အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
တရားမဝင် မြန်မာအလုပ်သမားခိုးဝင်လာသည့်ကားတိမ်းမှောက်(၉)ဦးဒါဏ်ရာရ
သတင်း

တရားမဝင် မြန်မာအလုပ်သမားခိုးဝင်လာသည့်ကားတိမ်းမှောက်(၉)ဦးဒါဏ်ရာရ

ကိုသိုက် ၊ ကောင်းဝါ
ပထမ-ဝါဆို လဆုတ် ၁၁၊ ၁၃၇၂။ ဇူလိုင် ၇၊၂၀၁၀။

           မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အလွန် ထိုင်းနိုင်ငံစံခလပူရီမြို့မရောက်ခင် စံခလယ်ကျေးရွာအနီး ဇူလိုင်(၇) ရက်နံက်(၁၂)ခွဲအချိန်တွင် တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသည့် ကားတစ်စီး မှောက်သွားရာတွင် အလုပ်သမား(၉)ဦးလောက်ထိခိုက်ဒါဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကပြောပါသည်။ အဆိုပါ တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသည့်ကားပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့သည် ဟုလည်းဒေသခံများမှပြောပါသည်။ ကားတိမ်းမှောက်ပြီးနောက်ဆက်တွဲ အခြေအနေများကို မျက်မြင်သက်သေ တစ်ဦးက အခုလိုပြောပါသည်။

          ကားမှောက်တာအကုန်လုံး(၃၈)ယောက်လေ။ (၃၈)ယောက်မှာဒါဏ်ရာပြင်းတာက(၉)ယောက်၊ (၉) ယောက်ထဲက တစ်ယောက်ဟာ ကန်ပူရီဆေးရုံကိုပို့ထားရတယ်။ ကျန်တဲ့(၈)ယောက်က ဝင်းကဆေးရုံမှာ အတွင်းလူနာအဖြစ်ဆေးဝါးကုသခံနေရတယ်။

          ဒါဏ်ရအနည်းအကျဉ်းရထားသည့်သူများအပါအဝင် ကျန်ရှိနေသည့်တရားမဝင်အလုပ်သမားများကို စံခလ ပူရီရဲစခမ်းတွင်ထိန်းသိမ်းထားပြီး ၄င်းတို့၏အခြေအနေနှင့်ပက်သက်ပြီး ထိုင်းအဏာပိုင်များနှင့်နီးစပ်သူတစ်ဦးကို မေးမြန်းခဲ့ရာတွင် ယခုလိုပြောပါသည်။

          ခိုးဝင်တဲ့လူတွေကတော့ မြို့ထဲမှာ အလုပ်သွားလုပ်မဲ့သူတွေပါ။ သူတို့ကို မြန်မာနယ်စပ်မှာပြန်သွန်မှာ ပေါ့။ ဒါဏ်ရာနဲနဲရတဲ့သူတွေကတော့ ဆေးရုံမှာဆေးထဲ့ပြီးတော့ ရဲစခမ်းထိန်းထားတယ်။ မနက်ဖန်လောက် သွန်မယ်ထင်တယ်။

          ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ဖို့အမိန့်ကို ထိုင်းဝန်ကြီးချုပ်အဘီဆစ်ဝိချာချီဝက ဇွန်(၂)ရက်စွဲနှင့် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ အပြီးမှာဖမ်းဆီးမှုတွေများပြားလာပါသည်။ ထိုင်းအစိုးရအနေနှင့် မည်သို့ပင်စီမံချက်ချ ဖမ်းဆီးမှုများလုပ်နေသော် လဲ တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကတော့ လမ်းကြောင်းအမျိုးမျိုးကနေ ခိုးဝင်လာဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်၌ နိုင်ငံရေးမတည်ငြိမ်မှု စီးပွါးရေးနိမ့်ကျမှု ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ထိုင်းနိုင်ငံအတွင်းကို အလုပ်အကိုင်ရှာဖွေလုပ်ကိုင်လာမှု ပိုများပြားလာသည်ဟု အလုပ်သမားအရေးလေ့လာ သူများကဆိုပါသည်။

 


သတင်း ဇူလိုင်-၂၀၁၀
သတင်း ဇူလိုင်-၂၀၁၀


ပြည်သူ့စစ်ဖွဲ့စည်းရေးလက်မခံသည့် ပေါက်ပင်ကွင်းကျေးရွာသား(၄ဝဝ) ထိုင်းနိုင်ငံဘက်တိမ်းရှောင်လာ

ထိုင်းနိုင်ငံကန်ချနပူရီမြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးရာခိုင်နှုန်းလောက် HIV ရောဂါပိုး စစ်ဆေးတွေ့ရှိ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအလုပ်အမှုဆောင်စာရင်းများ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစည်းရုံးရေးခရီး ဆင်းနေဆဲ

စစ်အစိုးရတပ်မှ ပေါ်တာဖမ်းထားသော မွန်ပြည်သစ်အရန်တပ်သားများ ပြန်လွတ်လာ

မြန်မာစစ်တပ်မှ ရွာသားများကိုပေါ်တာဖမ်း

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အလုပ်အမှုဆောင်သစ်ဖွဲ့ပြီး

ဘုရားသုံးဆူမြို့ ဆွိုင်းစားသောက်ဆိုင်ပိုင်ရှင်အသတ်ခံရ

ဘုရားသုံးဆူနယ်စပ်ပြဿနာ သဘောတူညီမှုရရှိ

ထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်ဂိတ် နအဖပိတ်ထား

တရားမဝင် မြန်မာအလုပ်သမားခိုးဝင်လာသည့် ကားတိမ်းမှောက်(၉)ဦးဒါဏ်ရာရ

အင်းစိန်ထောင်အတွင်းအနှိပ်စက်ခံမွန်ရဟန်းပျို ဆေးဝါးကုသခွင့်မရ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views