အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဇေကမ္ဘာကုမ္ပဏီမှသိမ်းဆီးမြေအတွက်လျှော်ကြေးငွေ ပေးသော်လည်း ရွာသားများမကျေနပ်
သတင်း
Share |

ဇေကမ္ဘာကုမ္ပဏီမှသိမ်းဆီးမြေအတွက်လျှော်ကြေးငွေ ပေးသော်လည်း ရွာသားများမကျေနပ်

စိုးစိုး၊ ကောင်းဝါ
တန်ဆောင်မုန်းလဆုတ် ၁၃ရက်။ဒီဇင်ဘာ ၄၊၂၀၁၀။

စိုးစိုး(ဒီဇင်ဘာ-၄)။ ။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ နှီးတုန် ကော့ဒွန်း ကော့ပနော်ကျေးရွာမှ ရွာသားများ၏ ခြံမြေ များကို ဇေကမ္ဘာကုမ္ပဏီကနေ ဘိလပ်မြေစက်ရုံဆောက်လုပ်ရန်အတွက် သိမ်းဆည်းခဲ့တဲ့အပေါ် လယ်ယာခြံမြေ အသိမ်းဆည်းခံရသူတွေက နေပြည်တော်အထိတိုင်တန်းခဲ့မှုကြောင့် ဒီဇင်ဘာ(၃)ရက်နေ့တွင် လျော်ကြေးပေး နေခဲ့ပြီးဟုဒေသခံများမှပြောပါသည်။

ပုံ-ကောင်းဝါ၊ ဘိလပ်မြေထုတ်လုပ်မည့် ပျားတောင်ပုံ

သို့ရာတွင်လျော်ကြေးပေးသည့်နှုန်းထားနည်းနေသောကြောင့် လယ်သမား များ ကျေနပ်မှုမရှိဟု လယ်သမားအရေးကူညီဆောင်ရွက်ပေးသူ မွန်ဆရာတော် တစ်ပါးကပြောကြားခဲ့ပါသည်။

"ဧကပေါင်း(၄၀၀)နီးပါးလောက်ရှိတယ်။ လယ်သမားတွေကဦးရေ(၃၀)ကျော်ကျော်လောက်တော့ရှိမယ်။ ဇေကမ္ဘာကုမ္ပဏီကလေ။ နှီးတုန်ကိုဆင်းလာပြီးတော့သူတို့ကလယ်သမားတွေနဲ့ အဲတာ ဈေးနှုန်းပေးကြမယ်လို့ သူတို့ကပြောတော့တစ်ဧကကို သုံးသိန်းခွဲနဲ့ယူမလို့တဲ့။ နောက်ပြီးတော့ လယ်သမားတွေကတော့ သူတို့က နဲနဲ နည်းတယ်ဆိုတော့ သူတို့ကသိပ်ပြီးတော့မပေးချင်ကြဘူးပေါ့လေ။"

လက်ရှိပေါက်ဈေးအရ လယ်မြေတစ်ဧကလျှင် (၈)သိန်းနဲ့(၁၀)သိန်းဝန်းကျင်ရှိနေသည်ဟု လယ်သမား တစ်ဦးကပြောပါတယ်။ ဇေကမ္ဘာကုမ္ပဏီအနေနဲ့ ယခုလိုလယ်ယာခြံမြေတွေကိုသိမ်းဆည်းပြီး လျော်ကြေး ပေးနေ သည်ဆိုသော်လည်း လယ်အသိမ်းခံလယ်သမားများရှေ့ဆက်ဘ၀အတွက် ထိခိုက်နစ်နာနေသည်ဟု လယ်အသိမ်း ခံသူတစ်ဦးမှပြောပါသည်။

"ဘယ်လိုထိခိုက်မလဲဆိုတော့ လယ်သမားတွေဟာ သူတို့လယ်ကိုဘဲအားကိုးပြီးတော့ အသက်ရှင် နေကြတော့လေ။ မိုးစပါးရော နွေစပါးရော နောက်မြေပဲရော အချိန်မရွေးစိုက်လို့ရတဲ့ အတွက်ကြောင့် ဒီလယ်မရှိဘူးဆိုရင် ဘာလုပ်စားရမလဲ။ ဒီလယ်ကိုအသိမ်းခံရပြီးတော့ တခြားစီးပွါးရေးတခုခု ပြောင်းလုပ် ဖို့ကလဲ ကုမဏြီကလျော်ပေးတာနဲနဲဘဲဆိုတော့ တခြားအလုပ်ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။"

(၂၀၁၀)ခုနှစ်အောက်တိုဘာလလောက်တွင် ဇေကမ္ဘာကုမ္ပဏီအပါဝင်(၆)ဦးစပ်ကုမ္ပဏီတို့သည် ကျိုက်မ ရောမြို့နယ် ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ရွာသားများ၏ခြံမြေဧက(၆၀၀)လောက်ကို မြို့နယ်အာဏာပိုင် များနှင့် ပူးပေါင်းပြီးတိုင်းတာသိမ်းယူခဲ့သည်။

၎င်းအပေါ်မှာ ဒေသခံရွာသားများမှမကျေမနပ်ဖြစ်ပြီး နေပြည်တော် အထိ တက်ရောက်တိုင်ကြားခဲ့သည်။

အဆိုပါတိုင်းတန်းမှုကြောင့် လယ်ဧက(၄၀၀)လောက်သာသိမ်းခဲ့ပြီး သိမ်းဆည်းလယ်မြေအတွက် လျော်ကြေးပေးခဲ့သည်ဟု အကျိုးဆောင်ဆရာတော်မှမိန့်ကြားခဲ့ပါသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ပျားတောင်ကြီးသည် ဘိလပ်မြေထုတ်လုပ်ရန် ကောင်းမွန် သည့် ကျောက်တောင်ဖြစ်သည်ဟု ကွင်းဆင်းလေ့လာခဲ့ဖူးသော ဘူမိဗေဒပညာရှင်များက ပြောပါသည်။

(၁၉၉၆)ခုနှစ်က အင်ဒိုနီးရှားသမ္မတဆူဟာတိုမိသားစုတွေပိုင်ကုမ္ပဏီကနေ ဘိလပ်မြေစက်ရုံဆောက်ရန်အတွက် မြန်မာစစ်အစိုးရ နှင့်နှစ်ဘက် သဘောတူညီမှုတွေရှိခဲ့သည်။

သို့သော် အင်ဒိုနီးရှားနိုင်ငံ၏ ပြောင်းလဲသွားသော နိုင်ငံရေး အခြေ အနေကြောင့် အဆိုပါဘိလပ်မြေစက်ရုံ တည်ဆောက်ရေးစီမံကိန်းရပ်တန့်သွားခဲ့သည်။

ယခုလို ဇေကမ္ဘာကုမ္ပဏီ ကနေ ဘိလပ်မြေစက်ရုံတည်ဆောက်ရေးစီမံကိန်းကို ပြန်လည်လုပ်ကိုင်ခြင်းသည် စစ်အစိုးရမှ ကြောထောက် နောက်ခံပေးထားသည့် ကုမ္ပဏီဖြစ်သည့်အတွက်ဟု စီးပွါးရေးလုပ်ငန်းရှင်များမှ သုံးသပ်ပြောဆိုပါသည်။

အလားတူ ကချင်ပြည်နယ်ဟူးကောင်းချိုင့်ဝှမ်းဒေသဘက်တွင်လည်း ဦးဌေးမြင့်ပိုင်ဆိုင်သည့် ယုဇနကုမ္ပဏီမှ ဒေသခံပြည်သူ များပိုင်ဆိုင်သည့် လယ်မြေဧက(၂)သိန်းလောက် သိမ်းယူမှုတွေရှိခဲ့သည်ဟု ဒေသခံများမှ ပြောပါသည်။


သတင်း ဒီဇင်ဘာ-၂၀၁၀
သတင်း ဒီဇင်ဘာ-၂၀၁၀


ဘုရားသုံးဆူကုန်းလမ်းရေလမ်းကြောင်းကို ထပ်မံပိတ်ပင်လိုက်ပြီး

လက်နက်ချဒီကေဘီအေတပ်မှူးအချို့ အရေးယူခံရမည်ဟုသတင်းထွက်ပေါ်

စစ်အစိုးရ တပ်ခေါ်ကျိုးခြေကုပ်စခန်းကို ဒီကေဘီအေက သိမ်းပိုက်

လက်နက်ချနိုင်ရှောင်အဖွဲ့သားများ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များ မဟုတ်ကြောင်းသတင်းစာရှင်းလင်း

စစ်အစိုးရတပ်နှင့် ဒီကေဘီအေတိုက်ပွဲပိုပြင်းထန်လာ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ ဒုတိယအကြိမ်လက်နက်အပ်နှံ

ထိုင်းမြန်မာ ဘုရားသုံးဆူဂိတ်ပြန်ဖွင့်ပြီ

ဘုရားသုံးဆူရေကြောင်းလမ်းပြန်လည်ဖွင့်သော်လည်း အကောက်ခွန်တိုးမြင့်လာ

ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတပ် ဆက်လက်တိုက်ပွဲဖြစ်နေဆဲ

ထိုင်းနယ်မြေသို့ဝင်ရောက်လာသည့်မြန်မာစစ်အရာရှိနှစ်ဦး ဂတုံး(ခေါင်းတုံး)တုန်းအပြစ်ပေးခံ

လက်နက်ချနိုင်ရှောင်းအဖွဲ့ စစ်အစိုးရတပ်နှင့်အတူစစ်ဆင်ရေးလှုပ်ရှားရန်သဘောတူ

မြ၀တီမြို့နယ်အတွင်း နအဖတပ်နှင့် ဒီကေဘီအေတပ်များ ဆက်လက်တိုက်ပွဲဖြစ်နေဆဲ

ဇေကမ္ဘာကုမ္ပဏီမှသိမ်းဆီးမြေအတွက်လျှော်ကြေးငွေ ပေးသော်လည်း ရွာသားများမကျေနပ်

လက်နက်ချကရင်လက်နက်ကိုင်တပ်ဖွဲ့အချို့ တဖန်လက်နက်ပြန်ချ

ဘုရားသုံးဆူဒေသနအဖစစ်ကူတပ်ဖွဲ့ အပြစ်မဲ့ဒေသခံများအားသတ်ဖြတ်မှုများပြုလုပ်ခဲ့

ဘုရားသုံးဆူမှဒဏ်ရာရမြန်မာစစ်သားလေးဦး ထားဝယ်၌ဆေးဝါးကုသရန်ထိုင်းနယ်မြေဖြတ်သန်းခွင့်ပြု

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views