အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ခွဲစိတ်ခံလူနာတစ်ဦး ဆေးခန်းတွင်သေဆုံးခဲ့
သတင်း

ခွဲစိတ်ခံလူနာတစ်ဦး ဆေးခန်းတွင်သေဆုံးခဲ့

မင်းထက်အောင်၊ ကောင်းဝါ
ဖေဖေါ်ဝါရီ ၁၉၊၂၀၁၀။

မင်းထက်အောင်(ဖေဖေါ်ဝါရီ-၁၉)။     ။ လူနာတစ်ဦးခွဲစိတ်ခံခဲ့ပြီး နာရီပိုင်းအတွင်း သေဆုံးခဲ့သည့်ဖြစ်ရပ်တစ်ခု မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ ငွေမိုးအထူးဆေးကုခန်းတွင် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဖြစ်ပေါ်ခဲ့ကြောင်း အမည်မဖေါ်လိုသည့် ဆရာဝန်တစ်ဦး ပြောပြချက်အရ သိရသည်။

မော်လမြိုင်မြို့ ဆရာဝန်အသိုင်းအဝိုင်းများယူဆချက်အရ မှားယွင်းသောခွဲစိတ်မှုကြောင့်သာ ဖြစ်သည်ဟု ဆိုနေကြသည်။ သို့သော် စောင့်စည်းမှုများအရ အသေးစိတ်အချက်အလက်ကို မပြောပြကြပေ။

သေဆုံးခဲ့သူမှာ ရေးမြို့နယ်၊ ဒူယားကျေးရွာမှ အသက် (၄၃) နှစ်ခန့်ရှိ နိုင်လှိုင် ဆိုသူဖြစ်သည်ဟု ညီမဖြစ်သူက ပြောကြားခဲ့ပါသည်။

နိုင်လှိုင်သည် ဗိုက်အောက်ဝေဒနာဖြင့် ယခုလ (၁၁) ရက်နေ့တွင် နာမည်ကြီးသော ငွေမိုးဆေးကုခန်းသို့ တက်ရောက်ကုသခံခဲ့ရာ ထိုနေ့ ညနေ (၃) နာရီခန့်တွင် အူအတက်ပေါက်ရောဂါဖြင့် ခွဲစိတ်ခံရအပြီး သတိပြန်လည်ကာ စကားပြောဆိုနိုင်ခဲ့ကာ အခြေအနေကောင်းမွန်ခဲ့သည်ဟု ဆိုကြပါသည်။

သို့ရာတွင် ည(၈) နာရီခန့်၌ ဗိုက်တွင်နာကျင်မှုဝေဒနာ ပြန်လည်ခံစားရပြီး ည(၁၁) နာရီကျော်တွင် သေဆုံးသွားသည်ဟု ကာယကံရှင်မိသားစုဝင်များက ပြောပြခဲ့သည်။

နိုင်လှိုင် သေဆုံးပြီးနောက် မိနစ်ပိုင်းအတွင်း မော်လမြိုင်မြို့၊ ပိန္နဲကုန်းသုဿန်၌ သဂြိုလ်ရန် ဆေးခန်းမှစီစဉ်ခဲ့ရာ ကာယကံရှင်များ အပြင်းအထန်ကန့်ကွက်သည့်အတွက် နောက်တစ်နေ့၊ နေ့လည်(၁၂) တွင် အသုဘချခဲ့သည်။

ခွဲစိတ်ခမှာ ငွေ(၇) သိန်းကုန်ကျခဲ့ရပြီး သဂြိုလ်စရိတ်မှာ နှစ်သိန်းခွဲတောင်းခံခဲ့သော်လည်း ငါးသောင်းကျပ်ဖြင့် ဈေးတည့်ခဲ့သည်ဟု ဆိုပါသည်။

ငွေမိုးအထူးဆေးကုခန်းမှ ဖုန်းကိုင်သူတစ်ဦးက ဤကိစ္စကိုပြောပြရန် ငြင်းပါသည်။

ဝါရင့်အထွေအထွေကု ဆရာဝန်တစ်ဦးက “အထူးကုဆရာဝန်သစ်တွေဟာ ဘာရောဂါဘဲဖြစ်ဖြစ် ခွဲစိတ်ဖို့ဘဲ အားသန်ကြတယ်၊ ငွေလည်းရများတာကိုး၊ မခွဲသင့်လည်းခွဲတော့ မလိုလားအပ်တာတွေ နောက်ဆုံးလူနာအသက်ပါဆုံးတဲ့အထိ ဖြစ်ခဲ့တာတွေ အရေအတွက်မနည်းတော့ပါဘူး၊ အခုလို ဗမာစကားကောင်းကောင်း မပြောတတ်တဲ့ တောရွာကလူတွေဆိုတော့ ပိုဆိုးတာပေါ့၊ နောက်ဆုံး ကံတရားနဲ့ဘဲ ဖြေသိမ့်ရတာပေါ့ဗျာ” ဟု မှတ်ချက်ချ ပြောခဲ့၏။

 

သတင်း ဖေဖေါ်ဝါရီ ၂၀၁၀



သတင်း ဖေဖေါ်ဝါရီ ၂၀၁၀


ဗုံးပေါက်ခွဲမှုလက်သည်တရားခံကို ကေအာန်ယူလက်ချက်ဟု စစ်အစိုးရမှစွပ်စွဲ

သံဖြူဇရပ်မြို့နေကျောင်းသားတစ်ဦးကို DKBA ဂိတ်မှူးမှ ရိုက်နှိက်

ကြက်ငှက်ဝက်တုတ်ကွေးရောဂါဆိုင်ရာ သတိပေးနှိုးဆော်ချက်ထုတ်ပြန်

ခွဲစိတ်ခံလူနာတစ်ဦး ဆေးခန်းတွင်သေဆုံးခဲ့

KPF အဖွဲ့အတွင်းခေါင်းဆောင်ပြောင်းလဲရေးအတွက်အကြိုဆွေးနွေး

တိုင်းရင်းသားခေါင်းဆောင်တို့၏ ပြည်ထောင်စုနေ့ညစာစားပွဲ

တိုင်းရင်းသားများကိုယ့်အားကိုယ်ကိုးရန် မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦးမှတိုက်တွန်းထား

နိုင်ငံတော်မှချမှတ်ထားသည့်ဦးတည်ချက်အတိုင်း လုပ်ဆောင်မည်ဟုဒီကေဘီအေမှပြောဆို

ပြည်သူ့စစ်ကြေးကောက်ခံမှုအပေါ် မကျေနပ်သည့်ရွာသားတစ်ဦးဖမ်းဆီးသတ်ဖြတ်ခံရ

နအဖတပ်နှင့်ကျေးရွာပြည်သူ့စစ်တို့ပေါင်း၍ မွန်ခွဲထွက်များအားရှင်းလင်းသွားမည်ဟုဆို

မသန့်စင်သောငါးများ ဈေးတွင်ရောင်းချနေဆဲ

စစ်အစိုးရလှုပ်ရှားမှုအပေါ်သတိထားစောင့်ကြည့်နေရဟု မွန်ပြည်သစ်ပါတီဥက္ကဌကြီးမှပြောကြား

မွန်အမျိုးသားနေ့ပွဲတော် ပြည်တွင်းပြည်ပနေရာအနှံ့ကျင်းပ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views