အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်အမျိုးသားနေ့ပွဲတော် ပြည်တွင်းပြည်ပနေရာအနှံ့ကျင်းပ
သတင်း

စစ်အစိုးရလှုပ်ရှားမှုအပေါ်သတိထားစောင့်ကြည့်နေရဟု မွန်ပြည်သစ်ပါတီဥက္ကဌကြီးမှပြောကြား

  ဆူးပန်း၊ ကောင်းဝါ
ဖေဖေါ်ဝါရီ ၁၊၂၀၁၀။

မွန်ပြည်သစ်ပါတီ ဥက္ကဌကြီးနိုင်ထောမွန် သဝဏ်လွှာ ဖတ်ကြားနေစဉ်

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်အတွင်းကျင်းပခဲ့သည့် (၆၃)ကြိမ်မြောက်မွန်အမျိုးသားနေ့ အခန်း အနားကို သဘာပတိကြီးအနေဖြင့်တက်ရောက်ခဲ့သော မွန်ပြည်သစ်ပါတီဥက္ကဌကြီးနိုင်ထောမွန် သည်
မွန်အမျိုး သားနေ့ကိုအကြောင်းပြု၍ မွန်တမျိုးသားလုံးစည်းလုံးညီညွတ်မှု တည်ဆောက်ရန် လိုအပ်နေပြီးဖြစ်ကြောင်း မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့ကိုလက်မခံသည့်အပြင် (၂ဝဝ၈)ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ စည်းမျဉ်းဥပဒေထဲမှ တချို့အချက်အလက်များကို ပြင်ဆင်ဖို့လိုအပ်ကြောင်းကောင်းဝါသတင်းဌာနကို ပြောဆို ခဲ့သည်။ အထူးသဖြင့် ပြည်တွင်းပြည်ပရှိ မွန်အမျိုးသားအပေါင်းတို့ ညီညီညွတ်ညွတ်နှင့် အမျိုးသားရေး အတွက် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ယခုလိုပြောဆိုခဲ့ပါသည်။

အမျိုးသားရေးအတွက်အရေးကြီးနေတဲ့ ဒီကနေ့လိုအချိန်အခါမျိုးမှာ ကျွန်တော်တို့မွန်အမျိုးသား တွေအားလုံးက မျိုးချစ်စိတ်ဓါတ်ကိုအခြေခံပြီးတော့ ညီညွတ်မှုကိုကျွန်တော်တို့စုစည်းတည်ဆောက်ရပါမယ်။ နိုင်ငံရေးအရပေါ့ ညီညွတ်မှုခွန်အားအနေနဲ့ တကယ့်အင်အားဖြစ်လာဖို့ညီညွတ်မှုကိုတည်ဆောက်ပြီးတော့ ခိုင်မာအောင် ပြုလုပ်ရမှာဖြစ်ပါတယ်။  ဒီကနေ့ လက်တွေ့အခြေအနေအရလည်း MAU ဆိုတဲ့ မွန်အမျိုးသား ရေးရာ သမဂ္ဂကလည်း ရှိနေတယ်။ အဲဒီသမဂ္ဂကနေတဆင့် မွန်အမျိုးသားတွေရဲ့အဖွဲ့အစည်း အသီးသီးကို စုစည်းပြီးတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်အမျိုးသားအပေါင်းကို ကျွန်တော်တို့ညီညွတ်မှုပိုပြီး ရှိအောင် ကျွန်တော်တို့ စုစည်းပြီးတော့ လက်တွဲပြီးတော့ပေါင်းစည်းရမယ်။ အဲဒီကနေတဆင့်ဆက်စပ်မှုရှိရှိ မွန်တမျိုး သားလုံး လွတ်မြောက်ရေးအတွက်ပေါ့ အထောက်အကူဖြစ်အောင်ကျွန်တော်တို့ ပူးပေါင်းဆက်စပ်ပြီးတော့ လှုပ်ရှားသွားမှာ အဲဒီလိုလှုပ်ရှားယင်းနဲ့ ညီညွတ်မှုကိုပိုပြီးခိုင်မာအောင် ပိုပြီးတော့ထိရောက်အောင် အမျိုးသား ရေးအတွက် လုံးပမ်းသွားမှာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရတိုက်တွန်းထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်မခံသည့် လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သည်။ စစ်အစိုးရမှအတန်တန်ဖိအားပေးခဲ့သော်လည်း ပါတီညီလာခံမှ ဆုံးဖြတ် ချက်အတိုင်းဆက်လက်ရပ်တည်နေဆဲဟုဆိုသည်။ ယနေ့အထိ စစ်အစိုးရမှခြိမ်းခြောက်ဖိအားပေးမှုများ မရှိသေး သော်လည်း ၄င်းတို့၏လှုပ်ရှားမှုများကို အထူးသတိထားစောင့်ကြည့်နေရသည်ဟု ဥက္ကဌကြီး နိုင်ထောမွန်မှ ယခု လိုပြောဆိုခဲ့သည်။

နယ်ခြားစောင့်တပ်ဖွဲ့ဖို့လဲကျွန်တော်တို့က လူထုတွေရဲ့အမြင်အရ ကျွန်တော်တို့လက်မခံနိုင်သေးဘူး။ အဲဒီအခြေအနေမျိုးဖြစ်နေတော့ တဖက်ကစစ်အစိုးရက ကျွန်တော်တို့ရဲ့ရပ်တည်ချက်အပေါ်ပေါ့ လက်မခံ နိုင်တဲ့ ရပ်တည်ချက်အပေါ်မှာ သူတို့နဲ့သဘောမတိုက်ဆိုင်တော့ အဲဒီအပေါ်မှာသူတို့ကဘယ်လို လှုပ်ရှား လာမလဲဆိုတာ ကျွန်တော်တို့ကတဖက်က သတိထားစောင့်ကြည့်နေရသည် ဟုပြောပါသည်။”

စစ်အစိုးရအနေနှင့် (၂ဝဝ၈)ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းဥပဒေထဲမှ တချို့အချက်အလက်များကို ပြင်ဆင်ဖို့လိုအပ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေးဖြင့်နိုင်ငံရေးပြဿနာများ၏အဖြေကိုရှာသင့်ကြောင်း ဥက္ကဌကြီး နိုင်ထောမွန်မှပြောဆိုခဲ့သည်။
                 မွန်ပြည်သစ်ပါတီသည် (၁၉၉၅)ခုနှစ်ဇွန်လ(၂၉)ရက်နေ့တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်ဆဲကာ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့သည်။ အပစ်အခတ်ရပ်ဆဲရေးကာလအတွင်း မြို့တွင်းစည်းရုံးရေးလုပ်ငန်းများ စီးပွါး ရေးလုပ်ငန်းများ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတော်အတင့်အခွင့်အရေးရရှိခဲ့သော်လည်း မိမိတို့၏အခြေခံ ဒေသအများအပြားကို လက်လွှတ်ခဲ့ရသည်။ ယခုလည်းနယ်ခြားစောင့်တပ်ဖွဲ့အသွင်ကို လက်မခံသော မွန်ပြည်သစ် ပါတီနှင့် စစ်အစိုးရတို့အကြားတွင် မရေရာမှုများနှင့် သံသယဖြစ်စရာ အနေအထား တွင်ရှိနေသည်ဟု မွန်နိုင်ငံရေး အကဲခတ်သူတချို့မှပြောပါသည်

 


သတင်း ဖေဖေါ်ဝါရီ ၂၀၁၀



သတင်း ဖေဖေါ်ဝါရီ ၂၀၁၀


ဗုံးပေါက်ခွဲမှုလက်သည်တရားခံကို ကေအာန်ယူလက်ချက်ဟု စစ်အစိုးရမှစွပ်စွဲ

သံဖြူဇရပ်မြို့နေကျောင်းသားတစ်ဦးကို DKBA ဂိတ်မှူးမှ ရိုက်နှိက်

ကြက်ငှက်ဝက်တုတ်ကွေးရောဂါဆိုင်ရာ သတိပေးနှိုးဆော်ချက်ထုတ်ပြန်

ခွဲစိတ်ခံလူနာတစ်ဦး ဆေးခန်းတွင်သေဆုံးခဲ့

KPF အဖွဲ့အတွင်းခေါင်းဆောင်ပြောင်းလဲရေးအတွက်အကြိုဆွေးနွေး

တိုင်းရင်းသားခေါင်းဆောင်တို့၏ ပြည်ထောင်စုနေ့ညစာစားပွဲ

တိုင်းရင်းသားများကိုယ့်အားကိုယ်ကိုးရန် မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦးမှတိုက်တွန်းထား

နိုင်ငံတော်မှချမှတ်ထားသည့်ဦးတည်ချက်အတိုင်း လုပ်ဆောင်မည်ဟုဒီကေဘီအေမှပြောဆို

ပြည်သူ့စစ်ကြေးကောက်ခံမှုအပေါ် မကျေနပ်သည့်ရွာသားတစ်ဦးဖမ်းဆီးသတ်ဖြတ်ခံရ

နအဖတပ်နှင့်ကျေးရွာပြည်သူ့စစ်တို့ပေါင်း၍ မွန်ခွဲထွက်များအားရှင်းလင်းသွားမည်ဟုဆို

မသန့်စင်သောငါးများ ဈေးတွင်ရောင်းချနေဆဲ

စစ်အစိုးရလှုပ်ရှားမှုအပေါ်သတိထားစောင့်ကြည့်နေရဟု မွန်ပြည်သစ်ပါတီဥက္ကဌကြီးမှပြောကြား

မွန်အမျိုးသားနေ့ပွဲတော် ပြည်တွင်းပြည်ပနေရာအနှံ့ကျင်းပ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views