အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
NLD မွန်ပြည်နယ် NO ဘဲ
သတင်း

NLD ဆုံးဖြတ်ချက် NDF ထောက်ခံကြိုဆို

မင်းချမ်း၊ ကောင်းဝါ
မတ် ၃၀၊၂၀၁၀။

စစ်အစိုးရကျင်းပမည့်၂၀၁၀ ရွေးကောက်ပွဲကိုမဝင်သည့် NLD ပါတီ၏ပြတ်သားသော ဆုံးဖြတ်ချက်ကို NDF (ခေါ်) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မတဒ) ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နအဖစစ်အုပ်စု၏ မတရားသောနိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ဥပဒေနှင့် တရားမျှတမှုမရှိသော ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု NLD မှကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ချမှတ် လိုက်ခြင်းသည် မြန်မာပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသားရပ်တည်သည့်   သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်သည်ဟု မဒတတပ်ပေါင်းစုမှ ရေးသားထားပါသည်။

တဖန် နအဖတစ်ဘက်သတ်ရေးဆွဲထုတ်ပြန်ခဲ့သည့် ဥပဒေများသည် ဒီမိုကရေစီလမ်းကြောင်းဆီသို့  မည်သို့ရောက်ရှိနိုင်မည်မဟုတ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း   ရရှိနိုင်မည်မဟုတ်သည့်အတွက် မတရားသည့်ဥပဒေမှန်သမျှကို တာဝန်အရဖီဆန်လိုက်ရခြင်းမှာ  လူထုကိုယ်စားပြုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းရင်းသားမြန်မာပြည်သူလူထုတစ်ရပ်လုံးကို ပြတ်ပြတ်သားသား ဦးဆောင်လိုက်ခြင်းပင်ဖြစ်သည်ဟု ဖေါ်ပြပါရှိသည်။ 
       
နိုင်ငံရေးပြဿနာကိုငြိမ်းချမ်းစွာဖြေရှင်းမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုင်းရင်းသား မြန်မာပြည်သူလူထုတရပ်လုံးက စုစည်းညီညွတ်စွာဝန်းရံပံ့ပိုးလှုပ်ရှားကြရန် မဒတတပ်ပေါင်းစုမှ အထူးနှိုးဆော်တိုက်တွန်းလိုက်ပါသည်ဟုလည်း ဖေါ်ပြထားသည်။

မိမိတို့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုမှလည်း အဖွဲ့ချုပ်၏နိုင်ငံရေးရပ်တည်ချက်ကို ဝန်းရံထောက်ခံပြီး လူထုတရပ်လုံးနှင့်အတူ ဟန်ချက်ညီသော တိုက်ပွဲသဏ္ဍန်စုံဖြင့် အာဏာရှင်ဖျက်သိမ်းရေးတိုက်ပွဲအရှိန်ကို အောင်ပွဲအမြန်ရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဒတတပ်ပေါင်းစုသဘောထားကို ထုတ်ပြန်ခဲ့သည်။

ယနေ့နေ့စွဲဖြင့် NDF ဗဟိုအလုပ်အမှုဆောင်မှ အပိုဒ်(၃) ပိုဒ်ပါ အဆိုပါထုတ်ပြန်ကြေညာချက်ကို သတင်းဌာနအသီးသီသို့ ပေးပို့ခဲ့သည်ဟု သိရသည်။

NDF (ခေါ်) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မတဒ)ကို ၁၉၇၆ ခုနှစ်၊ မေလ(၁၀) ရက်နေ့တွင် KNU ဌာနချုပ်မာနယ်ပလော၌ စတင်ဖွဲ့စည်းခဲ့သည်။

ထိုသို့ မတဒ စတင်ဖွဲ့စည်းခဲ့စဉ်တွင် မြန်မာအစိုးရကိုလက်နက်ကိုင်တိုက်ခိုက်ခဲ့သည် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ လားဟူ၊ ပလောင်၊ ပအိုဝ့်နှင့် ဝ စသည့်တော်လှန်ရေးအဖွဲ့တို့ ပါဝင်သည်။

 


သတင်း မာတ်ခ်ျ ၂၀၁၀
သတင်း မတ် ၂၀၁၀


မွန်အမျိုသားဒီမိုကရေစီအဖွဲ့မှ (၂ဝ၁ဝ)ရွေးကောက်ပွဲကိုဝင်မည်မဟုတ်

ဘန်တုံယန်းဒုက္ခသည်စခန်း လေပွေပြင်းတစ်ခုရုတ်တရက်တိုက်ခတ်ခဲ့

NLD ဆုံးဖြတ်ချက် NDF ထောက်ခံကြိုဆို

နယ်ခြားစောင့်တပ်အရေး မွန်ပြည်သစ်ယခင်အတိုင်းဆက်လက်ရပ်တည်မည်

NLD မွန်ပြည်နယ် NO ဘဲ

ဗုံးပေါက်ကွဲမှုကြောင့်တစ်ဦးသေ၊ နှစ်ယောက်ဒဏ်ရာ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရွေးကောက်ပွဲမဝင်ရေးထပ်မံဆုံးဖြတ်

မွန်အမျိုးသားပါတီသစ်တစ်ရပ် ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်

လူငယ်များအကြား ယာချူ(စ်)ခေါ် မူးယစ်ဆေးသုံးစွဲမှုများပြားလာ

မွန်ပြည်သစ်နှင့်ရတခတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်းကြံ့/ဖွဲ့အဖွဲ့မှစည်းရုံးရေးဆင်း

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်  နိုင်ငံရေးပါတီများ၏အမြင်သဘောထားများ

မွန်ပြည်သစ်ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့်တွေ့ဆုံကြဦးမည်

ရေဖြူမြို့နယ်ကျေးရွာသား(၂ဝဝ)ခန့်တိမ်းရှောင်လာသည်ဟု မွန်ပြည်လူ့အခွင့်အရေးအဖွဲ့မှစာရင်းကောက်ခံရရှိ

မွန်ပြည်သစ်တပ်တည်ဧရိယာအတွင်း စစ်အစိုးရတပ်များဝင်ရောက်လာ

၂ဝ၁ဝနှစ်ဆန်းအတွင်းစစ်အစိုးရမှ ကေအာန်ယူအပေါ် ထိုးစစ်ဆင်မှုပိုမိုလုပ်ဆောင်ခဲ့

နေရပ်စွန့်ခွာပြီး မွန်ပြည်သစ်ဒေသသို့ပြောင်းရွေ့ဝင်ရောက်

ပြည်သူ့စစ်မလုပ်လိုသည့်ရွာသားများ မွန်ပြည်သစ်နောက်တန်းစခမ်းတွင်တိမ်းရှောင်နေ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views