အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
KPF အဖွဲ့အတွင်းခေါင်းဆောင်ပြောင်းလဲရေးအတွက်အကြိုဆွေးနွေး
သတင်း
KPF အဖွဲ့အတွင်းခေါင်းဆောင်ပြောင်းလဲရေးအတွက်အကြိုဆွေးနွေး
ဆူးပန်း၊ ကောင်းဝါ
ဖေဖေါ်ဝါရီ ၁၉၊၂၀၁၀။
                      အပစ်ရပ်ကရင်လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည့် KPFခေါ်ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အတွင်းပြောင်းလဲဖွဲ့စည်းရေးအတွက် မော်လမြိုင်မြို့ဖက်ခင်းရပ်ရှိ KPF ရုံးအတွင်း ဖေဖေါ်ဝါရီ (၁၇)ရက်တွင်  အစည်း အဝေး တခုပြုလုပ်ခဲ့ကြောင်း ဒေသခံတချို့မှ ပြောပါသည်။
                      အဆိုပါအစည်းအဝေးတွင် ဥက္ကဌစောသမူဟဲ၊  ဒုဥက္ကဌဗိုလ်မှူးကြီးဒေါဒေါ အတွင်းရေးမှူး မန်းအောင်တင်မြင့် ဒုဗိုလ်မှူးကြီးစောသြဘာ ဒုဗိုလ်မှူးကြီးအဲ့ဆေး ဗိုလ်မှူးဖါတဍာ ဗိုလ်မှူး စောဝါးချဲ့တို့တက်ရောက်ခဲ့ပြီး စစ်အစိုးရဘက်မှ စရဖ အဖွဲ့အရာရှိလည်း တက်ရောက်ခဲ့သည်ဟု  KPF နှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။
        “ဦးစောသမူဟဲက ရောဂါသည်းနေပြီး။ ဘန်ကောက်မှာဆေးကုသတာ ငွေတအားကုန်သွား ပေမဲ့မထူးဘူး။ သူ့ကင်ဆာရောဂါက ဦးခေါင်းကနေကြောရိုးအထိပြန့်နေပြီး အခုသူ့အိမ်မှာဘဲ အချိန်စောင့်နေရတယ်။ အဲဒီအစား ဗိုလ်မှူးကြီးဒေါဒေါကို ဥက္ကဌအဖြစ်အစားထိုးသွားဖို့ အကြို ဆွေးနွေးထားတယ်လို့သိရတယ်ဟု KPF နှင့် နီးစပ်သူ တစ်ဦးမှပြောပါသည်။
                      သို့ရာတွင် စရဖအရာရှိမှ KPF အတွင်းနယ်ခြားစောင့်တပ်ဖွဲ့ အသွင်းပြောင်းလဲရေးကိုသာ ဦးစားပေး ပြောဆိုခဲ့ကြောင်း အဆိုပါ KPF နှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။
                                           သီးခြားအတည်မပြုနိုင်သောသတင်းအရ လာမည့်ဖေဖေါ်ဝါရီ(၂၁)ရက်နေ့တွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှနေ၍ KPFခေါင်းဆောင်များကို နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး အတွက်သီးခြားတွေ့ဆုံဆွေးနွေးမည်ဟု မော်လမြိုင်မြို့ရှိ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတစ်ဦးမှ ပြောပါသည်။
သတင်း ဖေဖေါ်ဝါရီ ၂၀၁၀
သတင်း ဖေဖေါ်ဝါရီ ၂၀၁၀
ဗုံးပေါက်ခွဲမှုလက်သည်တရားခံကို ကေအာန်ယူလက်ချက်ဟု စစ်အစိုးရမှစွပ်စွဲ
သံဖြူဇရပ်မြို့နေကျောင်းသားတစ်ဦးကို DKBA ဂိတ်မှူးမှ ရိုက်နှိက်
ကြက်ငှက်ဝက်တုတ်ကွေးရောဂါဆိုင်ရာ သတိပေးနှိုးဆော်ချက်ထုတ်ပြန်
ခွဲစိတ်ခံလူနာတစ်ဦး ဆေးခန်းတွင်သေဆုံးခဲ့
KPF အဖွဲ့အတွင်းခေါင်းဆောင်ပြောင်းလဲရေးအတွက်အကြိုဆွေးနွေး
တိုင်းရင်းသားခေါင်းဆောင်တို့၏ ပြည်ထောင်စုနေ့ညစာစားပွဲ
တိုင်းရင်းသားများကိုယ့်အားကိုယ်ကိုးရန် မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦးမှတိုက်တွန်းထား
နိုင်ငံတော်မှချမှတ်ထားသည့်ဦးတည်ချက်အတိုင်း လုပ်ဆောင်မည်ဟုဒီကေဘီအေမှပြောဆို
ပြည်သူ့စစ်ကြေးကောက်ခံမှုအပေါ် မကျေနပ်သည့်ရွာသားတစ်ဦးဖမ်းဆီးသတ်ဖြတ်ခံရ
နအဖတပ်နှင့်ကျေးရွာပြည်သူ့စစ်တို့ပေါင်း၍ မွန်ခွဲထွက်များအားရှင်းလင်းသွားမည်ဟုဆို
မသန့်စင်သောငါးများ ဈေးတွင်ရောင်းချနေဆဲ
စစ်အစိုးရလှုပ်ရှားမှုအပေါ်သတိထားစောင့်ကြည့်နေရဟု မွန်ပြည်သစ်ပါတီဥက္ကဌကြီးမှပြောကြား
မွန်အမျိုးသားနေ့ပွဲတော် ပြည်တွင်းပြည်ပနေရာအနှံ့ကျင်းပ
Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views