အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
NLD မွန်ပြည်နယ် NO ဘဲ
သတင်း

NLD မွန်ပြည်နယ် NO ဘဲ

မွန်ကရက်၊ ကောင်းဝါ
မတ် ၂၈၊၂၀၁၀။

မွန်ကရက်(မတ်လ-၂၈)။    ။ NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ် မွန်ပြည်နယ်စည်းရုံးရေးအဖွဲ့မှ ဗဟိုဦးစီးအဖွဲ့ဝင်များ၏ အထူးအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်၌ မွန်ပြည်နယ်ဥက္ကဌ ဦးလွန်းတင်၏နေအိမ်(ရန်ကုန်)တွင် ကျင်းပခဲ့ရာ ရွေးကောက်ပွဲမဝင်ရေး၊ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချလိုက်သည်ဟုသိရသည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော ဦးလွန်းတင်၊ ဦးဉာဏ်ဝင်း အပါအ၀င် မွန်ပြည်နယ်မှ ဗဟိုဦးစီးအဖွဲ့ဝင်အားလုံး စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပြီးနောက် ပါတီ၏မူလ ချမှတ်ထားသောမူဝါဒနှင့် ရွှေဂုံတိုင်ကျေညာချက်များအတိုင်း ရပ်တည်သွားကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မဲဆန္ဒနယ် (၂၀) ရှိသည့်အနက် NLD ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမတ် (၁၆) နေရာအနိုင်ရရှိခဲ့ပြီး မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ MNDF ကျန်မဲဆန္ဒနယ် (၄) နေရာရရှိခဲ့သည်။

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မော်လမြိုင်မြို့၌ ကျင်းပခဲ့သော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင်လည်း ၂၀၁၀ ရွေးကောက်ပွဲမဝင်ဟုဆုံးဖြတ်ချက် ချခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

အလားတူ NLD မကွေးတိုင်းအဖွဲ့ဝင်များလည်း ရွေးကောက်ပွဲမဝင်ရန် ပြီးခဲ့သည့်မတ်လ(၂၆) ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြသည်ကို သတင်းဌာနများတွင် ဖေါ်ပြကြသည်။

ထို့အတူ NLD ပြည်နယ်နှင့်တိုင်း အဖွဲ့ချုပ်လူငယ်ထုကလည်း ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

စစ်အစိုးရတရားဝင်ကျင်းပခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ၌ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၈၅) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ရာ (၃၉၂)ဦး အပြတ်အသပ် အနိုင်ရရွေးချယ်ခံခဲ့ရသော်လည်း တိုင်းပြည်၏အာဏာလွှဲအပ်ပေးရန် အနှစ်နှစ်ဆယ်ခန့်စစ်အစိုးရငြင်းပယ်ထားဆဲဖြစ်ပြီး ၂၀၁၀ တွင် ရွေးကောက်ပွဲအသစ်တစ်ခု ထပ်မံပြုလုပ်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်။

မနက်ဖြန်တွင် ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးမဝင်ရေး၊ ပါတီမှတ်ပုံတင်မတင်ရေးနှင့် ပတ်သက်ပြီး NLD ဗဟိုထိပ်တန်းခေါင်းဆောင်များ နောက်ဆုံးဆွေးနွေးအတည်ပြုကြမည်ဟု သတင်းများတွင် ရေးသားဖေါ်ပြကြသည်။

 


သတင်း မာတ်ခ်ျ ၂၀၁၀
သတင်း မတ် ၂၀၁၀


မွန်အမျိုသားဒီမိုကရေစီအဖွဲ့မှ (၂ဝ၁ဝ)ရွေးကောက်ပွဲကိုဝင်မည်မဟုတ်

ဘန်တုံယန်းဒုက္ခသည်စခန်း လေပွေပြင်းတစ်ခုရုတ်တရက်တိုက်ခတ်ခဲ့

NLD ဆုံးဖြတ်ချက် NDF ထောက်ခံကြိုဆို

နယ်ခြားစောင့်တပ်အရေး မွန်ပြည်သစ်ယခင်အတိုင်းဆက်လက်ရပ်တည်မည်

NLD မွန်ပြည်နယ် NO ဘဲ

ဗုံးပေါက်ကွဲမှုကြောင့်တစ်ဦးသေ၊ နှစ်ယောက်ဒဏ်ရာ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရွေးကောက်ပွဲမဝင်ရေးထပ်မံဆုံးဖြတ်

မွန်အမျိုးသားပါတီသစ်တစ်ရပ် ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်

လူငယ်များအကြား ယာချူ(စ်)ခေါ် မူးယစ်ဆေးသုံးစွဲမှုများပြားလာ

မွန်ပြည်သစ်နှင့်ရတခတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်းကြံ့/ဖွဲ့အဖွဲ့မှစည်းရုံးရေးဆင်း

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်  နိုင်ငံရေးပါတီများ၏အမြင်သဘောထားများ

မွန်ပြည်သစ်ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့်တွေ့ဆုံကြဦးမည်

ရေဖြူမြို့နယ်ကျေးရွာသား(၂ဝဝ)ခန့်တိမ်းရှောင်လာသည်ဟု မွန်ပြည်လူ့အခွင့်အရေးအဖွဲ့မှစာရင်းကောက်ခံရရှိ

မွန်ပြည်သစ်တပ်တည်ဧရိယာအတွင်း စစ်အစိုးရတပ်များဝင်ရောက်လာ

၂ဝ၁ဝနှစ်ဆန်းအတွင်းစစ်အစိုးရမှ ကေအာန်ယူအပေါ် ထိုးစစ်ဆင်မှုပိုမိုလုပ်ဆောင်ခဲ့

နေရပ်စွန့်ခွာပြီး မွန်ပြည်သစ်ဒေသသို့ပြောင်းရွေ့ဝင်ရောက်

ပြည်သူ့စစ်မလုပ်လိုသည့်ရွာသားများ မွန်ပြည်သစ်နောက်တန်းစခမ်းတွင်တိမ်းရှောင်နေ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views