အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
နေရပ်စွန့်ခွာပြီး မွန်ပြည်သစ်ဒေသသို့ပြောင်းရွေ့ဝင်ရောက်
သတင်း

နေရပ်စွန့်ခွာပြီး မွန်ပြည်သစ်ဒေသသို့ပြောင်းရွေ့ဝင်ရောက်

မင်းထက်အောင်၊ ကောင်းဝါ
မာတ်ခ်ျ ၄၊၂၀၁၀။

မင်းထက်အောင်(မတ်လ-၄)။     ။ မွန်ပြည်နယ်နှင့်ထိစပ်နေသော တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တဝိုက်တွင် မြန်မာစစ်အစိုးရတပ်ဖွဲ့၏ ဒဏ်ကိုမခံနိုင်ကြသဖြင့် နေရပ်မှစွန့်ခွာပြီး ထိုင်းနယ်စပ်အနီးရှိ မွန်ပြည်သစ်ပါတီထိမ်းချုပ်ရာ ဒေသသို့ ပြောင်းရွေ့ဝင်ရောက်လာသူ ယခုရက်ပိုင်းအတွင်း၌ ပိုမိုများပြားလာကြောင်း မွန်ပြည်သစ်အရာရှိတစ်ဦး ပြောကြားခဲ့သည်။

“မိသားစုအလိုက် ပြောင်းလာကြတာ ဒီရက်ပိုင်းတွေအတွင်းမှာ လူတစ်ရာကျော်လောက်ရှိတယ်၊ နောက်ထပ်လဲ ရောက်လာဖို့ရှိဦးမယ်” ဟု ဆက်လက်ပြောကြားပါသည်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ်သည် ရေး-ထားဝယ်ကားလမ်းမကြီး အရှေ့ဖက်(၁၀) မိုင်ခန့်အကွာ ရေဖြူမြို့နယ်တွင်တည်ရှိသည်။ အဆိုပါရွာသားများသည် မြန်မာစစ်တပ်များမလာရောက်နိုင်သော မွန်ပြည်သစ်ပါတီတပ်ဖွဲ့ထိမ်းချုပ်ရာဒေသတွင် စုဖွဲ့ပြီးရွာသစ်များတည်၍ နေထိုင်လျှက်ရှိသည်။

မကြာသေးခင်ကာလက ရေး-ထားဝယ်ကားလမ်းပေါ်ရှိ အလယ်စခန်းကျေးရွာတွင် အခြေပြုလှုပ်ရှားနေသည့် ခမရ ၂၈၂ တပ်ရင်းမှ ဗိုလ်ကြီးတိုးအောင် ဦးစီးတပ်ဖွဲ့သည် ရွာသားများထံမှငွေကြေးကောက်ခံခြင်း၊ သူပုန်နှင့်အဆက်အသွယ်ရှိသူဟု စွပ်စွဲကာရွာသားများအား ရိုက်နှက်ခြင်းများ ပြုလုပ်လျှက်ရှိသည်ဟု သိရသည်။
အခြားတစ်ဖက်တွင်လည်း ယင်းဒေသတဝိုက်တွင် မြန်မာစစ်အစိုးရကိုတိုက်ခိုက်လျှက်ရှိသည့် မွန်အမျိုးသားကာကွယ်ရေးတပ်မတော် MNDA ဗိုလ်မှူးဂျလွန်းထော ဦးစီးသောတပ်ရင်း (၃၅၁)နှင့် နိုင်ဗင်းဦးစီးသောတပ်ရင်း (၃၅၃) တို့ ပြောက်ကြားစစ်ဆင်လျှက်ရှိသည်ဟု ထိုင်းအခြေစိုက်၎င်းတို့၏ပြောခွင့်ရပုဂ္ဂိုလ်က ကောင်းဝါသို့ ပြောကြားခဲ့သည်။

နအဖတပ်ဖွဲ့အရာရှိ ဗိုလ်ကြီးတိုးအောင်အတွက် အလယ်စခန်းရွာသားများ ငွေအချိုးကျထည့်၍ မကြာမီရက်ပိုင်းတွင် မော်တော်ဆိုင်ကယ်တစ်စီး ဝယ်ပေးခဲ့ရကြောင်း ထိုဒေသအနီးတဝိုက်တွင် ပြောက်ကျားလှုပ်ရှားနေသည့် မွန်အမျိုးသားကာကွယ်ရေးတပ်မတော် MNDA  အရာရှိတစ်ဦးက Satellite Phone ဖြင့် ကောင်းဝါသို့ သတင်းပေးပို့ခဲ့သည်။

အခြားဖြစ်ရပ်တစ်ခုမှာ ပြီးခဲ့သည့်ရက်သတ္တပတ်၌ အလယ်စခန်းရွာရှိ နေအိမ်တစ်ခုတွင် ၄င်းဗိုလ်ကြီးတိုးအောင် ညပိုင်းတွင်ဖဲရိုက်နေစဉ် လျှပ်စစ်မီးပြတ်တောက်သွားသဖြင့် မီးစက်ပိုင်ရှင်ကို ချက်ချင်းခေါ်ဆိုကာ ရိုက်နှက်ခဲ့သည်ဟုလည်း MNDA အရာရှိက ပြောကြားပါသည်။

မြန်မာတပ်ဖွဲ့သည် အနီးတဝိုက်ကျေးရွာကာကွယ်ရေးအတွက် မြန်မာစစ်တပ်မှ ကျေးရွာပြည်သူ့စစ် အတင်းအကြပ် ဖွဲ့စည်းစေသည်။ သို့သော်လည်း မလုပ်လိုကြသဖြင့် အခြားဒေသသို့ ပြောင်းရွေ့ထွက်ခွာသွားကြသည်ကိုလည်း ဒေသခံများမှတဆင့် ကြားသိနေရ၏။
 


သတင်း မာတ်ခ်ျ ၂၀၁၀
သတင်း မတ် ၂၀၁၀


မွန်အမျိုသားဒီမိုကရေစီအဖွဲ့မှ (၂ဝ၁ဝ)ရွေးကောက်ပွဲကိုဝင်မည်မဟုတ်

ဘန်တုံယန်းဒုက္ခသည်စခန်း လေပွေပြင်းတစ်ခုရုတ်တရက်တိုက်ခတ်ခဲ့

NLD ဆုံးဖြတ်ချက် NDF ထောက်ခံကြိုဆို

နယ်ခြားစောင့်တပ်အရေး မွန်ပြည်သစ်ယခင်အတိုင်းဆက်လက်ရပ်တည်မည်

NLD မွန်ပြည်နယ် NO ဘဲ

ဗုံးပေါက်ကွဲမှုကြောင့်တစ်ဦးသေ၊ နှစ်ယောက်ဒဏ်ရာ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရွေးကောက်ပွဲမဝင်ရေးထပ်မံဆုံးဖြတ်

မွန်အမျိုးသားပါတီသစ်တစ်ရပ် ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်

လူငယ်များအကြား ယာချူ(စ်)ခေါ် မူးယစ်ဆေးသုံးစွဲမှုများပြားလာ

မွန်ပြည်သစ်နှင့်ရတခတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်းကြံ့/ဖွဲ့အဖွဲ့မှစည်းရုံးရေးဆင်း

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်  နိုင်ငံရေးပါတီများ၏အမြင်သဘောထားများ

မွန်ပြည်သစ်ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့်တွေ့ဆုံကြဦးမည်

ရေဖြူမြို့နယ်ကျေးရွာသား(၂ဝဝ)ခန့်တိမ်းရှောင်လာသည်ဟု မွန်ပြည်လူ့အခွင့်အရေးအဖွဲ့မှစာရင်းကောက်ခံရရှိ

မွန်ပြည်သစ်တပ်တည်ဧရိယာအတွင်း စစ်အစိုးရတပ်များဝင်ရောက်လာ

၂ဝ၁ဝနှစ်ဆန်းအတွင်းစစ်အစိုးရမှ ကေအာန်ယူအပေါ် ထိုးစစ်ဆင်မှုပိုမိုလုပ်ဆောင်ခဲ့

နေရပ်စွန့်ခွာပြီး မွန်ပြည်သစ်ဒေသသို့ပြောင်းရွေ့ဝင်ရောက်

ပြည်သူ့စစ်မလုပ်လိုသည့်ရွာသားများ မွန်ပြည်သစ်နောက်တန်းစခမ်းတွင်တိမ်းရှောင်နေ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views