အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဗုံးပေါက်ကွဲမှုကြောင့်တစ်ဦးသေ၊ နှစ်ယောက်ဒဏ်ရာ
သတင်း

ဗုံးပေါက်ကွဲမှုကြောင့်တစ်ဦးသေ၊ နှစ်ယောက်ဒဏ်ရာ

မင်းချမ်း၊ ကောင်းဝါ
မတ် ၂၇၊၂၀၁၀။

ကရင်ပြည်နယ်၊  ကော့ကရိတ်မြို့၌ ယမန်နေ့ညနေပိုင်းက ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ရှစ်နှစ်အရွယ်ခလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်နှင့်နီးစပ်သော အသိုင်းအဝိုင်းက ပြောကြားသည်။
 
ထိုပေါက်ကွဲမှုကြောင့် အခြားခလေးငယ်နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဆိုပါသည်။

“ဘိလိယက်ရုံရှေ့ရေတွင်းမှာ အဲဒီခလေးနှစ်ယောက်ရေချိုးနေရင်း ဗုံးကွဲခဲ့တာ၊ ဗုံးကိုဆော့ကစားတဲ့ ခလေးက ပွဲချင်းပြီးသေတယ်လို့ ရဲကပြောတာဘဲ” ဟုမြို့ခံတစ်ဦးမှ ဆိုပါသည်။

အဆိုပါဘိလိယက်ရုံမှာ သေဆုံးသူခလေး၏ဖခင် ရဲဝန်ထမ်းတစ်ဦးပိုင်ဆိုင်သည်ဟု သိရသည်။

အာဏာပိုင်သတင်းရပ်ကွက်အဆိုအရ ဗုံးအဟောင်းတစ်လုံးကို ခလေးကောက်ရပြီး ဆော့ကစားခဲ့သည်ဟု အဆိုပါရဲဝန်ထမ်းထွက်ဆိုခဲ့ကြောင်း သိရသည်။

သို့ရာတွင် ပေါက်ကွဲပြီးဗုံးမှာ အဟောင်းအသစ် မည်သူမှမသိနိုင်သလို ပေါ့ဆမှုတစ်ရပ်ဟု ကော့ကရိတ်မြို့ခံများ ယူဆနေကြသည်။

ဘိလက်ယက်ရုံပိုင်ရှင်ရဲဝန်ထမ်းအား သက်ဆိုင်ရာက ဆက်လက်စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလလည်တွင် ကော့ကရိတ်ဈေးအနီး၌ ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ရာ ဒဏ်ရာအသေအပျောက်ရှိခဲ့သော်လည်း မည်သူ့လက်ချက်ဟု အတိအကျ ထုတ်ဖေါ်မပြောဆိုနိုင်သေးပေ။

 


သတင်း မာတ်ခ်ျ ၂၀၁၀
သတင်း မတ် ၂၀၁၀


မွန်အမျိုသားဒီမိုကရေစီအဖွဲ့မှ (၂ဝ၁ဝ)ရွေးကောက်ပွဲကိုဝင်မည်မဟုတ်

ဘန်တုံယန်းဒုက္ခသည်စခန်း လေပွေပြင်းတစ်ခုရုတ်တရက်တိုက်ခတ်ခဲ့

NLD ဆုံးဖြတ်ချက် NDF ထောက်ခံကြိုဆို

နယ်ခြားစောင့်တပ်အရေး မွန်ပြည်သစ်ယခင်အတိုင်းဆက်လက်ရပ်တည်မည်

NLD မွန်ပြည်နယ် NO ဘဲ

ဗုံးပေါက်ကွဲမှုကြောင့်တစ်ဦးသေ၊ နှစ်ယောက်ဒဏ်ရာ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရွေးကောက်ပွဲမဝင်ရေးထပ်မံဆုံးဖြတ်

မွန်အမျိုးသားပါတီသစ်တစ်ရပ် ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်

လူငယ်များအကြား ယာချူ(စ်)ခေါ် မူးယစ်ဆေးသုံးစွဲမှုများပြားလာ

မွန်ပြည်သစ်နှင့်ရတခတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်းကြံ့/ဖွဲ့အဖွဲ့မှစည်းရုံးရေးဆင်း

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်  နိုင်ငံရေးပါတီများ၏အမြင်သဘောထားများ

မွန်ပြည်သစ်ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့်တွေ့ဆုံကြဦးမည်

ရေဖြူမြို့နယ်ကျေးရွာသား(၂ဝဝ)ခန့်တိမ်းရှောင်လာသည်ဟု မွန်ပြည်လူ့အခွင့်အရေးအဖွဲ့မှစာရင်းကောက်ခံရရှိ

မွန်ပြည်သစ်တပ်တည်ဧရိယာအတွင်း စစ်အစိုးရတပ်များဝင်ရောက်လာ

၂ဝ၁ဝနှစ်ဆန်းအတွင်းစစ်အစိုးရမှ ကေအာန်ယူအပေါ် ထိုးစစ်ဆင်မှုပိုမိုလုပ်ဆောင်ခဲ့

နေရပ်စွန့်ခွာပြီး မွန်ပြည်သစ်ဒေသသို့ပြောင်းရွေ့ဝင်ရောက်

ပြည်သူ့စစ်မလုပ်လိုသည့်ရွာသားများ မွန်ပြည်သစ်နောက်တန်းစခမ်းတွင်တိမ်းရှောင်နေ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views