အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
လူငယ်များအကြား ယာချူ(စ်)ခေါ် မူးယစ်ဆေးသုံးစွဲမှုများပြားလာ
သတင်း
လူငယ်များအကြား ယာချူ(စ်)ခေါ် မူးယစ်ဆေးသုံးစွဲမှုများပြားလာ
ကိုသိုက်၊ ကောင်းဝါ
မတ် ၁၈၊၂၀၁၀။
      မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ကျေးရွာများရှိ လူငယ်အများအပြားသည် ယာချူ(စ်)ခေါ် မူးယစ် စိတ်ကြွဆေးတစ်မျိုးကို သုံးစွဲမှုများပြားလာသည်ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။
      အဆိုပါယာချု(စ်)ခေါ်မူးယစ်စိတ်ကြွဆေးမှာ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာနေလူငယ်များအကြားတွင် အလွန်အမင်းထိုးဖောက်ဝင်ရောက်လာသည်ဟု အဆိုပါ ဒေသခံတစ်ဦးမှ ပြောပါသည်။
      “ရွာမှာရှိတဲ့ လူငယ်တွေကျတော့ ဒီယာချူ(စ်) ဆေးပြားကို သုံးစွဲတာတော်တော်များတယ်။ တစ်စုံကို (၁၂ဝဝ)ကျပ်ပေးဝယ်နေရတယ်။ ဒီဆေးကိုသောက်တဲ့လူတွေက အရက်တို့၊ ထန်းရည်တို့မသောက်ချင်တော့ ဘူး။ဆေးသောက်ပြီးရင် သူတို့စိတ်တွေဝေးဝါးပြီးတော့ ထိုင်းမှိုင်းနေတာတွေ့ရတယ်။ ” ဟုကော့ဒွန်းကျေးရွာနေ ဝန်ထမ်းတစ်ဦးမှ ပြောပါသည်။
      ထို့အပြင် အဆိုပါယာချူ(စ်)ဆေးပြားကိုသုံးစွဲခြင်းကြောင့် အသက်ဆုံးပါးသူများရှိသည်ဟု ဒေသခံ ကော့ပနော်ကျေးရွာသား တစ်ဦးမှ အခုလိုပြောဆိုခဲ့ပါသည်။
      “အချို့ဒီဆေးသောက်တဲ့သူတွေဟာ ဝမ်းတွေဖောယောင်လာတယ်။ ပြီးတော့ တချို့ဆိုရင် အာရုံကြော ထိခိုက်ပြီး သေဆုံးတဲ့သူတွေရှိတယ်”
      လူငယ်များအနေနှင့် ယာချူ့(စ်)ခေါ် စိတ်ကြွဆေးပြားသုံးစွဲမှုနှင့်ပက်သက်၍ ထိုင်းနိုင်ငံအခြေစိုက် ဒေါက်တာထင်ဇော် ဆက်သွယ်မေးမြန်းရာတွင်
      “ဒီ ယာချူ့(စ်)ဆေးပြားဟာ မူးယစ်စိတ်ကြွဆေးတစ်မျိုးပါပဲ။ ဆေးပညာအခေါ်တော့ Ephedriae Dericatices ပေါ့။ မူးယစ်ဆေးနဲ့ဆက်စပ်တဲ့ဆေးတစ်မျိုးပေါ့။ ဆေးပြားနဲ့ဆေးမှုန့်ဆိုပြီးနှစ်မျိုးရှိတယ်။ အဲဒီဆေးသောက်ရင်စိတ်ဓာတ်ပျက်ပြားမယ်။ နှလုံးခုန်မြန်စေတယ်။ ဝေဖန်ပိုင်းခြားတဲ့ အသိဥာဏ်လျှော့ စေတယ်။ သုံးစွဲတာများရင် အသက်အန္တရာယ် ဖြစ်စေနိုင်တယ်။”
သတင်း မာတ်ခ်ျ ၂၀၁၀
သတင်း မတ် ၂၀၁၀
မွန်အမျိုသားဒီမိုကရေစီအဖွဲ့မှ (၂ဝ၁ဝ)ရွေးကောက်ပွဲကိုဝင်မည်မဟုတ်
ဘန်တုံယန်းဒုက္ခသည်စခန်း လေပွေပြင်းတစ်ခုရုတ်တရက်တိုက်ခတ်ခဲ့
NLD ဆုံးဖြတ်ချက် NDF ထောက်ခံကြိုဆို
နယ်ခြားစောင့်တပ်အရေး မွန်ပြည်သစ်ယခင်အတိုင်းဆက်လက်ရပ်တည်မည်
NLD မွန်ပြည်နယ် NO ဘဲ
ဗုံးပေါက်ကွဲမှုကြောင့်တစ်ဦးသေ၊ နှစ်ယောက်ဒဏ်ရာ
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရွေးကောက်ပွဲမဝင်ရေးထပ်မံဆုံးဖြတ်
မွန်အမျိုးသားပါတီသစ်တစ်ရပ် ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်
လူငယ်များအကြား ယာချူ(စ်)ခေါ် မူးယစ်ဆေးသုံးစွဲမှုများပြားလာ
မွန်ပြည်သစ်နှင့်ရတခတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်းကြံ့/ဖွဲ့အဖွဲ့မှစည်းရုံးရေးဆင်း
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်  နိုင်ငံရေးပါတီများ၏အမြင်သဘောထားများ
မွန်ပြည်သစ်ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့်တွေ့ဆုံကြဦးမည်
ရေဖြူမြို့နယ်ကျေးရွာသား(၂ဝဝ)ခန့်တိမ်းရှောင်လာသည်ဟု မွန်ပြည်လူ့အခွင့်အရေးအဖွဲ့မှစာရင်းကောက်ခံရရှိ
မွန်ပြည်သစ်တပ်တည်ဧရိယာအတွင်း စစ်အစိုးရတပ်များဝင်ရောက်လာ
၂ဝ၁ဝနှစ်ဆန်းအတွင်းစစ်အစိုးရမှ ကေအာန်ယူအပေါ် ထိုးစစ်ဆင်မှုပိုမိုလုပ်ဆောင်ခဲ့
နေရပ်စွန့်ခွာပြီး မွန်ပြည်သစ်ဒေသသို့ပြောင်းရွေ့ဝင်ရောက်
ပြည်သူ့စစ်မလုပ်လိုသည့်ရွာသားများ မွန်ပြည်သစ်နောက်တန်းစခမ်းတွင်တိမ်းရှောင်နေ
Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views