အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်အမျိုသားဒီမိုကရေစီအဖွဲ့မှ (၂ဝ၁ဝ)ရွေးကောက်ပွဲကိုဝင်မည်မဟုတ်
သတင်း

မွန်အမျိုသားဒီမိုကရေစီအဖွဲ့မှ (၂ဝ၁ဝ)ရွေးကောက်ပွဲကိုဝင်မည်မဟုတ်

ကိုသိုက်၊ ကောင်းဝါ
မတ် ၃၁၊၂၀၁၀။

မွန်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် မွန်အမျိုသားဒီမိုကရေစီအဖွဲ့မှ (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံနိုင်သလို နိုင်ငံရေးမှတ်ပုံတင်ခြင်းပြုမည်မဟုတ်ဟု မတ်ခ်ျလ(၂၄)ရက်နေ့မော်လမြိုင်မြို့၌ ကျင်းပပြုလုပ် ခဲ့သော ဗဟိုအလုပ်အမှုဆောင်အစည်း အဝေးပွဲတွင် ဆုံးဖြတ်ချက်ချခဲ့ပါသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အနေနှင့် (၂ဝ၁ဝ)အထွေထွေရွေးကောက်ပွဲကိုဆန့်ကျင်ပြီး နိုင်ငံရေးအရ ဆက်လက်တိုက်ပွဲဝင်ဆင်နွဲသွားမည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက ပြောပါသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း

“ကျွန်တော်တို့ပါတီအတွက်ရော ကျွန်တော်တို့ကိုယ်စားပြုတဲ့လူမျိုး ကိုယ်စားပြုတဲ့နိုင်ငံတော်ကြီး အတွက်ပါ အကိျုးမရှိလို့ ကျွန်တော်တို့လက်မခံတာ။ ဒီ(၂ဝဝ၈)ဖွဲ့စည်းပုံကို ပြောင်းလဲဆွဲဖို့ အများလက်ခံနိုင်တဲ့ အနေအထားတွေဖြစ်အောင် ကျွန်တော်တို့မှာ ဆက်လက်လုပ်သွားဖို့အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့က ဘေးထိုင်တာမဟုတ်ပါဘူးခင်ဗျာ။ ရွေးကောက်ပွဲမဝင်တာနဲ့ ဘေးထိုင်တာနဲ့မတူဘူးလေ။ ရွေးကောက်ပွဲမဝင်ဘူး။
မှတ်ပုံမတင်ဘူးဆိုပေမဲ့ ကျွန်တော်တို့အဖွဲ့တွေက နိုင်ငံရေးသေမသွားအောင် ဖြစ်ပေါ်လာတဲ့အနေအထား အပေါ်မှာ အနီးကပ်ဆုံးလေ့လာသုံးသပ်ပြီးတော့ ဆက်လက်ဆင်နွဲသွားဖို့ ကျွန်တော်တို့ဆန္ဒပြုပါတယ်။”

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် (၁၉၉ဝ)အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ်ပေါင်း(၁၉)နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ်(၅)ဦးအရွေးခံခဲ့ရပါသည်။ အရွေးခံခဲ့ရသည့်လူပုဂ္ဂိုလ်နှင့်မဲဆန္ဒနယ် များမှာ နိုင်ထွန်းသိန်း(သံဖြူဇရပ်မြို့နယ်မဲဆန္ဒနယ်မြေ))၊ နိုင်ခင်မောင်(ကျိုက်မရောမြို့နယ်မဲဆန္ဒနယ်မြေ) နိုင်သောင်းရှိန် (ကော့ကရိတ်မြို့နယ်အမှတ်နှစ်မဲဆန္ဒနယ်မြေ) ဒေါက်တာမင်းကြည်ဝင်း(မုဒုံမြို့နယ်မဲဆန္ဒနယ်မြေ) ဒေါက်တာ မင်းစိုးလင်း(ရေးမြို့နယ်အမှတ်တစ် မဲဆန္ဒနယ်မြေ)တို့ဖြစ်ကြပါသည်။ သို့ရာတွင်(၁၉၉၂)ခုနှစ် မတ်လ(၁၉)ရက် နေ့၌ ရွေးကောက်ပွဲကော်မရှင်၏အမိန့်ဖြင့် ပါတီဖျက်သိမ်းခြင်းခံခဲ့ရသည်။ ၄င်းဖြစ်စဉ်အပေါ် ဒေါက်တာ မင်းစိုးလင်းက အခုလို ရှင်းပြပါသည်။

“(၁၉၉၂)နှစ်ဦးပိုင်းမှာ ကော်မရှင်ကနေကျွန်တော်တို့ကို ထောင်ကျနေတဲ့ ပါတီအဖွဲ့ဝင်တွေကို ပါတီကနေထုတ်ပေးဖို့ ကော်မရှင်ကတောင်းတယ်။ အဲဒီအချိန်မှာထောင်ကျနေတာက ကျွန်တော်တို့ ပါတီဥက္ကဌကြီး နိုင်ထွန်းသိန်းရယ် နိုင်ငွေသိန်းရယ် မင်းညွန့်အောင်ခေါ်နိုင်ဗလထောင်ကျနေတယ်။ ကျွန်တော်တို့ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ထောင်ကျနေသူများကို ထုတ်ပေးဖို့မပါဘူး။ ကော်မရှင်က တောင်းဆိုသလို ကျွန်တော်တို့ပါတီကမထုတ်ပေးနိုင်ဘူးဆိုတာ အဲဒီမှာတချက်။ နောက်တချက်က ကျွန်တော် တို့ပါတီရဲ့ အဖွဲ့ဝင်စာရင်းတွေကို အချိန်တပါတ်အတွင်းမှာ ဒီကော်မရှင်ကိုတင်ပြပါ စာထပ်ရောက်လာတယ်။

အောက်ခြေကတင်ပြတဲ့စာရင်းဇယားများအရ ပါတီဝင်(၆)သောင်းလောက်ရှိတယ်ဗျ။ ကျွန်တော်တို့ပါတီအနေနဲ့ အချိန်မီ(၇)ရက်အတွင်း ပြုလုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ ကော်မရှင်တွေကိုအကြောင်းပြန်တယ်။ (၁၉၉၂) မတ်လ(၁၉)ရက်နေ့မှာ ကျွန်တော်တို့ကိုအကြောင်းမကြားဘဲနဲ့သတင်းစာမှာ အောက်ပါပါတီများသည် တည်ဆဲဥပဒေကို လိုက်နာနိုင်မှုနည်းပါးခြင်းဆိုတဲ့ အဲဒီအပြစ်နဲ့ ကျွန်တော်တို့ပါတီကိုဖျက်လိုက်တယ်။”

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် နိုင်ငံရေးမှတ်ပုံတင်ပြီး ရွေးကောက်ပွဲမဝင်သော်လည်း မွန်နိုင်ငံရေး ပါတီအသစ်တစ်ခုဖြစ်သော မွန်ဒီမိုကရက်တစ်ပါတီမှာ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးမှတ်ပုံတင်ပြုလုပ်နေပြီးဟု မွန်ဒီမိုကရက်တစ်ပါတီအဖွဲ့ဝင်တစ်ဦးပြောပါသည်။ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အနေနှင့်ပြောင်းလဲလာသည့် အုပ်ချုပ်သူအနေအထားနှင့် နိုင်ငံရေးအနေအထား၊ နိုင်ငံရေး ပါတီများ၏အနေအထား အခြားတိုင်းရင်းသား များ၏အနေအထားများကိုသုံးသပ်ပြီး ရှေ့ဆက်လုပ်ငန်းစဉ်တွေချမှတ်လုပ်ဆောင်သွားမည်ဟု မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း မှပြောပါသည်။

 


သတင်း မာတ်ခ်ျ ၂၀၁၀
သတင်း မတ် ၂၀၁၀


မွန်အမျိုသားဒီမိုကရေစီအဖွဲ့မှ (၂ဝ၁ဝ)ရွေးကောက်ပွဲကိုဝင်မည်မဟုတ်

ဘန်တုံယန်းဒုက္ခသည်စခန်း လေပွေပြင်းတစ်ခုရုတ်တရက်တိုက်ခတ်ခဲ့

NLD ဆုံးဖြတ်ချက် NDF ထောက်ခံကြိုဆို

နယ်ခြားစောင့်တပ်အရေး မွန်ပြည်သစ်ယခင်အတိုင်းဆက်လက်ရပ်တည်မည်

NLD မွန်ပြည်နယ် NO ဘဲ

ဗုံးပေါက်ကွဲမှုကြောင့်တစ်ဦးသေ၊ နှစ်ယောက်ဒဏ်ရာ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရွေးကောက်ပွဲမဝင်ရေးထပ်မံဆုံးဖြတ်

မွန်အမျိုးသားပါတီသစ်တစ်ရပ် ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်

လူငယ်များအကြား ယာချူ(စ်)ခေါ် မူးယစ်ဆေးသုံးစွဲမှုများပြားလာ

မွန်ပြည်သစ်နှင့်ရတခတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်းကြံ့/ဖွဲ့အဖွဲ့မှစည်းရုံးရေးဆင်း

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်  နိုင်ငံရေးပါတီများ၏အမြင်သဘောထားများ

မွန်ပြည်သစ်ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့်တွေ့ဆုံကြဦးမည်

ရေဖြူမြို့နယ်ကျေးရွာသား(၂ဝဝ)ခန့်တိမ်းရှောင်လာသည်ဟု မွန်ပြည်လူ့အခွင့်အရေးအဖွဲ့မှစာရင်းကောက်ခံရရှိ

မွန်ပြည်သစ်တပ်တည်ဧရိယာအတွင်း စစ်အစိုးရတပ်များဝင်ရောက်လာ

၂ဝ၁ဝနှစ်ဆန်းအတွင်းစစ်အစိုးရမှ ကေအာန်ယူအပေါ် ထိုးစစ်ဆင်မှုပိုမိုလုပ်ဆောင်ခဲ့

နေရပ်စွန့်ခွာပြီး မွန်ပြည်သစ်ဒေသသို့ပြောင်းရွေ့ဝင်ရောက်

ပြည်သူ့စစ်မလုပ်လိုသည့်ရွာသားများ မွန်ပြည်သစ်နောက်တန်းစခမ်းတွင်တိမ်းရှောင်နေ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views