အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်ပြည်သစ်ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့်တွေ့ဆုံကြဦးမည်
သတင်း

မွန်ပြည်သစ်ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့်တွေ့ဆုံကြဦးမည်

မင်းထက်အောင်၊ ကောင်းဝါ
မတ် ၁၂၊၂၀၁၀။

မင်းထက်အောင်(ကောင်းဝါ-မတ်-၁၂)။    ။ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်များ ရတခတိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် မော်လမြိုင်မြို့တွင် တွေ့ဆုံဆွေးနွေးကြလိမ့်မည်ဟု မွန်ပြည်သစ်အရာရှိအချို့ထံမှ သိရသည်။

သို့သော် တရားဝင်ထုတ်ဖေါ်ပြောဆိုခွင့်မရှိသဖြင့် တွေ့ဆုံမည့်ရက်စွဲအတိအကျကို မပြောကြားခဲ့ပေ။ အကဲခတ်များကမူ လာမည့်သီတင်းပတ်တွင် တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု ယူဆနေကြသည်။

နအဖအနေဖြင့် မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်ခေါင်းဆောင်သော ထိပ်ပိုင်းဗဟိုအလုပ်အမှုဆောင်(၉) ဦးနှင့် မပျက်မကွက်တွေ့ဆုံလိုသည်ဟု ရတခတိုင်းမှူးအကြောင်းကြားခဲ့ကြောင်း သိရသည်။

မည်သို့ပင်တောင်းဆိုစေကာမူ ဤတွေ့ဆုံပွဲကို မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာတက်ရောက်လိမ့်မည်မဟုတ်ဟု ၄င်းတို့ပါတီအသိုင်းအဝိုင်းမှ ပြောဆိုနေကြသည်။

ယမန်နှစ်မတ်လဆန်းပိုင်း၌ မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် စရဖညွှန်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်တို့ ရတခတွင်တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ်ပြောင်းလဲသွားရေးကို နအဖမှပထမဆုံးအကြိမ် တောင်းဆိုခဲ့သည်။ ယခုအခါ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် နယ်ခြားတပ်ပြောင်းလဲသွားရေးကို စရဖညွှန်ချုပ်တောင်းဆိုခဲ့သည့်အတိုင်း မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလက်မခံ၊ ငြင်းပယ်ခဲ့သဖြင့် နောက်ပိုင်းတွင် ရတခတိုင်းမှူးကသာ အကြိမ်ကြိမ် ဆက်လက်တောင်းဆိုခဲ့သည်။

ယခုလမတ်လတတိယပတ်တွင် မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် ပုံမှန်အစည်းဝေးကျင်းပရန် ရည်ရွယ်ထားသော်လည်း ယခုတွေ့ဆုံပွဲကြောင့် အစည်းအဝေးရွှေ့ဆိုင်းလိုက်ရသည်ဟု သိရသည်။

ယခုတွေ့ဆုံပွဲသည် နအဖမှမွန်ပြည်သစ်ပါတီအား အပြင်းအထန်ဆုံး ဖိအားပေးအကြပ်ကိုင်လာတော့မည့် ဆွေးနွေးပွဲဖြစ်နိုင်သည်ဟု အကဲခတ်များ ယူဆနေကြသည်။

နအဖတပ်ဖွဲ့အချို့သည်လည်း ဝင်ရောက်ခွင့်မရှိသည့် မွန်ပြည်သစ်ပါတီဒေသအစိတ်အပိုင်းအချို့တွင် အကြောင်းပြချက်မရှိဘဲ ဖြတ်သန်းဝင်ရောက်ခဲ့သည်ကို ယခင်ကောင်းဝါသတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

မွန်ပြည်သစ်ပါတီတွင် ဗဟိုကော်မတီဝင်(၂၇) ဦး၊ အရန်(၅) ဦးဖြင့်ဖွဲ့စည်းထားသည်။ တင်းပြည့်ပါတီဝင်ဦးရေ (၇၀၀) ခန့်ရှိပြီး စုစုပေါင်းအင်အား (၃၅၀၀)ခန့်ရှိသည်ဟု ယခုနှစ် စစ်အစိုးရထံပေးပို့သော စာရင်းအရ သိရသည်။

၁၉၉၅ ခုနှစ်၊ စစ်အစိုးရနှင့် အပစ်အခတ်ရယူခဲ့စဉ်တွင် တပ်ဖွဲ့ဝင်အင်အား (၇၈၆၀) ဦးရှိသည်ဟု ထုတ်ပြန်သောစာရင်းများတွင် ပါရှိခဲ့သည်။

 


သတင်း မာတ်ခ်ျ ၂၀၁၀
သတင်း မတ် ၂၀၁၀


မွန်အမျိုသားဒီမိုကရေစီအဖွဲ့မှ (၂ဝ၁ဝ)ရွေးကောက်ပွဲကိုဝင်မည်မဟုတ်

ဘန်တုံယန်းဒုက္ခသည်စခန်း လေပွေပြင်းတစ်ခုရုတ်တရက်တိုက်ခတ်ခဲ့

NLD ဆုံးဖြတ်ချက် NDF ထောက်ခံကြိုဆို

နယ်ခြားစောင့်တပ်အရေး မွန်ပြည်သစ်ယခင်အတိုင်းဆက်လက်ရပ်တည်မည်

NLD မွန်ပြည်နယ် NO ဘဲ

ဗုံးပေါက်ကွဲမှုကြောင့်တစ်ဦးသေ၊ နှစ်ယောက်ဒဏ်ရာ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရွေးကောက်ပွဲမဝင်ရေးထပ်မံဆုံးဖြတ်

မွန်အမျိုးသားပါတီသစ်တစ်ရပ် ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်

လူငယ်များအကြား ယာချူ(စ်)ခေါ် မူးယစ်ဆေးသုံးစွဲမှုများပြားလာ

မွန်ပြည်သစ်နှင့်ရတခတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်းကြံ့/ဖွဲ့အဖွဲ့မှစည်းရုံးရေးဆင်း

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်  နိုင်ငံရေးပါတီများ၏အမြင်သဘောထားများ

မွန်ပြည်သစ်ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့်တွေ့ဆုံကြဦးမည်

ရေဖြူမြို့နယ်ကျေးရွာသား(၂ဝဝ)ခန့်တိမ်းရှောင်လာသည်ဟု မွန်ပြည်လူ့အခွင့်အရေးအဖွဲ့မှစာရင်းကောက်ခံရရှိ

မွန်ပြည်သစ်တပ်တည်ဧရိယာအတွင်း စစ်အစိုးရတပ်များဝင်ရောက်လာ

၂ဝ၁ဝနှစ်ဆန်းအတွင်းစစ်အစိုးရမှ ကေအာန်ယူအပေါ် ထိုးစစ်ဆင်မှုပိုမိုလုပ်ဆောင်ခဲ့

နေရပ်စွန့်ခွာပြီး မွန်ပြည်သစ်ဒေသသို့ပြောင်းရွေ့ဝင်ရောက်

ပြည်သူ့စစ်မလုပ်လိုသည့်ရွာသားများ မွန်ပြည်သစ်နောက်တန်းစခမ်းတွင်တိမ်းရှောင်နေ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views