အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မသန့်စင်သောငါးများ ဈေးတွင်ရောင်းချနေဆဲ
သတင်း

မသန့်စင်သောငါးများ ဈေးတွင်ရောင်းချနေဆဲ

  ဆူးပန်း၊ ကောင်းဝါ
ဖေဖေါ်ဝါရီ ၃၊၂၀၁၀။


                 ငါးလုပ်ငန်းဦးစီးဌာနမှ ဈေးကွက်အတွင်းရောင်းချနေသောပြဒါးဓာတ်ပါသော ငါးများ၊ မသန့်စင်သော ငါးများ ဓါတုဗေဒဆေးများထည့်သွင်းထားသောငါးများကို စားသုံးမိပါက ကျန်းမာရေးထိခိုက်နိုင်သဖြင့်  လိုအပ်သောစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီးဟု ပြည်တွင်းထုတ်ဂျာနယ်များတွင် ရေးသားဖေါ်ပြထား ပါသည်။ စစ်ဆေးမှုများအရ အထူးသဖြင့်ဈေးတွင်ရောင်းချနေသောပြဒါးဓာတ်ပါသောငါးများကိုစားသုံးလျှင် လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် အနေအထားမျိုး မတွေ့ရှိရကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့ကြောင်းဖေါ်ပြထားပါသည်။

မွန်ပြည်နယ်အတွင်းငါးလုပ်ငန်းမြင်ကွင်းတစ်ခု

                 လက်ရှိအခြေအနေအရဈေးဆိုင်များတွင် ဓါတုဗေဒဆေးများထည့်သွင်းထားသောငါးရောင်းချမှုကို အ ရေးယူနေသည်ဟုဆိုသော်လည်း လက်တွေ့အနေအထားအရဖြစ်ဖြစ်မြောက်မြောက်အရေးယူနိုင်ခြင်းမရှိသေး ဟု မော်လမြိုင်သံလွင်ဈေးမှ စည်ပင်သာယာရေးအရာရှိတစ်ဦးမှပြောပါသည်။ အထူးသဖြင့် ပင်လယ်ငါးကြီး များ မွေးမြူရေးငါးကြီးများမှာရေခဲစိမ်ပြီးရောင်းချနေရသောကြောင့် တာရှည်ထားနိုင်ရန်ဖေါ်မလင်ဆေးများ ထိုးထားခြင်း ပါးဟက်များအနီရောင်သန်းနေစေရန် ယူရီးယား(ပုလဓါတ်မြေသြဇာ)ထည့်သွင်းထားသည်မှာ များကြောင်း အဆိုပါ စည်ပင်သာယာရေးအရာရှိတစ်ဦးမှဆိုပါသည်။

                 မော်လမြိုင်မြို့ မြိုင်သာယာရပ်တွင်နေထိုင်သူကျောင်းဆရာမတစ်ဦးမှ ၄င်းတွေ့ကြုံခဲ့သောအဖြစ်အပျက် ကို ဤသို့ပြောပြခဲ့သည်။
                 “ ကျွန်မတို့အိမ်မှာအလှူလုပ်တော့ သံလွင်ဈေးထဲမှာငါးသွားဝယ်တယ်လေ။ ဈေးသည်ကပြောတယ် အစ်မကြည့်စမ်း ငါးတွေလတ်မှလတ်။ ပါးဟက်ကိုကြည့် နီရဲနေတာဘဲဆိုပြီးပြောတယ်။ သူလဲအဆွယ် ကောင်းတာနဲ့ ငါးကြင်း(၇)ပိသာဝယ်လိုက်တယ်။ အိမ်ရောက်တော့ ငါးကိုင်တဲ့အခါမှာ ငါးပါးဟက်က အေးစက်နေတာသိရ တယ်။ ပြီးတော့စိမ်းရွှေရွှေအနံ့တွေရတယ်။ ဟိုလူသေအလောင်းကအနံ့ပေါ့နော်။ ကျွန်မလဲမသင်္ကာတာနဲ့ နီးစပ်ရာသူနာပြုဆရာမတစ်ယောက်ကိုခေါ်ပြတော့ ဟို လူသေတွေကိုထိုးပေးတဲ့ ဖေါ်မလင်ဆေးထိုးထားတာ သိရတယ်။”
                 အဆိုပါဖြစ်စဉ်ကိုဈေးကော်မီတီတွင်တိုင်ကြားသော်လည်းအရေးယူမှုမရှိဟု ပြောပါသည်။ အလားတူ မွန်ပြည်နယ် ရေးမြို့နယ်ဈေးတန်းတွင် မသန့်စင်သောငါး ဓါတုဗေဒဆေးများထည့်သွင်း သောငါးရောင်းချမှုကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှပိတ်ပင်ထားသော်လည်း ငါးရောင်းချသူများသည် အောက်ခြေဝန်ထမ်းများနှင့် အပေးအယူလုပ်ကာ အနီးအနားကျေးရွာများဖြစ်သော ကလော့ ဟံဂံ ကော့လှိုင်ရွာများတွင်ရောင်းချနေ ကြောင်း ကလော့ရွာသားတစ်ဦးမှပြောပါသည်။

      ပြဒါးဓာတ်ကြွင်းပါရှိသည့် ငါးကိုစားသုံးမိပြီးခန္ဓွာကိုယ်ထဲသို့ ရောက်ရှိပါက ပြဒါးဆိပ်သင့်ခြင်း ဖြစ်နိုင်ပြီး အခြား ဓါတုဗေဒဆေးများထည့်သွင်းသော ငါးများကိုစားသုံးမိပါက ဦးနှောက်၊ ကျောက်ကပ်၊ အဆုတ်များ ကိုပျက်စီးစေနိုင်ကြောင်း ယားယံခြင်း၊ အသားအရေပြားအရောင်ပြောင်းလဲခြင်း၊ ပါးနှင့်နှုတ်ခမ်းများနီတတ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကြွက်သားများပျက်စီးခြင်းတို့ဖြစ်တတ်ကြောင်း တတ်ကျွမ်းသူ ဆရာဝန်တစ်ဦးမှ ပြောပါသည်။

 


သတင်း ဖေဖေါ်ဝါရီ ၂၀၁၀



သတင်း ဖေဖေါ်ဝါရီ ၂၀၁၀


ဗုံးပေါက်ခွဲမှုလက်သည်တရားခံကို ကေအာန်ယူလက်ချက်ဟု စစ်အစိုးရမှစွပ်စွဲ

သံဖြူဇရပ်မြို့နေကျောင်းသားတစ်ဦးကို DKBA ဂိတ်မှူးမှ ရိုက်နှိက်

ကြက်ငှက်ဝက်တုတ်ကွေးရောဂါဆိုင်ရာ သတိပေးနှိုးဆော်ချက်ထုတ်ပြန်

ခွဲစိတ်ခံလူနာတစ်ဦး ဆေးခန်းတွင်သေဆုံးခဲ့

KPF အဖွဲ့အတွင်းခေါင်းဆောင်ပြောင်းလဲရေးအတွက်အကြိုဆွေးနွေး

တိုင်းရင်းသားခေါင်းဆောင်တို့၏ ပြည်ထောင်စုနေ့ညစာစားပွဲ

တိုင်းရင်းသားများကိုယ့်အားကိုယ်ကိုးရန် မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦးမှတိုက်တွန်းထား

နိုင်ငံတော်မှချမှတ်ထားသည့်ဦးတည်ချက်အတိုင်း လုပ်ဆောင်မည်ဟုဒီကေဘီအေမှပြောဆို

ပြည်သူ့စစ်ကြေးကောက်ခံမှုအပေါ် မကျေနပ်သည့်ရွာသားတစ်ဦးဖမ်းဆီးသတ်ဖြတ်ခံရ

နအဖတပ်နှင့်ကျေးရွာပြည်သူ့စစ်တို့ပေါင်း၍ မွန်ခွဲထွက်များအားရှင်းလင်းသွားမည်ဟုဆို

မသန့်စင်သောငါးများ ဈေးတွင်ရောင်းချနေဆဲ

စစ်အစိုးရလှုပ်ရှားမှုအပေါ်သတိထားစောင့်ကြည့်နေရဟု မွန်ပြည်သစ်ပါတီဥက္ကဌကြီးမှပြောကြား

မွန်အမျိုးသားနေ့ပွဲတော် ပြည်တွင်းပြည်ပနေရာအနှံ့ကျင်းပ

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views