတ်ဓါတ်ကျသွားနိုင်မယ်လို့ မြင်တယ်ပေါ့လေ။ သူတို့က ကျောင်းဖွင့်ချိန်ဆိုတော့ ကျောင်းတက်ချင်မှာဘဲ။ ဒါပေမဲ့ကြည့်ရတာက အမျိုးသမီးနဲ့ ဒုက္ခသည်အားလုံး လူကြီးရောခလေးရော အားလုံး(၆ဝဝ)နီးပါးလောက်ရှိမယ်လို့ ကျွန်မခန့်မှန်းလို့ရတာပေါ့နော်။ သုံးပုံတစ်ပုံလောက်က ကျောင်းနေတဲ့ အရွယ်ဘဲဖြစ်မှာပေါ့။

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ဝန်းကျင်ဒေသကျေးရွာများဖြစ်သော ပနန်းဗုန်၊ဂျော်ခပြု၊ဂနီ၊ဝယ်ဇင်၊ ချဲတိုက်၊ ဖလမ်းကျေးရွာသားများသည် ဧပြီလ(၂၂)ရက်နေ့မှ ယခုအချိန်အထိ နယ်စပ်ခလော့ဟနီဒုက္ခသည် စခန်းသို့ တဖွဲဖွဲ တိမ်းရှောင်ရောက်ရှိလာဆဲဖြစ်သည်။

မွန်ပညာရေးဌာနသည် (၁၉၇၂)ခုနှစ်တွင် မွန်စာပေကိုစတင်သင်ကြားခဲ့ပြီး(၁၉၈၄-၈၅)ခုနှစ် လောက် တွင် ဗဟိုပညာရေးအဖွဲ့ငယ်တစ်ခုကိုဖွဲ့စည်းနိုင်ခဲ့သည်။ ယခုအခါတွင် ဗဟိုပညာရေးဋ္ဌာန လက်အောက်တွင် ရှိသော မွန်အမျိုးသားကျောင်းများတွင် မူလတန်း(၁၄၂)ကျောင်း၊ အလယ်တန်း(၁၂)ကျောင်းနှင့် အထက်တန်း အဆင့် (၃)ကျောင်း၊ စုစုပေါင်း (၁၅၅) ကျောင်းရှိသည်။

မွန်အမျိုးသားကျောင်းများတွင် အခမဲ့ပညာသင်ကြားရေးစနစ် ကျင့်သုံးသည့်အတွက် ဆင်းရဲနွမ်းပါးပြီး၊ ကျောင်းပညာ တက်ရောက်လိုသူ မွန်လူငယ်များအတွက် အခွင့်ကောင်းတခုပင် ဖြစ်နေခဲ့သည်။

ယနေ့ထိတိုင် မွန်အမျိုးသားကျောင်းတွင် ပညာသင်ကြားသူ ကျောင်းသား၊ကျောင်းသူ ရေအတွက်စုစုပေါင်း တစ်သောင်းခွဲ ခန့်ရှိပြီး၊ အစိုးရကျောင်းများနှင့်တွဲဖက်ကာ မွန်စာပေသင်ကြားပေးနေသည့်ကျောင်းများတွင်မူ နှစ်သောင်း ကျော်ခန့်ရှိသည်။

အစိုးရကျောင်းများနှင့် ပူးတွဲကာ မွန်စာပေ သင်ကြားပေးနေသည့် ကျောင်း စုစုပေါင်း (၁၁၄) ကျောင်းရှိသည်ဟု မွန်ပညာရေးကော်မီတီဝင်တစ်ဦးမှပြောပါသည်။

 


သတင်း ဧပြီ ၂၀၁၀
သတင်း မေ ၂၀၁၀


စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီး

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ

မြဝတီအနီးမှာဗုံးပေါက်ပြန်ပြီ

နအဖစစ်သားတချို့အရာရှိကိုပစ်သတ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့သို့ဘက်ပြောင်းလာ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်လောင်း ၅၃ ဦးလျာထား

ကေအင်န်ယူပိတ်ဆို့ပစ်ခတ်မှုကြောင့် နအဖစစ်ကြောင်းထိခိုက်ကျဆုံးမှုရှိ

ဘုရားသုံးဆူဗုံးပေါက်ကွဲမှုစစ်အစိုးရသတင်း စာများအချက်အလက်လွဲမှားဖေါ်ပြ

ဘုရားသုံးဆူနယ်စပ်မြို့ဗုံးများ ပထမအကြိမ်လက်သည်ဖမ်းဆီးရမိ

ပဲခူးတိုင်း နွေရာသီရေပြတ်လပ်မှုပြဿနာရင်ဆိုင်နေရဆဲ

စစ်ပြေးမွန်ခလေးငယ်များ ပညာသင်ကြားခွင့်များဆုံးရှုံးနိုင်

သံဖြူဇရပ်မြို့မရဲစခန်းဘေး လက်သည်မပေါ်ဗုံးပေါက်ကွဲ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုလိုက်ပြီ

ဟံသာဝတီနေပြည်တော်ပြန်လည်အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

မွန်တစ်ရာကျော် ဖမ်းဆီးမိ

စစ်အစိုးရတပ်နှင့်ပြည်သူစစ်စခန်းအား မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့စီးနင်းပစ်ခတ်

မွန်ဒုက္ခသည်ခလေးများနှင့်အမျိုးသမီးများ ကျန်းမာရေးပြဿနာများရင်ဆိုင်နေရ

မွန်ပြည်သစ်ပါတီအားလစဉ်ထောက်ပံ့ရန် ဒိန်းမတ်ရောက်မွန်များဆုံးဖြတ်ချက်ချခဲ့

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views