အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတပ် ဆက်လက်တိုက်ပွဲဖြစ်နေဆဲ
သတင်း
Share |

ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတပ် ဆက်လက်တိုက်ပွဲဖြစ်နေဆဲ

နော်အဲဏီ၊ ကောင်းဝါ
တန်ဆောင်မုန်းလဆုတ် ၁၅ရက်။ဒီဇင်ဘာ ၆၊၂၀၁၀။

နောအဲဏီ(ဒီဇင်ဘာ-၆)။    ။ မြန်မာစစ်အစိုးရတပ် ခမရ(၄၀၁)တပ်ရင်းအခြေချသော ဝေါ်လေစခန်းကို ဒီဇင်ဘာလ(၆)ရက်နေ့လည် (၂)နာရီအချိန်တွင်ဒီကေဘီအေတပ်မှ ၀င်ရောက်တိုက်ခိုက်ခဲ့ပါသည်။

၎င်းတိုက်ပွဲတွင် ဝေါ်လေစခန်းတွင်ရှိသော နအဖ တပ်ကို ဒီကေဘီအေ တပ်ရင်း (၉၀၉) ဒုတပ်ရင်းမှူး ဗိုလ်မှူး စောချမုစေး ၊ တပ်ခွဲမှူး စောသန်းထွန်း ဦးဆောင်သောအဖွဲ့က မိနစ် (၂၀) ၀န်းကျင်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ၄င်းတိုက်ပွဲကိုဦးဆောင်ခဲ့သော ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမုစေးက ပြောပါသည်။

“ကျနော်တို့ဘက်က အကျအဆုံးမရှိဘူး၊ သူတို့ဘက်ကတော့ မသိဘူး၊ အော်ဆဲသံတွေပဲ ကြားတယ်၊ တိုက်ပွဲကတော့ ဆက်ဖြစ်မယ့်အလားအလာတော့ ရှိနေတယ်”

ယနေ့မနက်ပိုင်းတွင် မြ၀တီမြို့နှင့်တစ်မိုင်ခန့်အကွာမှာရှိသော မေတ္တာလေးမြိုင်တွင်လည်း ဗျူဟာမှူး စောကျော်သက်  ဦးဆောင်သော ဒီကေဘီအေအဖွဲ့နှင့်  ခမရ (၃၅၆)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဗျူဟာ (၁) မှူး ဗိုလ်မှူးကြီး စောကျော်သက်က ပြောပါသည်။

ထို့အပြင်ဒီဇင်ဘာ(၅) ရက်နေ့ည(၈)နာရီခွဲအချိန်တွင်လည်း ဘီဂျီအက်ဖ်(ခေါ်)အစိုးရ၏ နယ်ခြားစောင့် တပ်အစီအစဉ်ကို လက်ခံသည့် ဒီကေဘီအေအဖွဲ့အခြေချရာ ကော့ကရိတ်မြို့အထွက်၌ရှိသော ကြောင်လျှာကုန်း စခန်းကို ဒီကေဘီအေဗျူဟာ(၁) မှတပ်ဖွဲ့တချို့နှင့်  ကေအဲန်ယူတပ်ရင်း (၁၈)တို့ပူးပေါင်းပြီး နာရီဝက်ခန့် ၀င်ရောက်ပစ်ခတ်ခဲ့သည်ဟု ဗိုလ်မှူးကြီး စောကျော်သက်ကဆိုပါသည်။

အလားတူ ဒီဇင်ဘာ (၅)ရက်နေ့ညနေ ၅ နာရီ မိနစ် ၄၀ အချိန်တွင် ဒီကေဘီအေဗျူဟာ (၁) စစ်ဆင် ရေးမှူး ဂျီတူး ဗိုလ်မှူးဆန်းအောင် ဦးဆောင်သောအဖွဲ့နှင့် နအဖ ခမရ (၂၃၀) ၊ ခမရ (၅၄၇) တို့ မြ၀တီခရိုင် ၊ ဖလူးလေးတောင်ဘက် တပ်ခေါ်ကျိုးတောင်တန်းမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု ဗိုလ်မှူး ဆန်းအောင်က ပြောပါသည်။

“တစ်ကြိမ်ပဲနော် ၊ သူတို့ကကျနော်တို့ကို ပစ်တယ်။ ကျနော်တို့က သူတို့ကို ပြန်ပစ်တယ်။ သူပစ်ငါပစ်နဲ့ပေါ့။ အဲဒီနေရာ ခေါင်းပါးတယ် အိမ်လည်းမရှိ ၊ရွာလည်းမရှိဘူးနော်။ တောင်ကျောထဲမှာ ပစ်ကြတယ်။ ဒီနေရာတွေက ဟိုးအရင်က စစ်ပွဲနေရာတွေပဲ။ သူတို့က အဲဒီတောင်ကျောအတိုင်းသူ တို့လာတယ်။ သူတို့မထင်မှတ်ဘူး သူတို့လာတဲ့နေရာ ရေမရှိဘာမရှိ မလာနိုင်ဘူးထင်ပြီး သူတို့အဲဒီ တောင်ကြောကနေ ကျနော်တို့ကို ကပ်တယ်။ ဒါကျနော်တို့ဟာ ပြန်ပြီးတော့ အရှေ့က ဖြတ်စောင့်ဖို့ဟာ မမှီလိုက်ဘူးနော်။ ရင်ဆိုင်လို့ပြောလို့ရတယ်။ ဒါပေမယ့် တိုက်ပွဲကြီးလို့ ပြောလို့မရဘူး။ ပစ်ခတ်ဖို့ နေရာလည်းမကောင်းဘူးဆိုတော့ ကျနော်တို့ ပြန်ဆုတ်ပေးလိုက်တယ်”

စစ်အစိုးရတပ်နှင့် ဒီကေဘီအေတပ်ဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာ(၇)ရက်နေ့ မြ၀တီမြို့တွင်း တိုက်ပွဲ ဖြစ်ရာကနေ ယနေ့အထိ ကြိုကြား ပစ်ခတ်နေဆဲဖြစ်ပါသည်။ သို့သော် ယခုမူ ဒီကေဘီအေ တပ်ဖွဲ့များသည် ကေအဲန်ယူတပ် ဖွဲ့များနှင့် ပူးပေါင်းစစ်ဆင်မှုတွေ ရှိလာနေပါသည်။ နအဖတပ်များသည် ဝေါ်လေစခန်းရောက် တပ်ဖွဲ့များအတွက် ဆေးဝါးရိက္ခာပို့မည့် အစီအစဉ်အခုထိ မအောင်မြင်သေးသလို ဆက်လက်ပြီးလည်း တိုက်ပွဲဖြစ်နေအုံးမည့်အနေအထားတွင်ရှိနေသည်ဟု နယ်စပ်စစ်ရေးအကဲခတ်သူများမှ သုံးသပ်ထားပါသည်။


သတင်း ဒီဇင်ဘာ-၂၀၁၀
သတင်း ဒီဇင်ဘာ-၂၀၁၀


ဘုရားသုံးဆူကုန်းလမ်းရေလမ်းကြောင်းကို ထပ်မံပိတ်ပင်လိုက်ပြီး

လက်နက်ချဒီကေဘီအေတပ်မှူးအချို့ အရေးယူခံရမည်ဟုသတင်းထွက်ပေါ်

စစ်အစိုးရ တပ်ခေါ်ကျိုးခြေကုပ်စခန်းကို ဒီကေဘီအေက သိမ်းပိုက်

လက်နက်ချနိုင်ရှောင်အဖွဲ့သားများ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များ မဟုတ်ကြောင်းသတင်းစာရှင်းလင်း

စစ်အစိုးရတပ်နှင့် ဒီကေဘီအေတိုက်ပွဲပိုပြင်းထန်လာ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ ဒုတိယအကြိမ်လက်နက်အပ်နှံ

ထိုင်းမြန်မာ ဘုရားသုံးဆူဂိတ်ပြန်ဖွင့်ပြီ

ဘုရားသုံးဆူရေကြောင်းလမ်းပြန်လည်ဖွင့်သော်လည်း အကောက်ခွန်တိုးမြင့်လာ

ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတပ် ဆက်လက်တိုက်ပွဲဖြစ်နေဆဲ

ထိုင်းနယ်မြေသို့ဝင်ရောက်လာသည့်မြန်မာစစ်အရာရှိနှစ်ဦး ဂတုံး(ခေါင်းတုံး)တုန်းအပြစ်ပေးခံ

လက်နက်ချနိုင်ရှောင်းအဖွဲ့ စစ်အစိုးရတပ်နှင့်အတူစစ်ဆင်ရေးလှုပ်ရှားရန်သဘောတူ

မြ၀တီမြို့နယ်အတွင်း နအဖတပ်နှင့် ဒီကေဘီအေတပ်များ ဆက်လက်တိုက်ပွဲဖြစ်နေဆဲ

ဇေကမ္ဘာကုမ္ပဏီမှသိမ်းဆီးမြေအတွက်လျှော်ကြေးငွေ ပေးသော်လည်း ရွာသားများမကျေနပ်

လက်နက်ချကရင်လက်နက်ကိုင်တပ်ဖွဲ့အချို့ တဖန်လက်နက်ပြန်ချ

ဘုရားသုံးဆူဒေသနအဖစစ်ကူတပ်ဖွဲ့ အပြစ်မဲ့ဒေသခံများအားသတ်ဖြတ်မှုများပြုလုပ်ခဲ့

ဘုရားသုံးဆူမှဒဏ်ရာရမြန်မာစစ်သားလေးဦး ထားဝယ်၌ဆေးဝါးကုသရန်ထိုင်းနယ်မြေဖြတ်သန်းခွင့်ပြု

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views