အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
မွန်အမျိုးသားနေ့ပွဲတော် ပြည်တွင်းပြည်ပနေရာအနှံ့ကျင်းပ
သတင်း

မွန်အမျိုးသားနေ့ပွဲတော် ပြည်တွင်းပြည်ပနေရာအနှံ့ကျင်းပ

မင်းထက်အောင်၊ ကောင်းဝါ
ဖေဖေါ်ဝါရီ ၁၊၂၀၁၀။

မင်းထက်အောင်(ဖေဖေါ်ဝါရီ-၁)။    ။ ယခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင်ကျရောက်သော (၆၃) ကြိမ်မြောက်မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားများကို ပြည်တွင်းနှင့်ပြည်ပရှိမွန်တိုင်းရင်းသားများနေထိုင်ရာ နေရာဒေသအနှံ့အပြားတွင် ကျင်းပခဲ့ကြကြောင်း သတင်းထုတ်ပြန်ပေးပို့ချက်နှင့် ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

မွန်ပြည်သစ်ပါတီကျင်းပသောမွန်အမျိုးသားနေ့အခမ်းအနား စစ်ရေးပြမြင်ကွင်း
(ပုံ-ကောင်းဝါ) မွန်ပြည်သစ်ပါတီကျင်းပသောမွန်အမျိုးသားနေ့အခမ်းအနား စစ်ရေးပြမြင်ကွင်း

ပြည်တွင်း၌ မွန်စာပေယဉ်ကျေးမှုအဖွဲ့များမှကြီးမှူး၍ မွန်တိုင်းရင်းသားတစ်ရပ်လုံးအား ကိုယ်စားပြုသော ဗဟိုကျင်းပရေးကော်မတီမှဦးဆောင်၍ ရေးမြို့နယ်မြောက်ပိုင်း လမိုင်းမြို့နယ်ခွဲတွင်ကျင်းပခဲ့ရာ အလွန်စည်ကားကြောင်း တက်ရောက်သူများ ပြောပြသည်။

ထို့အပြင် သက်ဆိုင်ရာ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့်ဆင့် အသီးသီးတို့တွင်လည်း မွန်အမျိုးသားနေ့ကျင်းပရေး (ဗဟို)၏လမ်းညွှန်မှုဖြင့် အလံတင်အခမ်းအနားများ တစ်ပြိုင်တည်းကျင်းပခဲ့ကြသည်။
မွန်ပြည်သစ်ပါတီမှလည်း ဘုရားသုံးဆူနယ်စပ်အနီး မွန်ပြည်သစ်ပါတီထိမ်းချုပ်ရာ ဂျပန်ရေတွင်းရွာတွင် စစ်ချီအခမ်းအနားဖြင့်ကျင်းပရာ ဥက္ကဌကြီးနိုင်ထောမွန်က ၄င်း၏သဝဏ်လွှာကို ဖတ်ကြားခဲ့သည်ကို တွေ့ရသည်။
ထို့အတူ မွန်ပြည်သစ်ပါတီ ခရိုင်ရုံးများတွင်လည်း အခမ်းအနားများ ကျင်းပခဲ့ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံမဟာချိုင်တွင်လည်း ထင်ရှားသောမွန်တေးဂီတသမားများက မွန်အမျိုးသားနေ့ အခမ်းအနားပွဲတော်သို့ လာရောက်သီဆိုခဲ့ကြသည်ဟု သိရသည်။ မဲဆောက်မြို့နှင့် အခြားအစုအဖွဲ့ဒေသနေရာ အတော်များများတွင်လည်း အခမ်းအနားများ ကျင်းပခဲ့ကြသည်ကို ကြားသိရသည်။

၎င်းအပြင် အမေရိကန်ပြည်ထောင်စု၊ သြစတေလျား၊ နယူးဇီလန်၊ စင်ကာပူ၊ ဂျပန်နှင့် တောင်ကိုးရီးယားတို့တွင်လည်း ကျင်းပခဲ့ကြပြီး ဖြစ်သည်။

အလားတူ ဥရောပနိုင်ငံများဖြစ်ကြသည့် နယ်သာလန်၊ ဂျာမဏီ၊ ဖင်လန်နိုင်ငံတို့တွင်လည်း ကျင်းပပြီးစီးခဲ့ပြီး ဖြစ်သည်။

လာမည့် မတ်လပထမပတ်တွင် အင်္ဂလန်၌ မွန်အမျိုးသားနေ့အခမ်းအနားတစ်ရပ်ကို ဆက်လက်ကျင်းပ သွားမည်ဟု ဖိတ်စာများပေးပို့ထားချက်အရ သိရသည်။ ကနေဒါတွင် နောက်အပတ်၌ ကျင်းပသွားမည်ဟု သိရသည်။

မလေးရှားနိုင်ငံပီနန်ကျွန်းတွင်လည်း မွန်အဆိုတော်များဖြင့် စည်ကားစွာကျင်းပခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း ကွာလာလန်ပူ၌ ဆက်လက်ကျင်းပခဲ့သည်ဟု သိရှိရပါသည်။

(ပုံ-ကောင်းဝါ) မွန်ပြည်သစ်ပါတီဥက္ကဌကြီးနိုင်ထောမွန် သဝဏ်လွှာဖတ်ကြားနေစဉ်

မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကာလကပင် နိုင်ငံရေးအသိနိုးကြားသော အနယ်နယ်အရပ်ရပ်၊ အဖွဲ့အစည်းအသီးသီးမှ မွန်မျိုးချစ်ခေါင်းဆောင်များစုစည်းပြီး မွန်အမျိုးသားညီလာခံတစ်ရပ်ကို သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင်ကျင်းပခဲ့ရာ မွန်ဘုရင်သမလ၊ ဝိမလမင်း ပဲခူးမြို့ဟံသာဝတီ မွန်နေပြည်တော်ကို စတင်တည်ထောင်သည့် သာသနာသက္ကရာဇ် (၁၁၁၆) ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကိုအစွဲပြုပြီး မွန်အမျိုးသားနေ့ကိုသတ်မှတ်ဆုံးဖြတ်ခဲ့ကြပြီး နှစ်စဉ်ကျင်းပခဲ့ကြသည်မှာ ယခုဆိုလျှင် (၆၃) ကြိမ်ပြည့်မြောက်ခဲ့ပြီး ဖြစ်သည်။

 


သတင်း ဖေဖေါ်ဝါရီ ၂၀၁၀



သတင်း ဖေဖေါ်ဝါရီ ၂၀၁၀


ဗုံးပေါက်ခွဲမှုလက်သည်တရားခံကို ကေအာန်ယူလက်ချက်ဟု စစ်အစိုးရမှစွပ်စွဲ

သံဖြူဇရပ်မြို့နေကျောင်းသားတစ်ဦးကို DKBA ဂိတ်မှူးမှ ရိုက်နှိက်

ကြက်ငှက်ဝက်တုတ်ကွေးရောဂါဆိုင်ရာ သတိပေးနှိုးဆော်ချက်ထုတ်ပြန်

ခွဲစိတ်ခံလူနာတစ်ဦး ဆေးခန်းတွင်သေဆုံးခဲ့

KPF အဖွဲ့အတွင်းခေါင်းဆောင်ပြောင်းလဲရေးအတွက်အကြိုဆွေးနွေး

တိုင်းရင်းသားခေါင်းဆောင်တို့၏ ပြည်ထောင်စုနေ့ညစာစားပွဲ

တိုင်းရင်းသားများကိုယ့်အားကိုယ်ကိုးရန် မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦးမှတိုက်တွန်းထား

နိုင်ငံတော်မှချမှတ်ထားသည့်ဦးတည်ချက်အတိုင်း လုပ်ဆောင်မည်ဟုဒီကေဘီအေမှပြောဆို

ပြည်သူ့စစ်ကြေးကောက်ခံမှုအပေါ် မကျေနပ်သည့်ရွာသားတစ်ဦးဖမ်းဆီးသတ်ဖြတ်ခံရ

နအဖတပ်နှင့်ကျေးရွာပြည်သူ့စစ်တို့ပေါင်း၍ မွန်ခွဲထွက်များအားရှင်းလင်းသွားမည်ဟုဆို

မသန့်စင်သောငါးများ ဈေးတွင်ရောင်းချနေဆဲ

စစ်အစိုးရလှုပ်ရှားမှုအပေါ်သတိထားစောင့်ကြည့်နေရဟု မွန်ပြည်သစ်ပါတီဥက္ကဌကြီးမှပြောကြား

မွန်အမျိုးသားနေ့ပွဲတော် ပြည်တွင်းပြည်ပနေရာအနှံ့ကျင်းပ

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views