အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
နအဖတပ်နှင့်ကျေးရွာပြည်သူ့စစ်တို့ပေါင်း၍ မွန်ခွဲထွက်များအားရှင်းလင်းသွားမည်ဟုဆို
သတင်း

နအဖတပ်နှင့်ကျေးရွာပြည်သူ့စစ်တို့ပေါင်း၍ မွန်ခွဲထွက်များအားရှင်းလင်းသွားမည်ဟုဆို

  ဆူးပန်း၊ ကောင်းဝါ
ဖေဖေါ်ဝါရီ ၇၊၂၀၁၀။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း  ရာဖူး ကျောက်ကုတင် ကိုးမိုင် အလယ်စခန်း ကျေးရွာ များတွင် ဖွဲ့စည်းထားသောပြည်သူ့စစ်များကို နအဖစစ်ကြောင်းများနှင့်ပူးပေါင်း၍ ဒေသအတွင်း လှုပ် ရှားနေသော မွန်ခွဲ ထွက်အဖွဲ့များကို ရှင်းလင်းရာတွင်အသုံးပြုသွားမည်ဟု ကျေးရွာရယက တစ်ဦးမှ ပြောပါသည်။ ယခင်မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသဖြစ်သည့် ရေဖြူမြို့နယ် မော်တော်ကား လမ်းတ လျှောက်တွင်ရှိသည့်ကျေးရွာများကို စစ်အာဏာပိုင်များမှ (၂ဝဝ၉)ခုနှစ်အောက်တိုဘာလဆန်း လောက်တွင် ပြည်သူ့စစ်အဖွဲ့ဖွဲ့စည်းခဲ့ပြီး စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းပြုလုပ်ခဲ့ သည်ဟုဆို၏။

ရာဖူးကျေးရွာနေပြည်သူ့စစ်တစ်ဦး၏အဆိုအရ ၄င်းတို့မှာ နအဖစစ်ကြောင်းနောက်သို့ လိုက်ပါ နေရသဖြင့် အလွန်အတိဒုက္ခရောက်နေကြောင်း ပြည်သူ့စစ်အလုပ်ကို အတင်းအကြပ်စေခိုင်း၍သာ လုပ်ကိုင်နေရပြီး စိတ်မပါကြောင်း မိမိတို့၏ကိုယ်ပိုင်လုပ်ငန်းများကိုပစ်ထားရသဖြင့် နစ်နာမှုရှိ နေကြောင်း ကောင်းဝါသတင်းဌာန ကို ပြောဆိုခဲ့ပါသည်။

ရေဖြူမြို့နယ်တွင်လှုပ်ရှားနေသည့် မွန်ခွဲထွက်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်အမျိုးသား ကာကွယ်ရေး တပ်မတော်မှ ဗိုလ်မှူးဂျလွန်းထောမှနေ၍ ပြီးခဲ့သည့်ဇန္နာဝါရီဒုတိယအပါတ်တွင် ခမရ(၂၈၂)တပ်ဖွဲ့နှင့် ကျေးရွာပြည်သူ့စစ်များပူးပေါင်းပြီး ၄င်းတို့တပ်ဖွဲ့ဝင်များဆေးကုသနေသော အလယ်စခမ်းကျေးရွာနှင့်မနီးမဝေး စခမ်းပုန်းတခုကို ဝိုင်းပတ်ခဲ့သဖြင့် ပစ်ခတ်မှုဖြစ်ပွါးခဲ့သည်။ အဆိုပါတိုက်ပွဲမှာ(၁၅)မိနစ်ခန့်သာကြာခဲ့ပြီး နအဖတပ်ဘက်မှ တစ်ဦးကျဆုံးခဲ့ပြီး အသက်(၆)နှစ် အရွယ်ခလေးငယ်တစ်ဦးလည်း တိုက်ပွဲအကြားတွင်သေဆုံးသွားခဲ့သည်ဟုပြော ကြားခဲ့သည်။  

အဆိုပါရေဖြူမြို့နယ်တွင် မွန်ပြည်သစ်ပါတီမှတပ်ဖွဲ့များ နိုင်ချမ်းတုံးဦးစီး မွန်ခွဲထွက်အဖွဲနှင့် မွန်အမျိုးသား ကာကွယ်ရေးတပ်များမှ ဝင်ထွက်လှုပ်ရှားနေသောဒေသဖြစ်ပြီး ယခုလိုပြည်သူ့စစ်အဖွဲ့ ပေါ်ပေါက်လာသောကြောင့် လှုပ်ရှားမှုဧရိယာကျုံ့သွားနိုင်သလို စစ်အစိုးရအနေနှင့် ပြည်သူ့စစ်မဟာ ဗျူဟာလုပ်ငန်းစဉ်တွေကို အကွက်ကျကျလုပ်ဆောင်နေပြီးဟု နယ်စပ်စစ်ရေးအကဲခတ်သူတစ်ဦးက ဆိုပါသည်။ 


 


သတင်း ဖေဖေါ်ဝါရီ ၂၀၁၀



သတင်း ဖေဖေါ်ဝါရီ ၂၀၁၀


ဗုံးပေါက်ခွဲမှုလက်သည်တရားခံကို ကေအာန်ယူလက်ချက်ဟု စစ်အစိုးရမှစွပ်စွဲ

သံဖြူဇရပ်မြို့နေကျောင်းသားတစ်ဦးကို DKBA ဂိတ်မှူးမှ ရိုက်နှိက်

ကြက်ငှက်ဝက်တုတ်ကွေးရောဂါဆိုင်ရာ သတိပေးနှိုးဆော်ချက်ထုတ်ပြန်

ခွဲစိတ်ခံလူနာတစ်ဦး ဆေးခန်းတွင်သေဆုံးခဲ့

KPF အဖွဲ့အတွင်းခေါင်းဆောင်ပြောင်းလဲရေးအတွက်အကြိုဆွေးနွေး

တိုင်းရင်းသားခေါင်းဆောင်တို့၏ ပြည်ထောင်စုနေ့ညစာစားပွဲ

တိုင်းရင်းသားများကိုယ့်အားကိုယ်ကိုးရန် မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦးမှတိုက်တွန်းထား

နိုင်ငံတော်မှချမှတ်ထားသည့်ဦးတည်ချက်အတိုင်း လုပ်ဆောင်မည်ဟုဒီကေဘီအေမှပြောဆို

ပြည်သူ့စစ်ကြေးကောက်ခံမှုအပေါ် မကျေနပ်သည့်ရွာသားတစ်ဦးဖမ်းဆီးသတ်ဖြတ်ခံရ

နအဖတပ်နှင့်ကျေးရွာပြည်သူ့စစ်တို့ပေါင်း၍ မွန်ခွဲထွက်များအားရှင်းလင်းသွားမည်ဟုဆို

မသန့်စင်သောငါးများ ဈေးတွင်ရောင်းချနေဆဲ

စစ်အစိုးရလှုပ်ရှားမှုအပေါ်သတိထားစောင့်ကြည့်နေရဟု မွန်ပြည်သစ်ပါတီဥက္ကဌကြီးမှပြောကြား

မွန်အမျိုးသားနေ့ပွဲတော် ပြည်တွင်းပြည်ပနေရာအနှံ့ကျင်းပ

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views