အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အလုပ်အမှုဆောင်သစ်ဖွဲ့ပြီး
သတင်း

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အလုပ်အမှုဆောင်သစ်ဖွဲ့ပြီး

ဆူးပန်း၊ ကောင်းဝါ
ဒုတိယ-ဝါဆို လဆန်း ၂၊ ၁၃၇၂။ ဇူလိုင် ၁၃၊၂၀၁၀။

မွန်နိုင်ငံရေးပါတီသစ်တစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ဇူလိုင်လ(၁၁)ရက်နေ့ မော်လမြိုင်မြို့မြိုင်သာယာရပ်ကွက်အတွင်းရှိ ပါတီဌာနချုပ်ရုံးသစ်တွင် အစည်းအဝေးကျင်းပခဲ့ပြီး ဗဟိုအလုပ် အမှုဆောင်သစ်များကို ရွေးချယ်တင်မြှောက်ခဲ့သည်ဟု ပါတီ၏ဥက္ကဌဖြစ်သူနိုင်ငွေသိမ်းခေါ် နိုင်ဂျနူမွန်မှပြောပါသည်။  

ပါတီဥက္ကဌအဖြစ်နိုင်ငွေသိမ်းကိုရွေးချယ်ခဲ့ပြီး ယခင်ဒုတိယခေါင်းဆောင်ဖြစ်သည့် ဒေါက်တာမင်းလှအောင်ကို ဒုဥက္ကဌ(၁)အဖြစ်၎င်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မီတီဥက္ကဌဟောင်း နိုင်သိုက်ကိုဒုဥက္ကဌ(၂)အဖြစ်၎င်း၊ အငြိမ်း စားပြည်နယ်ကျန်းမာရေးမှူးဒေါက်တာမင်းနွယ်စိုးကို အထွေထွေအတွင်းရေးမှူးအဖြစ်၎င်း၊ နိုင်စံတင်ကို တွဲဘက် အတွင်းရေးမှူး(၁)အဖြစ်၎င်း၊ မွန်ပြည်သစ်ပါတီမှအနားယူထားသော ဗဟိုကော်မီတီဝင်ဟောင်းနိုင်ခင်အောင်ကို တွဲဘက်အတွင်းရေးမှူး(၂)အဖြစ်၎င်းရွေးချယ်တင်မြှောက်ခဲ့သည်ဟုဆိုပါသည်။

ကျန်ရှိနေသောပါတီအလုပ်အမှု ဆောင်များကို နောင်အစည်းအဝေးတွင် တာဝန်ဆက်လက်ပေးသွားမည်ဖြစ်ပြီး လောလောဆယ်ဆယ် အခြေအနေအရ ဇူလိုင်(၁၅)ရက်နေ့အမီ  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပါတီအလုပ်မှုဆောင် စာရင်းပေးပို့ထားလိုက်ပြီးဟု ပါတီဥက္ကဌဖြစ်သူ နိုင်ငွေသိန်းမှ ပြောပါသည်။

မွန်ပြည်နယ်ဘက်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးခရီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနှင့် တစညပါတီတို့သာ ပြောင်ပြောင်တင်းတင်းစည်းရုံးခွင့်ရနေသည်ဟု ဝါရင့်နိုင်ငံရေးသမားဟောင်း တစ်ဥိးကပြောပါသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအနေနှင့် မဲဆွယ်စည်းရုံးရေးခရီးဆင်းသည့် နေရာ၌ ရွေးကောက်ပွဲကော်မရှင်၏ ကန့်သတ်ချက် များပြားနေသည့်အပေါ်     ပါတီရဲ့ဥက္ကဌဖြစ်သူ နိုင်ငွေသိမ်းကအခုလို ပြောပါသည်။
                                                               
အခက်အခဲတော့ရှိတာပေါ့။ စည်းရုံးရေးဆင်း ပြည်သူတွေနဲ့တွေ့မယ်ဆိုရင်ကျွန်တော်တို့ကတော့ ကြိုတင်ပြီး တော့(၇)ရက်ခွင့်တောင်းရတယ်။ သက်ဆိုင်ရာမြို့နယ်ကော်မရှင်ခွဲကိုစာတင်ရတယ်။ မြို့နယ်ကော်မရှင်ကလဲဘဲ (၄၈)နာရီကြိုတင်ပြီးတော့ သူတို့ကအကြောင်းကြားပေးတယ်။
အဲတာနဲ့ ကျွန်တော်တို့ကစည်းရုံးရေးဆင်းနေရတဲ့ အနေအထားမှာရှိပါတယ်။ သင့်တော်တဲ့အိမ်တွေမှာဘဲလုပ်နေရတယ်။ သတ်မှတ်ချက်နဲ့အညီဖြစ်ဖို့ အရေးကြီး တာပေါ့။ အမိန့်မလိုက်နာနိုင်ဘူးဆိုရင် ပါတီ ဖျက်ထုတ်ခံရမှာကိုး။


မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ပါတီအသစ်ဖြစ်နေခြင်းကြောင့် တခြားနိုင်ငံရေးပါတီများ နည်းတူ ရန်ပုံငွေအခက်အခဲများနှင့်ရင်ဆိုင်နေရသလို ပါတီဝင်များစုစည်းထည့်ဝင်ငွေနှင့် လှုပ်ရှားနေရသည်ဟု နိုင်ငွေသိန်းမှပြောပါသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို (၂ဝ၁ဝ)ခုနှစ်ဧပြီ(၇)ရက်နေ့တွင် ကော်မီတီဝင် (၁၅)ဦးနှင့် စတင်ဖွဲ့စည်းခဲ့ပြီး မေလ(၂၄)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံတင်ခွင့် အမှတ်(၅၁)နဲ့ ခွင့်ပြုချက်ကျထားသော မွန်နိုင်ငံရေးပါတီဖြစ်သည်။ 

 


သတင်း ဇူလိုင်-၂၀၁၀
သတင်း ဇူလိုင်-၂၀၁၀


ပြည်သူ့စစ်ဖွဲ့စည်းရေးလက်မခံသည့် ပေါက်ပင်ကွင်းကျေးရွာသား(၄ဝဝ) ထိုင်းနိုင်ငံဘက်တိမ်းရှောင်လာ

ထိုင်းနိုင်ငံကန်ချနပူရီမြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးရာခိုင်နှုန်းလောက် HIV ရောဂါပိုး စစ်ဆေးတွေ့ရှိ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအလုပ်အမှုဆောင်စာရင်းများ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစည်းရုံးရေးခရီး ဆင်းနေဆဲ

စစ်အစိုးရတပ်မှ ပေါ်တာဖမ်းထားသော မွန်ပြည်သစ်အရန်တပ်သားများ ပြန်လွတ်လာ

မြန်မာစစ်တပ်မှ ရွာသားများကိုပေါ်တာဖမ်း

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အလုပ်အမှုဆောင်သစ်ဖွဲ့ပြီး

ဘုရားသုံးဆူမြို့ ဆွိုင်းစားသောက်ဆိုင်ပိုင်ရှင်အသတ်ခံရ

ဘုရားသုံးဆူနယ်စပ်ပြဿနာ သဘောတူညီမှုရရှိ

ထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်ဂိတ် နအဖပိတ်ထား

တရားမဝင် မြန်မာအလုပ်သမားခိုးဝင်လာသည့် ကားတိမ်းမှောက်(၉)ဦးဒါဏ်ရာရ

အင်းစိန်ထောင်အတွင်းအနှိပ်စက်ခံမွန်ရဟန်းပျို ဆေးဝါးကုသခွင့်မရ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views